ကလေးတွေရဲ့ ကြုံတွေ့ရလေ့ရှိတဲ့ အပြုအမူဆိုင်ရာ ပြဿနာများ

0
76
- Advertisement -

ကလေးတွေမှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး စမ်းသပ်မှုတွေကို လုပ်လေ့ရှိပါတယ်။ ဒီနေရာမှာ မိဘတွေအတွက်တော့ ကလေးတွေဟာ ကလန်ကဆန်လုပ်တယ်လို့ပဲ မြင်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ကလေးတွေရဲ့ တစ်ချို့အပြုအမူတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ လေးစားမှုမရှိခြင်းနှင့် ပြန်ခံပြောခြင်း

သင့်ရဲ့ သုံးနှစ်အရွယ်သမီးလေးက သင့်ကို စကားပြောမယ်ဆိုရင်တော့ ဒါဟာ တကယ်ကို ပျော်ရွှင်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အသက် (၇) နှစ်အရွယ်သမီးက သင့်ရဲ့ စကားတွေကို ပြန်ခံပြောနေမယ်ဆိုရင် သင်ကြိုက်တော့မှာ မဟုတ်ပါဘူး။ နောက်ပြီး သင်ဘာတွေပဲလုပ်ခိုင်းလုပ်ခိုင်း ”ဘူး”တစ်လုံးခံနေမယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။ စနစ်တကျမကိုင်တွယ်ဘူးဆိုရင် ပြန်ခံပြောတာဟာ မိဘနဲ့ သားသမီးအကြား အငြင်းပွားမှုတွေအထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ နောက် Content မှာ မျှဝေပေးပါ့မယ်။

၂။ စကားလုံးရိုင်းရိုင်းစိုင်းစိုင်းများ

ဒေါသထွက်ရင် ကလေးတွေဟာ အရမ်းအော်ကြပါတယ်။ ဒါပေမယ့် သူတို့က ဆယ်နှစ်မပြည့်ခင်မှာ ဆဲဆိုတတ်နေပြီဆိုရင် သင်စိုးရိမ်သင့်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းစဉ်ကို လိုက်နေတာဖြစ်နိုင်ပါတယ်။ သင့်နောက်ကို အော်တိုလိုက်သုံးနေတာမျိုးပါ။ ဒါ့ကြောင့် စကားလုံးရိုင်းရိုင်းစိုင်းစိုင်းတွေ သုံးနေပြီဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နောက် content မှာ ကြည့်ပါ။

၃။ ရန်လိုခြင်းနှင့် ပြင်းထန်သော အပြုအမူများ

ကလေးတွေဒေါသထွက်တာက ပုံမှန်ပါပဲ။ သို့ပေမယ့် ဒေါသက အကြမ်းဖက်တာဖြစ်လာမယ်ဆိုရင်တော့ ကလေးတွေကို ရန်လိုတဲ့အပြအမူအဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်ရောဂါ၊ စိတ်ဒဏ်ရာနှင့် အမူအကျင့်ဆိုင်ရာ ရောဂါတွေကြောင့် ကလေးတွေဟာ မိမိကိုယ်ကိုယ်အကြမ်းဖက်တာတွေဖြစ်လာနိုင်ပြီး၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အကြမ်းဖက်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကာကွယ်ရမလဲ နောက် content မှာ မျှော်ပါ။

၄။ လိမ်လည်ခြင်း

ကလေးတွေထဲက အများစုက လိမ်ကြပါတယ်။ မိဘတွေက လိမ်နေတဲ့ ကလေးငယ်တွေကို ဖမ်းမိတဲ့အခါ တကယ်စိုးရိမ်နေတတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ သစ္စာဖောက်ခံရတယ်လို့ ခံစားရနိုင်ပြီး နောက်တစ်ကြိမ်ယုံကြည်လို့ ရပါ့မလားလို့ စဉ်းစားမိနိုင်ပါတယ်။ ဘယ်လိုကိုင်တွယ်ရမလဲ နောက် Content မှာ ကြည့်ပါ။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here