ကလေးတွေရဲ့ စိတ်ခံစားမှုဉာဏ်ရည်ကို မြှင့်တင်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ

0
597
- Advertisement -

စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်ဆိုတာ ကျွန်တော်တို့ရဲ့ခံစားချက်နှင့် အခြားသူတွေရဲ့ခံစားချက်ကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားလေးစားခြင်းနှင့် မှန်ကန်စွာတန်ဖိုးထားတတ်ခြင်းကို ဆိုလိုပါတယ်။ သိပ္ပံပညာလေ့လာမှုတွေအရ ဘဝမှာအောင်မြင်မှုအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့်စွမ်းရည်တွေကို ဘယ်လိုစမ်းသပ်ကိရိယာတွေနဲ့မှ တိုင်းထွာစမ်းသပ်လို့မရပါဘူး။

ကျွန်တော်တို့ဟာ တစ်ခြားလူတွေရဲ့ စိတ်ခံစားမှုတွေကို နားမလည်ဘူးဆိုရင် စာနာမှုကင်းမဲ့နေတယ်ဆိုရင် ဦးနှောက်နှင့် မြင့်မားသောအိုင်ကျူရှိနေခြင်းက အလွန်အန္တရာယ်များပါတယ်။ မိဘအများစုက ကလေးတွေရဲ့ပညာရေးက သူတို့စိတ်ခံစားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် နီးကပ်စွာဆက်နွယ်နေတာကို သတိပြုမိကြပါတယ်။ မိသားစုဆက်ဆံရေးက မိသားစုတစ်ခုလုံးရဲ့ စိတ်လှုပ်ရှားမှုတွေအတွက် အဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆက်ဆံရေးက ပဋိပက္ခနှင့် အဆင်မပြေမှုတွေကို ဖြစ်ပေါ်စေပြီး မိသားစုတစ်ခုလုံးအပေါ် အကျိုးသက်ရောက်စေသော အပျက်သဘောဆောင်သော ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

သင့်လျော်သောစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပရော်ဖက်ရှင်နယ်ပညာရေးဖွံ့ဖြိုးတိုးတက်တို့အကြား ဆက်စပ်မှုတွေရှိပါတယ်။ မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေက မိမိတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဦးစွာသတိပြုရပါမယ်။ ဆိုလိုတာကတော့ သူတို့ခံစားနေရသော စိတ်ခံစားမှုအပြင် သူတို့ရဲ့အကြောင်းရင်းတွေနှင့် ဖြစ်နိုင်ချေရှိသောအကျိုးဆက်တွေကို သတိပြုသင့်ပါတယ်။

ကျွန်တော်တို့ကလေးတွေကို စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အသိဉာဏ်ရှိဖို့ ဘယ်လိုသင်ကြားပေးရမလဲ

ကျွန်တော်တို့ကလေးက သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို မှန်ကန်စွာစီမံနိုင်ဖို့ ကူညီနိုင်မယ့်အရာတစ်ခုက သူတို့ရဲ့စိတ်လှုပ်ရှားမှုကို စကားနဲ့ပဲပြောဆိုတတ်ဖို့သင်ပေးရပါမယ်။ သူတို့ကိုယ်တိုင်နှင့် အဆက်အသွယ်လုပ်တတ်ဖို့သင်ကြားပေးခြင်းလည်း ကောင်းမွန်တဲ့ပျိုးထောင်နည်းတစ်မျိုးဖြစ်ပါတယ်။ သို့မှသာ ၎င်းတို့ဘယ်လိုခံစားရတယ်ဆိုတာကို ပိုမိုနားလည်နိုင်ပြီးတော့ ထုတ်ဖော်ပြောဆိုနိုင်ပါလိမ့်မယ်။

ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်မှာမဆို သူတို့က မိမိတို့ရဲ့စိတ်ခံစားမှုဆိုင်ရာ အသိပညာကို လေ့ကျင့်ဖို့နှင့် ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတစ်ခုရှိပါတယ်။ ၎င်းတို့က အပြုသဘောရှိခြင်း၊ ပျော်ရွှင်နေသောအချိန်၊ ဝမ်းနည်းခြင်းစသော စိတ်ခံစားချက်တွေကို သူတို့က သူတို့ကိုယ်တိုင်ခွဲခြားပြီးတော့ တံဆိပ်ကပ်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ထိုစိတ်ခံစားမှုရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ကြိုးစားသင့်ပါတယ်။ ၎င်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းနှင့် ပို၍အရေးကြီးတာက အဘယ်ကြောင့်ဆိုတဲ့ ဒီလိုခံစားနေရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ဖို့ဖြစ်ပါတယ်။ တိုတိုပြောရရင် သူတို့ဟာ သူတို့စိတ်ထဲမှာ ပိုပြီးတော့ စိတ်ခံစားမှုတွေပိုရှိလာပါတယ်။

အပျက်သဘောဆောင်သော စိတ်ခံစားမှုတွေနှင့် ပတ်သက်လာရင် စိတ်ခံစားမှုရဲ့အခြားရွေးချယ်စရာတွေကို ရှာဖွေဖို့ သင့်ကလေးတွေကို သင်ပေးပါ။ ဥပမာ တစ်စုံတရာက သူ့ကို ဒေါသထွက်စေတယ်ဆိုရင် အခြေအနေတူအခြေအနေမျိုးမှာ ၎င်းတို့ကနည်းလမ်းများစွာနဲ့တုန့်ပြန်နိုင်ကြောင်း သူတို့မြင်အောင် ပြသပါ။ ကျွန်တော်တို့က အကောင်းဆုံးဆုံးဖြတ်ချက်ကို အမြဲတမ်းချမှတ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။

ဖြစ်ရပ်များစွာမှာ ကျွန်တော်တို့အတွေးတွေနှင့် လုပ်ရပ်တွေအတွက် စိတ်ခံစားမှုတွေက တာဝန်တွေရှိပါတယ်။ ဒါ့ကြောင့် သူတို့အကြောင်းကို လေ့လာခြင်းနှင့် တုန့်ပြန်ခြင်းက ကျွန်တော်တို့ကိုစာနာမှုရှိဖို့နှင့် ပြောင်းလွယ်ပြင်လွယ်ရှိဖို့ ကူညီနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ရှိသော မိဘတွေရဲ့ ဝိသေသလက္ခဏာများ

  • သူတို့က ကိုယ်ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမှာမိမိကိုယ်ကို control လုပ်နိုင်ခြင်း
  • အဂတိတရားကြောင့် မလိုမုန်းထားစိတ်တွေထားခြင်းထက် မှန်ကန်သောအချက်အလက်တွေအပေါ်မှာ မှီခိုပါတယ်။ ပထမဦးဆုံးကြုံတွေ့ရတဲ့အရာတွေက အရာရာတိုင်းမဖြစ်နိုင်ပါဘူး။
  • သူတို့က အနုတ်လက္ခဏာကို အပြုသဘောအဖြစ် အသွင်ပြောင်းဖို့ ကောင်းသောအခြေအနေကို ရှာဖွေကြည့်ရှုနိုင်စွမ်းရှိတယ်။
  • သူတို့လုပ်ရပ်အတွက် တာဝန်ယူမှုနှင့် အမှားတွေကနေဘယ်လိုသင်ယူရမယ်ဆိုတာ သူတို့သိတယ်။
  • သူတို့ရဲ့ ကန့်သတ်ချက်စည်းမျဥ်းတွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်လျှင် ခိုင်မာတယ်။
  • သူတို့က လူသစ်တွေကို တွေ့ဆုံဖို့ အမြဲအသင့်ရှိတယ်။

သင့်ကလေးနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပညာရေးကို ဘယ်လိုလုပ်ဆောင်မလဲ

အလွန်ငယ်ရွယ်သောကာလတွေကတည်းက ကျွန်တော်တို့ကလေးတွေက ကောင်းမွန်စွာပြုမူဖို့ အပြုသဘောဆောင်တဲ့ သင်ယူဖို့လိုအပ်သော စိတ်လှုပ်ရှားမှုနှင့် ခံစားမှုမြောက်များစွာကို ထိတွေ့ခံစားနိုင်ပါတယ်။ ၎င်းက ၎င်းတို့မှာ ကောင်းမွန်သောလူမှုရေးစွမ်းရည်တွေရှိပြီးတော့ လူအဖွဲ့အစည်းမှာ တက်ကြွစွာပါဝင်နိုင်ကြောင်း သေချာစေဖို့ဖြစ်ပြီးတော့ ၎င်းကသူတို့ရဲ့ပုဂ္ဂိုလ်ရေးစိတ်ကျေနပ်မှုတွေကို ထင်ဟပ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့သင်ကလေးနှင့်အတူ လုပ်ကိုင်ဖို့လိုအပ်တဲ့အချက်တွေကတော့

လူမှုဆက်ဆံရေး

သူတို့ပွင့်ပွင့်လင်းလင်းနှင့်တက်ကြွစွာပြောနိုင်၊ နားထောင်နိုင်တဲ့ နေရာတစ်ခုဖန်တီးပါ။ ကန့်သတ်ထားသောမေးခွန်းတွေကို ပွင့်လင်းသောမေးခွန်းတွေနဲ့ အစားထိုးပါ။

အားသာချက်တွေကို အသိအမှတ်ပြုခြင်း

သင့်ကလေးတွေရဲ့ အောင်မြင်မှုတွေနှင့် နောက်ကွယ်မှအားထုတ်မှုတွေကို ချီးကျူးပါ။ မသင့်လျော်သောအပြုအမူတွေကို တံဆိပ်မကပ်ပါနှင့်။ ချစ်ခင်တွယ်တာပါ။ ခက်ခဲသောအချိန်တွေမှာ သူတို့ကိုကူညီပေးပါ။ သူတို့ကိုလုံခြုံစိတ်ချရမှုပေးပါ။ နောက်ပြီး အေးဆေးတည်ငြိမ်စေပါ။

သူတို့စိတ်ခံစားမှုတွေကို စီမံဖို့ကူညီပါ။ အခြေအနေတွေကို ရင်ဆိုင်ဖို့နှင့်အတူတကွအဖြေရှာနိုင်ဖို့ ကူညီပါ။ ပဋိပက္ခတွေကို သင့်ကလေးက ၎င်းတို့ထံမှာ သင်ယူနိုင်တဲ့နည်းလမ်းဖြင့် ချဥ်းကပ်ပါ။

သင့်ကလေးရဲ့စိတ်လှုပ်ရှားမှုဆိုင်ရာ ဉာဏ်ရည်မြှင့်တင်ခြင်းက သင့်အတွက် အိမ်တွင်းကောင်းမွန်သောဆက်ဆံရေးနှင့် ဆက်သွယ်မှုရှိဖို့ ကူညီနိုင်ရုံမက နောင်အနာဂတ်မှာ ၎င်းတို့ကိုသဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် သင့်လျော်သောပြုမူနေထိုင်မှုတွေအတွက် အလေ့အကျင့်တစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ သတိရပါ။

Chit_May_May

Nyein_Thu

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here