ဒီနေ့ခေတ်မှာ ကလေးတွေရဲ့ စိုးရိမ်စိတ်ပြဿနာက တော်တော်အရေးကြီးတဲ့ ပြဿနာဖြစ်လာပါတယ်။ စိတ်ဖိစီးမှုက မိတ်ဆွေတို့ရဲ့ ကလေးဖွံဖြိုးတိုးတက်မှုကို ဟန့်တားစေပြီး သူတို့အောင်မြင်လိုတဲ့အရာတွေကို မရအောင်တားဆီးထားတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုလျော့ချနိုင်မလဲဆိုတာလေးပြောပြချင်တာပါ။ ဖတ်ကြည့်လိုက်ရအောင်..
သကြားနဲ့ ကဖိန်းဓါတ်ကို အတတ်နိုင်ဆုံးရှောင်ပါ

ကလေးတွေက ချိုတာနဲ့ ကဖိန်းပါတဲ့အရာတွေကိုတော်တော်ကြိုက်နှစ်သက်ကြပါတယ်။ ဆိုဒါပါဝင်တဲ့ လူလုပ် အဖျော်ယမကာတွေကိုလည်း ကြိုက်ကြပါတယ်။ ဒီပစ္စည်းတွေမှာ သကြားနဲ့ ကဖိန်းများစွာပါဝင်နေပါတယ်။ ဒီကောင်တွေက စိတ်ဖိစီးမှုတွေကိုတိုးစေပြီး ညဘက်အိပ်မပျော်စေနိုင်တာတွေ့ရပါတယ်။ ကြာလာရင် စိတ်ဓါတ်ကျတာမျိုးတွေတောင်ဖြစ်စေနိုင်ပါတယ်။ဒါက ကလေးဦးနှောက်ဖွံဖြိုးမှုကိုသွားထိရောက်ပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေကို တတ်နိင်သလောက်ရှောင်ပါ။
အသက်ပြင်းပြင်းနဲ့ရှည်ရှည် ရှုတတ်အောင်လေ့ကျင့်ပေးပါ

ကလေးတွေက ထိတ်လန့်တုန်လှုပ်စရာတွေ ကြုံရင် ဘာလုပ်ရမယ်မသိဖြစ်တတ်ပါတယ်။ ဒီတော့ အသက်ကို ပြင်းပြင်းနဲ့ ရှည်ရှည် ရှုပြီး စိုးရိမ်စိတ်တွေကို လျော့ချတတ်အောင်လေ့ကျင့်ပေးပါ။ အသက်ရှုလေ့ကျင့်ခန်းသဘောမျိုးပေါ့။ သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ဒါကလျော့ချပေးနိုင်ပါတယ်။
အိပ်ရေးဝဝအိပ်

အိပ်မပျော်တာ အိပ်ချိန်မလောက်တာတွေက စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုတွေကိုဖြစ်စေပါတယ်။ ဒါ့အပြင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို ဟန့်တားစေပါတယ်။ ဒါကြောင့်အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ပြီး အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ အနည်းဆုံး၈နာရီကနေ၁၀နာရီထိလိုအပ်ပါတယ်။ ဒါက သူတို့ကိုမှတ်ညဏ်တွေလည်း ပိုခိုင်မာစေပါတယ်။ တီဗီနဲ့ဖုန်းတွေကို အိပ်ခန်းထဲမှာထားတာကို ရှောင်သင့်ပါတယ်။
ခွေးတစ်ကောင်ဝယ်ပေးပါ

ဖြစ်နိုင်ရင်ပေါ့။ ခွေးတစ်ကောင်ရဲ့ အကျိုးသက်ရောက်မှုက အင်မတန်ကြီးပါတယ်။ သင့်ကလေးကို ချစ်ခြင်းမေတ္တာနဲ့သစ္စာရှိမှုကို နားလည်စေပြီး တာဝန်ယူမှုကိုနားလည်စေပါတယ်။ ပြောရရင် တည်ငြိမ်မှုနဲ့ ရင့်ကျက်မှုကိုတောင် ခွေးလေးတွေကိုအစာ ကျွေးရင်း လမ်းလျောက်ထွက်ရင်း ဂရုစိုက်ရင်းရနိုင်ပါတယ်။ အဓိကကတော့ စိုးရိမ်စိတ်တွေကိုလျော့ချနိုင်ပါတယ်. ပြောရရင် သူ့မှာဘာမှမရှိဘူးဆိုရင်တောင် သူ့ခွေးလေး သူ့အတွက်ရှိနေတယ်ဆိုတာကို ယုံကြည်ခံစားစေပါတယ်။
တရားထိုင်ခိုင်းပါ

တခုခုဆို ကြောက်တတ် စိုးရိမ်ပူပန်တတ်တဲ့ကလေးတွေကိုအကောင်းဆုံးကုသနိင်တာကတော့ တရားထိုင်တာပါပဲ၊ စိတ်နှလုံးငြိမ်သက်မှုရသလို တည်ငြိမ်မှု အေးချမ်းမှုတွေကိုရနိုင်ပါတယ်၊ စိုးရိမ်တာတွေကိုလျော့ချပေးပြီးတော့ စိတ်ဖိစီးမှုကို နည်းပါးစေပါတယ်။ ကဲဒီလောက်ဆို စိုးရိမ်တတ်တဲ့ စိတ်ဖိစီးတတ်တဲ့ ကလေးတွေကိုဘယ်လိုကူညီနိင်မလဲ သိလောက်ပီထင်ပါတယ်နော်.
#Chit_May_May
#Mg_Htet
TRF_Power Of Possitivity