စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားမှုဆိုတာ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို ထိခိုက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို အပျက်သဘောဆောင်စေသော အပြုအမူတစ်ခုဖြစ်ပါတယ်။ ကလေးကို လှောင်ပြောင်ခြင်း၊ နှိမ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ရစေခြင်းနှင့် စော်ကားခြင်းစသဖြင့် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်သော အပြုအမူတိုင်းကို ဆိုလိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ လျစ်လျူရှုအလွဲသုံးစားခြင်းတွေနဲ့ ဆက်စပ်နေနိုင်ပြီး သတိပြုမိဖို့ အခက်အခဲဆုံးအခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကလေးများအား စိတ်ခံစားမှုဆိုင်ရာအလွဲသုံးစားမှုခံရခြင်းသည် စိတ်ကျန်းမာရေးချို့ယွင်းမှုရေရှည်အကျိုးသက်ရောက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။
စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားလုပ်ခံရခြင်းကို ခွဲခြမ်းစိတ်ဖြာခြင်း

- စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှောင်ဖယ်/ရှောင်ဖယ်လုပ်ခြင်း
- ကျောင်းမှာ စွမ်းဆောင်ရည် ကျလာခြင်း
- စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှုကြန့်ကြာခြင်း
-သူတို့ကိုယ်သူတို့ နာကျင်စေလိုခြင်း (သို့) တစ်ခြားလူတွေကို ထိခိုက်အောင် ပြုလုပ်ခြင်း - လူကြီးတွေဆီကနေ ချစ်ခင်မှုရဖို့ နည်းမျိုးစုံဖြင့် ကြိုးစားလာခြင်း
- မကြာခဏခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ တစ်ခြားသော အကြောင်းရင်းတိတိကျကျမရှိဘဲ နေမကောင်းဖြစ်ခြင်း
- လူမှုရေးလုပ်ဆောင်မှုတွေမှာ စိတ်ဝင်စားမှုလျော့ကျခြင်းနှင့် သူတို့နှစ်သက်သောအရာတွေမှာ စိတ်ဝင်စားမှုပျောက်ဆုံးခြင်း
- ကိုယ့်ကိုယ်ကိုယ်လေးစားမှု နိမ့်ကျခြင်း
ကလေးတွေအပေါ် စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားမှု ကျူးလွန်နိုင်ခြေရှိသူများ

စိတ်ခံစားမှုဆိုင်ရာ အလွဲသုံစားမှုကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ ခက်ခဲနိုင်ပေမယ့် အရွယ်ရောက်ပြီးသူအများစုကသာ ဒီလိုအလွဲသုံးစားမှုကို လုပ်နိုင်ခြေပိုများပါတယ်။ ကလေးတွေကို လူမြင်ကွင်မှာ နှိမ်ချစော်ကားခြင်း၊ လှောင်ပြောင်ခြင်း၊ ကလေးအား မုန်းတီးခြင်း/မချစ်မနှစ်သက်ခြင်းအား ပွင့်ပွင့်လင်းလင်းပြောခြင်း၊ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခြင်း၊ လက်တွေ့မကျသော မျှော်လင့်ချက်များ ထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုမပေးခြင်း၊ လျစ်လျူခြင်းတို့ဟာ စိတ်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသော အပြုအမူတွေဖြစ်ပါတယ်။
ဒီလိုအပြုအမူတွေကို ကလေးရဲ့မိဘ၊ ဆရာဆရာမ၊ ကလေးထိန်း၊ သင်းအုပ်ဆရာနှင့် ညီအစ်ကိုမောင်နှမတွေက ပြုမူနိုင်ခြေပိုမြင့်မားပါတယ်။ ကလေးငယ်ရဲ့ အပြုအမူပြောင်းလဲခြင်းမှာ တစ်ခြားအမှုကိစ္စတွေလည်း ရှိနိုင်ပါတယ်။
စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားလုပ်ခံရခြင်းရဲ့ လွှမ်းမိုးမှု

ငယ်ရွယ်စဉ်မှာ ကြုံတွေ့ရသော စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားမှုတွေဟာ ကလေးရဲ့ ကျန်းမာသော တွယ်တာမှုကို ဖွဲ့စည်းဖို့နှင့် ထိန်းသိမ်းနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကလေးဘဝအစောပိုင်းတွယ်တာမှုပြဿနာတွေက အရွယ်ရောက်လာချိန်မှာ မလုံခြုံသော တွယ်တာမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ကလေးတွေဟာ သက်တူရွယ်တူ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ရင်းနှီးမှု ပြဿနာ၊ ပဋိပက္ခဖြေရှင်းဖို့ ခက်ခဲခြင်းနှင့် ဆက်ဆံရေးအတွင်း ရန်လိုမှုတွေ ဖြစ်ပွားစေပါတယ်။
ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေဟာ အရွယ်ရောက်ပြီးချိန်မှာ ဆိုးသွမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ရန်လိုသော အပြုအမူတွေနဲ့ ဆက်စပ်နေပါတယ်။
အနိုင်ကျင့်ခြင်းနှင့် အနိုင်ကျင့်ခံရခြင်း သံသရာ

ငယ်ရွယ်စဉ်မှာ အနိုင်ကျင့်ခံရသူတွေ၊ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရသူတွေဟာ အရွယ်ရောက်လာချိန်မှာ သူတို့ကိုယ်တိုင် ပြန်လည်အနိုင်ကျင့်နိုင်ခြေ ပိုများပါတယ်။ အနိုင်ကျင့်ခံရသော ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို အသိအမှတ်ပြုပြီး ရင်ဆိုင်ဖြေရှင်းခြင်းက နောက်ပိုင်းမတော်မတရားပြုကျင့်မှုသံသရာရဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်း
ကလေးအရွယ်မှာ စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးစားလုပ်ခံရတဲ့အခါ ဆယ်ကျော်သက်အရွယ်မှာ စိတ်ဓာတ်ကျနိုင်ပြီး စိုးရိမ်ပူပန်မှုကဲ့သို့ အနည်းဆုံးစိတ်ရောဂါတစ်မျိုးရှိနိုင်ခြေ ပိုများပါတယ်။ မိမိကိုယ်ကိုယ် ပြန်လည်ဒုက္ခပေးနိုင်ခြေ၊ ထိခိုက်နိုင်ခြေ ပိုများပါတယ်။
Chit_May_May
Nyein_Thu
ref-verywellfamily