
မိခင်တိုင်းက ကိုယ့်ရဲ့ကလေးကို လူတိုင်းက အားကျ ဂုဏ်ယူရတဲ့ ကြင်နာတတ်တဲ့ ကလေးအဖြစ် မြင်ချင်ကြတာ သဘာဝပါပဲ။ ကလေး အကောင်းဆုံး ပုံစံဖြစ်အောင် ပုံဖော်တတ်ဖို့ ကလည်း မိဘတိုင်းက လိုအပ်ပါတယ်။ ချစ်တတ် ကြင်နာတတ်စေဖို့ ကလေးနဲ့အတူ မိနစ် သို့မဟုတ် နာရီ အနည်းငယ်လောက် သူစိမ်းများကို ကူညီခြင်း၊ သတိတရား လေ့ကျင့်ခြင်းနှင့် ပတ်ဝန်းကျင်ကို ကူညီ ပံ့ပိုးပေးခြင်ဖြင့် အစပြုပေးနိုင်ပါတယ်။ ကလေးကို ကြင်နာတတ်တဲ့သူ ဖြစ်အောင် မိမိက စံနမူနာအဖြစ် နေပြပြီး အကျိုးဆက်တွေ ကိုလည်း ကလေးကို နားလည်သဘော ပေါက်အောင် ရှင်းပြပေးပြီး ကလေးနဲ့ မိမိကြားက လေးစားမှုကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

၁။ ဇယားတစ်ခုပြုလုပ်ခြင်း
ကြင်နာမှုကို ခြေရာခံခြင်းက လူမှုပတ်ဝန်းကျင်မှာ အများကြီး ကူညီပေးခဲ့တဲ့ လုပ်ရပ်တိုင်းအတွက် လုပ်ထားတဲ့ လူသားဆန်မှု “ဇယား” က ဆန်းကြယ်နေစရာ မလိုပါဘူး။ ကလေးရဲ့ ကြင်နာမှု အတွက် ဂုဏ်ယူရကြောင်း စာရွက်တစ်ရွက်ကို ရေခဲသေတ္တာထဲမှာ ချိတ်ဆွဲခြင်း၊ စာရင်းစာအုပ်လေးလုပ်ပြီး ကိုယ့်ရဲ့ လုပ်ရပ်တိုင်းက တခြားသူအတွက် အကျိုးဖြစ်စေခဲ့တယ် ဆိုရင် သူတို့ရဲ့ နာမည်ဘေးမှာ စတစ်ကာ ကပ်ခိုင်းပါ။ သူစိမ်းတွေရဲ့ အခက်အခဲတွေကို ကူညီပေးရတဲ့ စိတ်ချမ်းသာမှုမျိုးနဲ့ ရင်းနှီးမှုရှိစေပါ။

၂။ ပေးကမ်းစွန့်ကြဲခြင်း
ကလေးကို တစ်စုံတစ်ယောက်ရဲ့ ငွေတောင်းခံလွှာ ငွေထည့်ရန်အတွက် အလှူခံတွေဆီ မိမိနှင့်အတူ လိုက်ပါစေပြီး ကြင်နာမှုကို ပြပေးနိုင်ပါတယ်။ ကလေးရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အရုပ်၊ အကျီ တွေ ကို ပေးကမ်း ခြင်းဖြင့် တစ်ခြားသူ အဆင်ပြေနိုင်ကြောင်း လည်း ပြောပြပေးနိုင်ပါတယ်။ တချို့ကလေးတွေမှာ လုံလောက်မှု မရှိဘူးဆိုတာကို ရှင်းပြပြီး ကလေးက သူတို့ထဲက တချို့ကိုခွဲပြီး ကူညီပေးမှာလား? လေ့လာမှုများအရ ကလေးအများစုက အခြားသူများ တွေ့ကြုံနေရတာကို နားလည်ပါက လိုအပ်သူများကို ကူညီနိုင်ခြေ ပိုများကြောင်း လေ့လာမှုများက ဖော်ပြပါတယ်။

၃။ တရားထိုင်ခြင်း
“ကရုဏာတရားအားထုတ်ခြင်း” သည် စာနာမှုကို တိုးပွားစေပါတယ်။ မိသားစုအတွက် ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ အကြောင်း တွေးကာ စိတ်ကူးကြည့်ရန် တောင်းဆိုပါ။ သူတို့ဘ၀မှာ လူတွေကို သူတို့ ခံစားရနိုင်တဲ့ အရာတွေကို စိတ်ကူး ပုံဖော်ထားတဲ့ စိတ်ကူးကို ထပ်ခါတလဲလဲ လုပ်ခိုင်းပြီး သူတို့ကို ကြင်နာမှုတွေ ပေးလိုက်နိုင်ပါတယ်။ စိတ်အေးချမ်းမှုက နှလုံးသားကိုလည်း နူးညံ့သိမ်မွေ့စေပြီး ငြိမ်းချမ်းစေပါတယ်။

၄။ ဘာသာစကား အသစ်တစ်ခု လေ့လာခြင်း
ဘာသာစကား မျိုးစုံနဲ့ ထိတွေ့နေရတဲ့ ကလေးတွေဟာ တခြားသူတွေရဲ့ အမြင်တွေကို ကောင်းကောင်း နားလည် နိုင်ပါတယ်။ နိုင်ငံရပ်ခြား ဘာသာ စကားကို သင်ရင်း စိတ်ရှည် သည်းခံတတ်ပြီးတခြားသူရဲ့ ခံစားချက်၊ အတွေးအမြင် နဲ့ အခက်အခဲ ကို နားလည်ပေးတဲ့ အပြင် သဘောပေါက်လွယ် တတ်ကြပါတယ်။ ဒီအပြင် ခက်ခဲမှုရဲ့ ခံစားချက်ကိုလည်း ကောင်းကောင်းကိုယ်ချင်းစာတတ်စေပါတယ်။

၅။ အိမ်မွေးတိရစ္ဆာန်မွေးခြင်း
လေ့လာမှုများ အရ အိမ်မွေးတိရိစ္ဆာန် ရှိခြင်းက တခြားသူရဲ့ လိုအပ်ချက်တွေ ကို နားလည် သဘောပေါက် စေဖို့နဲ့ တာဝန်ယူတတ်မှု၊ နားလည်မှု၊ စာနာမှု၊ ကြင်နာတတ်မှုနှင့် ချစ်ခြင်းမေတ္တာကို ကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန် ရှိတဲ့ ကလေးတွေဟာ ပတ်ဝန်းကျင်မှာ အလိုက်သင့် ပြောင်းလဲ နေထိုင် တတ်ကြပါတယ်။ သူတို့ရဲ့ ပင်ကိုယ် အသိစိတ်အရ သည်းခံ တတ်ပြီး နားလည်မှု ရှိစေတဲ့ သင်ယူခြင်းရဲ့ အစ ဟာ အိမ်မွေးတိရိစ္ဆာန်ကို ထိန်းကြောင်းရင်း အလိုလို သိလာတဲ့ စိတ်ထားလေးတွေပဲ ဖြစ်ပါတယ်။

၆။ မီးဖိုချောင်ဝင်ခြင်း
မေမေနဲ့ ကလေးနဲ့ မီးဖိုချောင် ဝင်တယ်ဆိုတာက အမြဲဒွန်တွဲ နေတဲ့ အရာပါ။ ကလေးတိုင်းကလည်း မိခင်နှင့်အတူ ဟင်းချက်ပြုတ်ရင်း၊ တိုလီမိုလီ ယူခိုင်းတာက အစ မိခင်နဲ့ အတူ ရှိချင်ပြီး ကူညီပေးဖို့ စိတ်ဆန္ဒ ရှိတတ်ကြပါတယ်။ ဒါဟာ အပြစ်ပြောစရာ မဟုတ်ပါဘူး။ ကလေးရဲ့ ကြင်နာတတ်တဲ့ စိတ်နဲ့ ကူညီပေးချင်တဲ့ ကြင်နာတဲ့ စိတ်ထားရှိတဲ့ အတွက်ဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာ သူ့ကိုယ်သူ ဖော်ပြဖို့ သူ့စိတ်ကူးကို အသုံးပြုနိုင်ဖို့ အားပေးခြင်းက စိတ်ရှည် သည်းခံတတ်ခြင်း၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်ခြင်း၊ တခြားသူရဲ့ အခက်အခဲနှင့် ပြဿနာ ကို ပိုပြီး နားလည်ပေးနိုင်ပါတယ်။