Home Parenting Child Care ကလေးတွေရဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး သိချင်စိတ်ပြင်းပြခြင်းရဲ့ အကျိုးကျေးဇူးများ

ကလေးတွေရဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး သိချင်စိတ်ပြင်းပြခြင်းရဲ့ အကျိုးကျေးဇူးများ

0
ကလေးတွေရဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး သိချင်စိတ်ပြင်းပြခြင်းရဲ့ အကျိုးကျေးဇူးများ

ကလေးတွေဆီက မထင်မှတ်ထားတဲ့ မေးခွန်းကြောင့် မေမေတို့ တစ်ခါတစ်လေမှာ အံ့သြပြီး ဖြေဖို့ခက်တာလေးတွေ ရှိတတ်ကြပါတယ်။ ကလေးတွေရဲ့ စူးစမ်းလိုစိတ်က အကန့်အသတ်မရှိပုံရပြီး သူတို့ နားမလည်တာမှန်သမျှ၊ အာရုံစူးစိုက်မှုကို တွန်းအားပေးတဲ့ အရာတိုင်းကို မေးခွန်းထုတ်တတ်ကြတယ်။ ဒါကြောင့် ကလေးတွေမေးတတ်တဲ့ မေးခွန်းတွေကို စိတ်ချယုံကြည်စွာ တုံ့ပြန်နိုင်ဖို့ လူကြီးတွေ ပြင်ဆင်ထားဖို့ လိုပါတယ်။ သာမာန်အားဖြင့် ကလေးတွေဟာ အသက် ၃ နှစ် ဝန်းကျင်မှာ သူတို့ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းက ရင့်ကျက်လာတဲ့အခါ မေးခွန်းတွေ အများကြီး မေးလာကြပါတယ်။ ထို့အပြင် ကြီးပြင်းလာသည်နှင့်အမျှ ကလေးတွေက ပတ်ဝန်းကျင်ကို ရှာဖွေလာကာ ကမ္ဘာကြီးကို ကွဲပြားစွာ မြင်လာကြပါတယ်။

ကလေးတွေရဲ့ အဆုံးမဲ့တဲ့မေးခွန်းတွေက မိဘများအတွက် အစမှာတော့ အပျင်းပြေ စေနိုင်ပါတယ်။ နောက်ပိုင်းမှာ မေးခွန်းများစွာကို ဆက်တိုက်ဖြေရန် ပင်ပန်းနိုင် တဲ့အတွက် စိတ်ရှည်သည်းခံမှု များစွာဖြင့် ပြင်ဆင်ထား သင့်ပါတယ်။ မိသားစုဆီကနေ နေ့တိုင်း အသစ်အဆန်းတွေ သင်ယူရတာက သူတို့အတွက် အမြဲပျော်စရာ ကောင်းပါတယ်။ သူတို့ ပတ်ဝန်းကျင်က လူကြီးတွေက သူတို့ရဲ့ လမ်းပြတွေဖြစ်ပြီး စကြဝဠာရှိ အသိပညာအားလုံးကို သိနိုင်တဲ့လို့ တွေးထင်တတ်ကြပါတယ်။ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ မိဘတွေက ကလေးရဲ့ မေးခွန်းအားလုံးကို အဆိုးမြင်စွာ တုံ့ပြန်ပါက သူတို့ရဲ့ သိချင်စိတ်နှင့် သင်ယူလိုစိတ် ဆုံးရှုံးသွားနိုင်တဲ့အတွက် ကလေးတွေမှာ အဖြစ်များဆုံး မေးခွန်းတွေကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။

ကလေးတွေက ဘာတွေမေးလေ့ရှိတာလဲ?

  • ဘာလို့ မိုးရွာတာလဲ?
  • ကလေးတွေက ဘယ်ကလာတာလဲ?
  • ဘာလို့ နှင်းကျတာလဲ?
  • ကောင်းကင်ကြီးက ဘာလို့ပြာနေတာလဲ?
  • သမုဒ္ဒရာထဲမှာ ဆားဘယ်လောက်ရှိလဲ?
  • လူတွေဘာကြောင့်သေတာလဲ?
  • အိမ်မှုကိစ္စတွေနဲ့ အိမ်စာဘယ်လိုလုပ်ရမှာလဲ?
  • ငှက်တွေ ဘယ်လိုပျံနိုင်တာလဲ?
  • ဘာလို့ကျောင်းတက်ရတာလဲ?
  • ဘာလို့ အစားစားဖို့ လိုအပ်တာလဲ?
  • လူတွေက ဘယ်ကနေရောက်လာတာလဲ?
  • ဟိုဟာကဘာကြီးလဲ, ဒါကရောဘာကြီးလဲ?

စတဲ့ မေးခွန်းတွေ အများကြီး မေးတတ်ကြတာမို့ တစ်ခုခုကို စိတ်ဝင်စားကြောင်း သတိပြုမိနိုင်ပါတယ်။ အသက်အရွယ်နှင့် သင့်လျော်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကလေးရဲ့ မေးခွန်းအားလုံးကို ဖြေဆိုရန် ကြိုးစားရမှာက မိဘတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ မေးခွန်းတွေ အများကြီးမေးတတ်တဲ့ ကလေးတွေရဲ့ အကျိုးကျေးဇူး အချို့ကိုလည်း ဖော်ပြပေး လိုက်ပါတယ်။

သိချင်စိတ်ပြင်းပြခြင်းရဲ့ အကျိုးကျေးဇူးများ

  • သူတို့ရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးတယ်။
  • စိုးရိမ်ပူပန်မှုများကို ကျော်လွှားရန် ကူညီပေးသည်။
  • လူအချင်းချင်း ဆက်ဆံရေးကို နှစ်သက်သည်။
  • အသစ်သောအရာများကို သင်ယူနိုင်စွမ်းကို တိုးစေသည်။
  • စာဖတ်ခြင်းတွင် စိတ်ဝင်စားမှု တိုးစေပါသည်။
  • သူတို့ရဲ့ ဆက်သွယ်ရေးစွမ်းရည်ကို တိုးတက်စေတယ်။
    မေးခွန်းထုတ်တတ်တဲ့ ကလေးတွေက အမြဲတမ်းတော့ ချစ်ဖို့ကောင်းနေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မေမေတို့ အလုပ်ရှုပ်နေချိန်မှာ ကလေးရဲ့ သိချင်မှုတွေက အနှောင့်အယှက်တွေလို ဖြစ်နေတတ်တယ်။ အရာရာကို မေးခွန်းထုတ်တတ်တဲ့ ကလေးတွေက အရာအားလုံးကို သူတို့ရဲ့ ဦးနှောက်မှာခွဲခြမ်းစိတ်ဖြာနေတဲ့ အတွက် မှန်ကန်တဲ့အတွေးအခေါ်တွေနဲ့ သိမြင်နိုင်မှုကို ရှာဖွေနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်လေးတွေ အများစုက မေးခွန်းထုတ်တတ်တဲ့ သူတွေချည်းပဲမလို့ သင့်ရဲ့ကလေးကလည်းဉာဏ်ကြီးရှင်လေးတွေ ဖြစ်နိုင်ပါတယ်။

Chit_May_May

Nadi

ref-youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here