Home Uncategorized ကလေးတွေရဲ့ ဗီတာမင်ဓာတ်ချို့တဲ့ရခြင်းအကြောင်းရင်းများနှင့် လက္ခဏာများ

ကလေးတွေရဲ့ ဗီတာမင်ဓာတ်ချို့တဲ့ရခြင်းအကြောင်းရင်းများနှင့် လက္ခဏာများ

0
ကလေးတွေရဲ့ ဗီတာမင်ဓာတ်ချို့တဲ့ရခြင်းအကြောင်းရင်းများနှင့် လက္ခဏာများ

ဒီကနေ့မှာတော့ ကလေးတွေမှာ လိုအပ်တဲ့ ဗီတာမင်တွေအကြောင်းနဲ့ ဗီတာမင်ချို့တဲ့ရခြင်းအကြောင်းရင်းတွေနဲ့ လက္ခဏာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဗီတာမင် ဒီ ချို့တဲ့ရခြင်းအကြောင်းရင်းများ

ဗီတာမင် ဒီ က ၎င်းကိုယ်တိုင်အရေးပါရုံသာမကဘဲ ကယ်လ်စီယမ်စုပ်ယူမှုမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဗီတာမင် ဒီနှင့် ကယ်လ်စီယမ်နှစ်မျိုးစလုံးဟာ အရိုးနဲ့ သွားတွေကို သန်မာကြီးထွားစေဖို့ အရေးပါပါတယ်။ ကျွန်မတို့ရဲ့ အရေပြားဟာ သဘာဝနေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ ဗီတာမင် ဒီကို ထုတ်လုပ်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုနည်းသော (သို့) မြင့်မားသော လတ္တီတွဒ်မှာ နေထိုင်တဲ့ကလေးတွေဟာ ဒီလိုနည်းဖြင့် ဗီတာမင် ဒီအလုံအလောက်ရရှိဖို့ လွယ်ကူမှာမဟုတ်ပါဘူး။

ဗီတာမင် ဒီချို့တဲ့ခြင်းရဲ့ အစောဆုံးလက္ခဏာတွေကတော့ အရိုးနဲ့ ကြွက်သားတွေ နာကျင်ခြင်းဖြစ်ပါတယ်။

၂။ သံဓာတ်ချို့တဲ့ခြင်း

သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် အောက်ဆီဂျင်ကို ကျွန်မတို့ရဲ့ အရေးကြီးအင်္ဂါတွေနှင့် ခန္ဓာကိုယ်အနှံ့ကို ပိုဆောင်ပေးနိုင်ပါတယ်။

သံဓာတ်ချို့တဲ့ခြင်း (သို့) သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားဖျော့တော့ခြင်း (အထူးသဖြင့် လက်၊ လက်သည်းနှင့် မျက်ခမ်းတစ်ဝိုက်)၊ နှလုံးခုန်မြန်ခြင်း ၊စိတ်တိုဒေါသထွက်လွယ်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ မူးဝေခြင်း၊ သရေစာများ အလွန်အကျွံစားခြင်းတွေ ဖြစ်နိုင်ပါတယ်။

၃။ ဗီတာမင် ဘီ ချို့တဲ့ခြင်း

ဗီတာမင်ဘီကတော့ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ လိုအပ်ပြီး ကြံ့ခိုင်သော ကိုယ်ခံအားစနစ်နဲ့ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်ပါတယ်။

ဗီတာမင်ဘီချို့တဲ့ခြင်းရဲ့ လက္ခဏာတွေမှာ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက တစ်ခြားသော ဆေးဘက်ဆိုင်ရာ အခြေအနေတွေနဲ့လည်း အလွယ်တကူရောထွေးနိုင်ပါတယ်။

ကလေးတွေမှာတော့ ဗီတာမင် ဘီ ချို့တဲ့ခြင်းက သူတို့ရဲ့ သင်ယူနိုင်စွမ်းနှင့် ကျောင်းမှာ အာရုံစိုက်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

၄။ ဇင့်ဓာတ် ချို့တဲ့ခြင်း

Zinc ဓာတ်ဟာ အာဟာရလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ အမြဲလိုလိုကျန်နေခဲ့လေ့ရှိသော သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားမှုနှင့် ကျန်းမာဖွံ့ဖြိုးမှုတွေအတွက် ထပ်တူအရေးကြီးပါတယ်။

ဇင့်ဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေက အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အရသာခံခြင်း/အနံ့ခံခြင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့ခြင်းက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုမရှိခြင်း၊ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

Chit_May_May

Nyein_Thu

ref-thesoccermomblog

LEAVE A REPLY

Please enter your comment!
Please enter your name here