ကလေးတွေရဲ့ ကျရှုံးမှာကြောက်တဲ့ စိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ ဘယ်လိုကူညီပေးမလဲ?

0
81
- Advertisement -

ကလေးတွေအတွက် စာမေးပွဲချိန်ဆိုတာ ကျော်လွှားဖို့ အရမ်းကိုကြီးမားလွန်းတဲ့ အချိန်ဖြစ်ပါတယ်။ လူတိုင်းဟာ စာမေးပွဲချိန်ကို ဖြတ်သန်းနိုင်စွမ်းရှိတယ်လို့ မခံစားရတာကြောင့်လည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျရှုံးမှာကြောက်တဲ့စိတ်ဟာ စာမေးပွဲကာလအတွင်းမှာ သူတို့ကို စိတ်ဖိစီးမှုတွေ ဖြစ်စေပြီး ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ မေမေတို့အနေနဲ့ ကလေးတွေရဲ့ စိုးရိမ်စိတ်ကို ဘယ်လိုကူညီနိုင်မလဲဆိုတာ စဉ်းစားနေရင် ဒီဆောင်းပါးကနေ အရမ်းလက်တွေ့ကျတဲ့ အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။

စိုးရိမ်သောကဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ်ဆိုတာ မှန်ပါတယ်။ တကယ်လို့ သူတို့ကို လိုအပ်တဲ့ အကူအညီပေးမယ်ဆိုရင် သူတို့ရဲ့ စာသင်နှစ်ကို ဘာအခက်အခဲမှမရှိ ပြီးမြောက်နိုင်ပါလိမ့်မယ်။

၁။ ကလေးက စာမေးပွဲကျမှာကို ကြောက်ကြောင်းပြောတဲ့အခါ သူတို့လုပ်နိုင်တယ်လို့ လက်ခံယုံကြည်စေပါ။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို မကြာခဏ ပြောဖို့ သူတို့ကို အားပေးပါ။ ဥပမာ- ” ‘I can do it’ ငါလုပ်နိုင်တယ်” ဆိုတာမျိုးဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးပါလိမ့်မယ်။

၂။ ကလေးအား relax ဖြစ်စေမယ့်နည်းကို သင်ပေးပါ။အကောင်းဆုံးနည်းကတော့ စက္ကန့်အနည်းငယ်လောက် အသက်ပြင်းပြင်း ရှုထုတ်တာဖြစ်ပါတယ်။ ဒီနည်းစနစ်က ကလေးတွေကို relax ဖြစ်စေပြီး စာမေးပွဲအတွက် ကောင်းကောင်း ပြင်ဆင်နိုင်ပါတယ်။ မေမေတို့ အနီးအနားမှာ မရှိတဲ့ အချိန်တောင် သူတို့ကို သင်ပေးရပါမယ်။

လက်သည်းကိုက်တာ (သို့) အခြားအပြုအမှုတွေက သူတို့ကို စိတ်အေးအေးထားနိုင်စေတယ်လို့ ကလေးတွေ ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် ဆန့်ကျင့်ဘက် သက်ရောက်မှုအဖြစ် သူတို့ကို စိုးရိမ်ပူပန်မှုတွေ အများကြီးဖြစ်လာစေပါတယ်။

၃။ စာမေးပွဲ လေ့ကျင့်ပေးပါ။ ကလေးတွေကျရှုံးမှာကို ကြောက်တဲ့စိတ် ကျော်လွှားနိုင်ဖို့ လက်တွေ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ သူတို့ရဲ့ စာမေးပွဲမှာ ပေါ်လာမယ့် ဖြစ်နိုင်ချေရှိသော မေးခွန်းတွေကို စာရွက်တစ်ရွက်ပေါ်မှာ ရေးခိုင်းပါ။ ဒီနည်းလမ်းက သင့်ကလေးဟာ သူတို့ကို စောင့်ကြိုနေတဲ့ အရာများစွာကိုသိပြီး သူတို့ကိုယ်သူတို့ ပိုမိုယုံကြည်မှု ရှိလာပါလိမ့်မယ်။ ထို့အပြင် သူတို့ အဖြေမသိပါက မိဘတွေအနေနဲ့ သူတို့ကို ကူညီနိုင်ပါလိမ့်မယ်။

၄။ ကောင်းသော အလေ့အထတွေကို ဖန်တီးပေးပါ။ ကလေးကို ကောင်းစွာ ကျွေးမွေးဖို့နှင့် မကြာခဏ လေ့ကျင့်ခန်းလုပ်ခိုင်းဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းက သူတို့ကို အားရှိစေပြီး သူတို့ရဲ့ အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ကို တိုးတတ်စေပါလိမ့်မယ်။ သူတို့ လေ့လာမှတ်သားခဲ့တာတွေ မေ့ပျောက်သွားတော့မှာ မဟုတ်ပါဘူး။

သူတို့ရဲ့ အစားအသောက်ကသာ အရေးကြီးတာမဟုတ်ပါဘူး။ သူတို့မှာ study အလေ့အကျင့်ကောင်းတွေလည်း လိုအပ်ပါတယ်။ ကလေးတွေကို စာသင်နှစ်တစ်လျှောက်လုံး ပုံမှန်စာလုပ်ဖို့နှင့် စာမေးပွဲမဖြေခင် လအနည်းငယ်ကတည်းက စာလေ့လာဖို့နှင့် စာမေးပွဲမဖြေခင် ရက်အနည်းငယ်မှာ စာတွေကို ခြုံငုံသုံးသပ်ဖို့ မေမေတို့က ဂိုက်လိုင်းချ ပေးရပါမယ်။ သူတို့ကို တစ်နေ့တည်းမှာ စာအကုန်လုံးကို လေ့လာခွင့် မပြုပါနဲ့ ၊ ဒါက စိုးရိမ်ပူပန်မှုကို ပိုဖြစ်စေနိုင်ပါတယ်။

ထည့်သွင်းစဉ်းစားရမယ့် နောက်အရေးကြီးတဲ့ အချက်တစ်ခုက စာမေးပွဲနေ့မှာ ကျောင်းကို စောစောရောက်နေသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကားစီးချိန်နောက်ကျခြင်းဟာ သင့်ကလေးကို စိတ်ပင်ပန်းမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ သူတို့သိတဲ့ မေးခွန်းတွေသာ အရင်ဆုံးဖြေခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက စာမေးပွဲကို ကွက်လပ်အတိုင်းထားခြင်းအားဖြင့် ကျရှုံးမှာမဟုတ်ကြောင်း ကလေးကို သေချာစေပါတယ်။ သူတို့သိတဲ့ မေးခွန်းအားလုံးကို ဖြေပြီးတဲ့အခါမှာ သူတို့စိတ်သက်သာရာ ပိုရသွားပြီး သူတို့လေ့လာခဲ့တဲ့ အရာတွေကို မှတ်မိသွားပါလိမ့်မယ်။ သဒ္ဒါနှင့် စာလုံးပေါင်းအမှားတွေကို ပြင်ဆင်နိုင်ဖို့အတွက် အဖြေလွှာမထပ်ခင်မှာ ပြန်လည်စစ်ဆေးဖို့ သူတို့ကို သင်ပေးပါ။

အကယ်၍ သူတို့ စာမေးပွဲ မအောင်မြင်ပါက ကလေးရဲ့ အမှားတွေကို ဆရာအားမေးမြန်းဖို့နှင့် ထိုမေးခွန်းတွေကို မှန်ကန်စွာ ဖြေကြားပေးဖို့ သူတို့ကို ကူညီပေးပါ။ ကလေး အောင်သွားရင်လည်း ဂုဏ်ပြုဖို့ မမေ့ပါနဲ့နော်။ ဒီနည်းလမ်းက သူတို့ကို ပိုလှုံ့ဆော်မှု ခံစားရစေပါလိမ့်မယ်။

ကလေးတွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘယ်လိုဖော်ပြကြသလဲ?

စာမေးပွဲဖြေရတာဟာ ကလေးတွေကို စိုးရိမ်ပူပန်မှု အရမ်းဖြစ်စေနိုင်ပါတယ်။ ကျရှုံးမှာ ကြောက်တဲ့စိတ်ကြောင့် သူတို့ဟာ စာမေးပွဲလုံးဝမဖြေတော့တာ၊ သူတို့ရဲ့ စာလေ့လာမှုကို အရှုံးပေးဖို့ ဆုံးဖြတ်တာ စသဖြင့် အဆိုးရွားဆုံးတွေ ဖြစ်လာနိုင်ပါတယ်။

ကျောင်းတတ်နေစဉ်အတွင်း ကျရှုံးမှာစိုးရိမ်ကြခြင်း

ယုံကြည်ဖို့ ခက်ခဲပေမယ့် ထိုဆုံးရှုံးမှုကို ကြောက်ရွံ့သူတွေဟာ များသောအားဖြင့် စာတော်တဲ့ ကလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အောင်မြင်နိုင်စွမ်း မရှိလို့ မဟုတ်ပါဘူး။ မိဘတွေရဲ့ ဖိအားနှင့် ကျရှုံးမှာကို ကြောက်တဲ့စိတ်က အရမ်းပြင်းထန်တာကြောင့် ဖြစ်ပါတယ်။ ဒီအရာကို ဖော်ပြတဲ့ နည်းလမ်းတွေကတော့

ရုပ်ပိုင်းဆိုင်ရာ အဆင့်မှာ – သူတို့ဟာ ချွေးထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာမကြေပြဿနာများ၊ ပျို့အန်ခြင်း၊ အသက်ရှုကျပ်ခြင််း၊ အသက်ရှုရ ခက်ခဲခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ ခံစားရပါတယ်။

အမှုအကျင့် အဆင့်မှာ – သူတို့ရဲ့ အပြုအမှုတွေကိုတောင် ထိခိုက်နိုင်ပါတယ်။ သူတို့ဟာ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် အလွယ်တကူ စိတ်ဆိုးတာ ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ ဖြစ်နိုင်ပါတယ်။

cognitive အဆင့်မှာ – အာရုံစိုက်မှု ဆုံးရှုံးခြင်း၊ မေ့လျော့ခြင်း၊ သံသယတွေနှင့် မလုံခြုံမှု၊ ကွဲပြားသော အတွေးတွေ ခံစားရနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

ကေလးေတြရဲ႕ က်ရႈံးမွာေၾကာက္တဲ့ စိုးရိမ္စိတ္ကို ထိန္းခ်ဳပ္ဖို႔ ဘယ္လိုကူညီေပးမလဲ?
ကေလးေတြအတြက္ စာေမးပြဲခ်ိန္ဆိုတာ ေက်ာ္လႊားဖို႔ အရမ္းကိုႀကီးမားလြန္းတဲ့ အခ်ိန္ျဖစ္ပါတယ္။ လူတိုင္းဟာ စာေမးပြဲခ်ိန္ကို ျဖတ္သန္းႏိုင္စြမ္းရွိတယ္လို႔ မခံစားရတာေၾကာင့္လည္း ျဖစ္ပါတယ္။ ကေလးေတြရဲ႕ က်ရႈံးမွာေၾကာက္တဲ့စိတ္ဟာ စာေမးပြဲကာလအတြင္းမွာ သူတို႔ကို စိတ္ဖိစီးမႈေတြ ျဖစ္ေစၿပီး ဗိုက္ေအာင့္တာ၊ ေခါင္းကိုက္တာေတြကိုပါ ျဖစ္ေပၚေစပါတယ္။ ေမေမတို႔အေနနဲ႔ ကေလးေတြရဲ႕ စိုးရိမ္စိတ္ကို ဘယ္လိုကူညီႏိုင္မလဲဆိုတာ စဥ္းစားေနရင္ ဒီေဆာင္းပါးကေန အရမ္းလက္ေတြ႕က်တဲ့ အႀကံျပဳခ်က္ေတြကို မွ်ေဝေပးခ်င္ပါတယ္။

စိုးရိမ္ေသာကဟာ ကေလးေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ (သို႔) စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစႏိုင္တယ္ဆိုတာ မွန္ပါတယ္။ တကယ္လို႔ သူတို႔ကို လိုအပ္တဲ့ အကူအညီေပးမယ္ဆိုရင္ သူတို႔ရဲ႕ စာသင္ႏွစ္ကို ဘာအခက္အခဲမွမရွိ ၿပီးေျမာက္ႏိုင္ပါလိမ့္မယ္။

၁။ ကေလးက စာေမးပြဲက်မွာကို ေၾကာက္ေၾကာင္းေျပာတဲ့အခါ သူတို႔လုပ္ႏိုင္တယ္လို႔ လက္ခံယုံၾကည္ေစပါ။ အျပဳသေဘာေဆာင္တဲ့ စကားလုံးေတြကို မၾကာခဏ ေျပာဖို႔ သူတို႔ကို အားေပးပါ။ ဥပမာ- ” ‘I can do it’ ငါလုပ္ႏိုင္တယ္” ဆိုတာမ်ိဳးျဖစ္ပါတယ္။ ဒါက သူတို႔ရဲ႕ ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈကို ျမႇင့္တင္ေပးပါလိမ့္မယ္။

၂။ ကေလးအား relax ျဖစ္ေစမယ့္နည္းကို သင္ေပးပါ။အေကာင္းဆုံးနည္းကေတာ့ စကၠန္႔အနည္းငယ္ေလာက္ အသက္ျပင္းျပင္း ရႈထုတ္တာျဖစ္ပါတယ္။ ဒီနည္းစနစ္က ကေလးေတြကို relax ျဖစ္ေစၿပီး စာေမးပြဲအတြက္ ေကာင္းေကာင္း ျပင္ဆင္ႏိုင္ပါတယ္။ ေမေမတို႔ အနီးအနားမွာ မရွိတဲ့ အခ်ိန္ေတာင္ သူတို႔ကို သင္ေပးရပါမယ္။
လက္သည္းကိုက္တာ (သို႔) အျခားအျပဳအမႈေတြက သူတို႔ကို စိတ္ေအးေအးထားႏိုင္ေစတယ္လို႔ ကေလးေတြ ထင္ေကာင္းထင္ပါလိမ့္မယ္။ သို႔ေသာ္ ဆန္႔က်င့္ဘက္ သက္ေရာက္မႈအျဖစ္ သူတို႔ကို စိုးရိမ္ပူပန္မႈေတြ အမ်ားႀကီးျဖစ္လာေစပါတယ္။

၃။ စာေမးပြဲ ေလ့က်င့္ေပးပါ။ ကေလးေတြက်ရႈံးမွာကို ေၾကာက္တဲ့စိတ္ ေက်ာ္လႊားႏိုင္ဖို႔ လက္ေတြ႕ ေလ့က်င့္ခန္းေတြ ျပဳလုပ္ေပးပါ။ သူတို႔ရဲ႕ စာေမးပြဲမွာ ေပၚလာမယ့္ ျဖစ္ႏိုင္ေခ်ရွိေသာ ေမးခြန္းေတြကို စာ႐ြက္တစ္႐ြက္ေပၚမွာ ေရးခိုင္းပါ။ ဒီနည္းလမ္းက သင့္ကေလးဟာ သူတို႔ကို ေစာင့္ႀကိဳေနတဲ့ အရာမ်ားစြာကိုသိၿပီး သူတို႔ကိုယ္သူတို႔ ပိုမိုယုံၾကည္မႈ ရွိလာပါလိမ့္မယ္။ ထို႔အျပင္ သူတို႔ အေျဖမသိပါက မိဘေတြအေနနဲ႔ သူတို႔ကို ကူညီႏိုင္ပါလိမ့္မယ္။

၄။ ေကာင္းေသာ အေလ့အထေတြကို ဖန္တီးေပးပါ။ ကေလးကို ေကာင္းစြာ ေကြၽးေမြးဖို႔ႏွင့္ မၾကာခဏ ေလ့က်င့္ခန္းလုပ္ခိုင္းဖို႔ အေရးႀကီးပါတယ္။ ဒီနည္းလမ္းက သူတို႔ကို အားရွိေစၿပီး သူတို႔ရဲ႕ အာ႐ုံစူးစိုက္မႈႏွင့္ မွတ္ဉာဏ္ကို တိုးတတ္ေစပါလိမ့္မယ္။ သူတို႔ ေလ့လာမွတ္သားခဲ့တာေတြ ေမ့ေပ်ာက္သြားေတာ့မွာ မဟုတ္ပါဘူး။
သူတို႔ရဲ႕ အစားအေသာက္ကသာ အေရးႀကီးတာမဟုတ္ပါဘူး။ သူတို႔မွာ study အေလ့အက်င့္ေကာင္းေတြလည္း လိုအပ္ပါတယ္။ ကေလးေတြကို စာသင္ႏွစ္တစ္ေလွ်ာက္လုံး ပုံမွန္စာလုပ္ဖို႔ႏွင့္ စာေမးပြဲမေျဖခင္ လအနည္းငယ္ကတည္းက စာေလ့လာဖို႔ႏွင့္ စာေမးပြဲမေျဖခင္ ရက္အနည္းငယ္မွာ စာေတြကို ၿခဳံငုံသုံးသပ္ဖို႔ ေမေမတို႔က ဂိုက္လိုင္းခ် ေပးရပါမယ္။ သူတို႔ကို တစ္ေန႔တည္းမွာ စာအကုန္လုံးကို ေလ့လာခြင့္ မျပဳပါနဲ႔ ၊ ဒါက စိုးရိမ္ပူပန္မႈကို ပိုျဖစ္ေစႏိုင္ပါတယ္။
ထည့္သြင္းစဥ္းစားရမယ့္ ေနာက္အေရးႀကီးတဲ့ အခ်က္တစ္ခုက စာေမးပြဲေန႔မွာ ေက်ာင္းကို ေစာေစာေရာက္ေနသင့္ပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ကားစီးခ်ိန္ေနာက္က်ျခင္းဟာ သင့္ကေလးကို စိတ္ပင္ပန္းမႈေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။

၄။ သူတို႔သိတဲ့ ေမးခြန္းေတြသာ အရင္ဆုံးေျဖခိုင္းပါ။ ဒီလိုျပဳလုပ္ျခင္းက စာေမးပြဲကို ကြက္လပ္အတိုင္းထားျခင္းအားျဖင့္ က်ရႈံးမွာမဟုတ္ေၾကာင္း ကေလးကို ေသခ်ာေစပါတယ္။ သူတို႔သိတဲ့ ေမးခြန္းအားလုံးကို ေျဖၿပီးတဲ့အခါမွာ သူတို႔စိတ္သက္သာရာ ပိုရသြားၿပီး သူတို႔ေလ့လာခဲ့တဲ့ အရာေတြကို မွတ္မိသြားပါလိမ့္မယ္။ သဒၵါႏွင့္ စာလုံးေပါင္းအမွားေတြကို ျပင္ဆင္ႏိုင္ဖို႔အတြက္ အေျဖလႊာမထပ္ခင္မွာ ျပန္လည္စစ္ေဆးဖို႔ သူတို႔ကို သင္ေပးပါ။
အကယ္၍ သူတို႔ စာေမးပြဲ မေအာင္ျမင္ပါက ကေလးရဲ႕ အမွားေတြကို ဆရာအားေမးျမန္းဖို႔ႏွင့္ ထိုေမးခြန္းေတြကို မွန္ကန္စြာ ေျဖၾကားေပးဖို႔ သူတို႔ကို ကူညီေပးပါ။ ကေလး ေအာင္သြားရင္လည္း ဂုဏ္ျပဳဖို႔ မေမ့ပါနဲ႔ေနာ္။ ဒီနည္းလမ္းက သူတို႔ကို ပိုလႈံ႕ေဆာ္မႈ ခံစားရေစပါလိမ့္မယ္။

ကေလးေတြဟာ သူတို႔ရဲ႕ စိုးရိမ္ပူပန္မႈကို ဘယ္လိုေဖာ္ျပၾကသလဲ?

စာေမးပြဲေျဖရတာဟာ ကေလးေတြကို စိုးရိမ္ပူပန္မႈ အရမ္းျဖစ္ေစႏိုင္ပါတယ္။ က်ရႈံးမွာ ေၾကာက္တဲ့စိတ္ေၾကာင့္ သူတို႔ဟာ စာေမးပြဲလုံးဝမေျဖေတာ့တာ၊ သူတို႔ရဲ႕ စာေလ့လာမႈကို အရႈံးေပးဖို႔ ဆုံးျဖတ္တာ စသျဖင့္ အဆိုး႐ြားဆုံးေတြ ျဖစ္လာႏိုင္ပါတယ္။

ေက်ာင္းတတ္ေနစဥ္အတြင္း က်ရႈံးမွာစိုးရိမ္ၾကျခင္း

ယုံၾကည္ဖို႔ ခက္ခဲေပမယ့္ ထိုဆုံးရႈံးမႈကို ေၾကာက္႐ြံ႕သူေတြဟာ မ်ားေသာအားျဖင့္ စာေတာ္တဲ့ ကေလးေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ေအာင္ျမင္ႏိုင္စြမ္း မရွိလို႔ မဟုတ္ပါဘူး။ မိဘေတြရဲ႕ ဖိအားႏွင့္ က်ရႈံးမွာကို ေၾကာက္တဲ့စိတ္က အရမ္းျပင္းထန္တာေၾကာင့္ ျဖစ္ပါတယ္။ ဒီအရာကို ေဖာ္ျပတဲ့ နည္းလမ္းေတြကေတာ့

႐ုပ္ပိုင္းဆိုင္ရာ အဆင့္မွာ – သူတို႔ဟာ ေခြၽးထြက္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ အစာမေၾကျပႆနာမ်ား၊ ပ်ိဳ႕အန္ျခင္း၊ အသက္ရႈက်ပ္ျခင္္း၊ အသက္ရႈရ ခက္ခဲျခင္း၊ ေသြးခုန္ႏႈန္းျမန္ျခင္း ႏွင့္ ေခါင္းကိုက္ျခင္းတို႔ ခံစားရပါတယ္။

အမႈအက်င့္ အဆင့္မွာ – သူတို႔ရဲ႕ အျပဳအမႈေတြကိုေတာင္ ထိခိုက္ႏိုင္ပါတယ္။ သူတို႔ဟာ ဘယ္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ အလြယ္တကူ စိတ္ဆိုးတာ ၊ ဝမ္းနည္းတာ၊ ေဒါသထြက္တာ ျဖစ္ႏိုင္ပါတယ္။

cognitive အဆင့္မွာ – အာ႐ုံစိုက္မႈ ဆုံးရႈံးျခင္း၊ ေမ့ေလ်ာ့ျခင္း၊ သံသယေတြႏွင့္ မလုံၿခဳံမႈ၊ ကြဲျပားေသာ အေတြးေတြ ခံစားရႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here