ကလေးတွေရဲ့ မေးခွန်းတွေကို အသေးစိတ်ဖြေဆိုခြင်းက ဘာကြောင့် အရေးကြီးတာလဲ

0
83

ဖွံ့ဖြိုးတိုးတက်မှုအစောပိုင်းနှစ်တွေမှာ ကလေးတိုင်းအတွက် ဝေါဟာရနှင့် စကားလုံးအသုံးအနှုန်းတွေဟာ အလွန်အရေးကြီးပါတယ်။ ပိုမိုနက်ရှိုင်းပြီး ပိုမိုအဓိပ္ပာယ်ပြည့်ဝသော စကားလက်ဆုံပြောဆိုမှုတွေမှာ သူတို့ကို ပါဝင်စေသင့်ပါတယ်။ စကားကောင်းကောင်းပြောပေးခြင်းနှင့် မေးခွန်းတွေကို ဖြေကြားပေးခြင်းက ကလေးရဲ့ အောင်မြင်မှုအပေါ်အကျိုးသက်ရောက်မှုတွေမြောက်များစွာရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာ အောက်ပါအချက်အလက်လေးတွေနဲ့ မျှဝေချင်ပါတယ်။

၁။ စပ်စုတဲ့ ကလေးတွေဟာ အောင်မြင်သူတွေဖြစ်လာကြတယ်

ကလေးအရွယ်မှာ စပ်စုတယ်လို့ ခေါင်းစဉ်တပ်လို့ မရဘဲ စူးစမ်းလေ့လာခြင်းဖြစ်ပါတယ်။ သိချင်စိတ်ဟာ ကလေးကို အောင်မြင်မှုတွေများစွာကို ပေးစွမ်းနိုင်ပါတယ်။ အလားတူ စာဖတ်ခြင်းနှင့် သင်္ချာဆိုင်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး ကလေးတွေကို ရလဒ်ကောင်းတွေရရှိဖို့ ကူညီနိုင်ပါတယ်။ မတူကွဲပြားတဲ့ အရာတွေကို မေမေတို့ ကလေးလေး ပိုမိုစိတ်ဝင်စားလာအောင် ကူညီပေးခြင်းက ကျောင်းနေအရွယ်ကလေးဘဝမှာလည်း သူတို့ကို ပိုမိုအရည်အချင်းရှိစေဖို့ စေဖို့ ကူညီပါလိမ့်မယ်။ သူတို့ဟာ အသစ်အသစ်သောအရာတွေကိုလည်း လွယ်လွယ်ကူကူနဲ့ပဲ စိတ်ဝင်စားတတ်လာပါလိမ့်မယ်။

၂။ ရိုးရှင်းသော အဖြေနှင့် အသေးစိတ်အဖြေအကြား ခြားနားချက်တွေရှိပါတယ်

ကလေးတွေဟာ တုံးတိတိအဖြေတွေကို ရလိုက်ကြတဲ့အခါ သူတို့ဟာ နောက်ထပ်မေးခွန်းတွေ မမေးကြတော့ပါဘူး။ ဒါ့ကြောင့်လည်း သူတို့ဟာ နောက်ထပ်သင်ယူလို့ မရတော့ပါ။ သင့်ရဲ့ အဖြေတွေထဲမှာ အသေးစိတ်အချက်အလက်တွေကို ထည့်ပေးခြင်းက သင်နှင့် သင့်ကလေးအတွက် ပိုမိုရင်းနှီးစေနိုင်ပြီး အချိန်ကြာကြာစကားပြောလို့ ရနိုင်ရုံသာမက ပိုကောင်းတဲ့ ခေါင်းစဉ်တစ်ခုကို ဦးတည်နိုင်ပါတယ်။ မေမေတို့လေ့လာကြည့်နိုင်ဖို့ ဥပမာတစ်ခုမျှဝေချင်ပါတယ်။ မေမေတို့ကလေးက မေမေတို့ကို ‘ ဘာကြောင့် ငိုနေတာလဲ’လို့ မေးတဲ့အခါ ‘လူကြီးတွေလဲ ငိုကြတာပဲ’လို့ ပြန်မဖြေသင့်ပါဘူး။ ဒီလိုဆိုရင် စကားဝိုင်းက အဲ့ဒီ့နေရာမှာတင်ပြီးဆုံးသွားပါလိမ့်မယ်။ အဲ့ဒီ့အစား ‘ခြေထောက်တွေ နာနေတယ်’ လို့ ဖြေလိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ‘ဘာကြောင့်နာနေတာလဲ’ ‘ငါမင်းကို ဘယ်လိုကူညီရမလဲ’ ‘ဘာနဲ့ ထိခိုက်မိတာလဲ’…… စတဲ့ စကားလုံးတွေနဲ့ စကားဆက်ပြောနိုင်ပါတယ်။

၃။ အသေးစိတ်အချက်အလက်တွေကို ရှာတွေ့တဲ့အခါ သင်တို့နှစ်ဦးစလုံးအတွက် အသစ်အသစ်တွေကို ရှာတွေ့ပါလိမ့်မယ်

မိဘတွေအနေနဲ့ ကလေးကို ဘာဖြေရမယ်ဆိုတာ မသိဘူးဆိုရင် ကလေးနှင့်အတူ အဖြေကို အတူတူရှာဖွေကြဖို့ ပြောပါ။ ‘ငါမသိဘူး’လို့ တုံးတိတိ အသိဉာဏ်မဲ့စွာ ဖြေမယ့်အစား အတူတကွကြိုးစားကြည့်တာက ပိုပြီး အရာထင်ပါလိမ့်မယ်။ ဒါ့အပြင် အသစ်အသစ်သောအရာတွေနှင့် စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို သင်ယူခြင်းက သင်ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့အရာတစ်ခုခုကိုလည်း သိရနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref- brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here