ကလေးတွေရဲ့ ဝန်းကျင်မှာ ခန္ဓာကိုယ် အပြုသဘောဆောင်ခြင်းရဲ့ အရေးပါမှု

0
149
- Advertisement -

ကလေးတွေဟာ ရေမြှုပ်တွေလိုပါပဲ – မိဘတွေမှာ မြင်တွေ့ရသမျှ အရာအားလုံးကို သင်ယူကြပါတယ်။ မိဘတွေပြောသမျှကို နားထောင်တတ်ကြပြီး မိဘတွေ လုပ်သမျှကို တုပတတ်ကြပါတယ်။ ဒီအချက်ကို စိတ်ထဲမှာထားပြီး မိဘတွေအနေနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ပေးဖို့သာမက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုနှင့် ပုဂ္ဂိုလ်ရေးတိုးတတ်မှုတွေကို ပြုစုပျိုးထောင်ဖို့က ကြီးလေးတဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတွေရဲ့ ခန္ဓာကိုယ်အကြောင်းနှင့် ပတ်သတ်ပြီး ကျွန်မတို့ ပေးပို့တဲ့ မက်ဆေ့ချ်တွေမှာ ကြီးမားတဲ့အလေးချိန်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ ကလေးတွေကို ခန္ဓာကိုယ်ရဲ့ အပြုသဘောဆောင်ခြင်းအကြောင်း သင်ကြားပေးဖို့လိုအပ်သလို ကလေးတွေရဲ့ ရုပ်ဆင်းသဏ္ဍာန်၊ ခန္ဓာကိုယ်ပုံပန်းနှင့်ပတ်သတ်ပြီး ကျီစယ်နောက်ပြောင်တာ၊ ဟာသလုပ်တာ မဖြစ်သင့်ပါဘူး

မိဘတွေအနေနဲ့ သားသမီးရှေ့မှာ သူတို့ရဲ့ ရုပ်ဆင်းသဏ္ဍာန်ကို ဝေဖန်ခြင်းက ကြီးမားသော အကျိုးဆက်များရှိနိုင်တာကို သတိပြုမိဖို့ အရမ်းအရေးကြီးပါတယ်။ သင်ဟာ သင့်ကလေးတွေကို သူတို့ရဲ့ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန်နှင့် ပတ်သတ်ပြီး မလုံခြုံမှုတွေ ပေးချင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို တတ်နိုင်သလောက် ကျန်းမာသောနည်းဖြင့် ချစ်ဖို့ ကူညီရပါမယ်။

Body positivity နှင့် ကလေး

- Advertisement -

ဘာလို့များ သူများတွေလို သွယ်သွယ်လျလျလေး မမွေးလာရတာလဲ? သူများခြေထောက်လေးတွေဆို လှလိုက်တာ၊ ငါ့ကျတော့ ရုပ်ဆိုးလိုက်တာလို့ တစ်ခါတလေ ကျွန်မတို့မှာ အားငယ်စိတ်တွေ ရှိတတ်ကြပါတယ်။ တခါတလေမှာ ဒီလိုခံစားချက်ဖြစ်တာ လူ့သဘာဝဖြစ်ပေမယ့် သင့်ကလေးဟာ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို အမြဲသတိထားနေရတယ်ဆိုတဲ့ ခံစားချက် အမြဲတမ်း ကြီးထွားနေဖို့ မလိုအပ်ပါဘူး။ သူတို့ကျန်းမာရေးကို သူတို့ဂရုစိုက်ဖို့က အများကြီး ပိုအရေးကြီးပါတယ်။ ဒီအချက်ကို စိတ်ထဲမှာထားပြီး သင့်ကလေးတွေကို စံနမူနာကောင်းပြသဖို့ ကောင်းမွန်သော ဥပမာတစ်ခု ပေးသင့်ပါတယ်။

သူတို့ကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ နှိမ့်ချတတ်တဲ့ မိဘများ

ကလေးတွေဟာ သူတို့မိဘတွေက အခြားသူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် (သို့) အသွင်အပြင်ကို ဝေဖန်တဲ့အခါ မိဘတွေက ဒီအပြန်အလှန်တုံ့ပြန်မှုကို လက်ခံနိုင်တယ်လို့ ထင်မြင်ကြပါလိမ့်မယ်။ သို့သော် ဒါက နှုတ်ဖြင့် အန္တရာယ်ရှိသော စကားလုံးတွေဖြစ်ပါတယ်။ ဒီနှုတ်ဖြင့် တုံ့ပြန်မှုပုံစံကို တွေ့မြင်ရသော ကလေးတွေဟာ ဒါကိုလုံးဝပုံမှန်ဖြစ်တဲ့အရာလို့ စိတ်စွဲမှတ်သွားနိုင်ပါတယ်။ ကလေးတွေအနေဖြင့်လည်း သူတို့ရဲ့ ကိုယ်ပိုင်ဆက်ဆံရေးမှာလည်း ထိုအကျင့်ကို ကျင့်သုံးနိုင်ပါတယ်။

သင့်ကလေးတွေကို ခန္ဓာကိုယ် အပြုသဘောဆောင်ခြင်းအကြောင်း သင်ကြားပေးခြင်း

မိဘတွေအနေနဲ့ ကလေးတွေကို ပေးပို့နိုင်သော အကောင်းဆုံးမက်ဆေ့ချ်က လှပမှုက မတူညီတဲ့ ပုံစံနဲ့ လာတယ်ဆိုတာပါ။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာနှင့် ပတ်သတ်သော အရေးကြီးဆုံး ရည်မှန်းချက်တစ်ခုက ကျန်းမာဖို့ဖြစ်ပါတယ်။ သင့်ကလေးရဲ့ အတွင်းပိုင်းစိတ် အလှအပကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ကလေးအား ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နည်းနည်း ထူးခြားတဲ့ မော်ဒယ်တွေကို ညွန်ပြပါ။ သင့်ကလေးတွေဟာ သူတို့ရဲ့ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွေကို လက်ခံနိုင်စေဖို့ ဒါက အပြုသဘောဆောင်တဲ့ စေ့ဆော်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

မိဘတွေဟာ ကလေးတွေ လုပ်တဲ့အရာနှင့် သူတို့လုပ်ဆောင်ပုံတွေကို သတိပြုဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို သင်ကြားပေးလိုတဲ့ မက်ဆေ့ချ်အမျိုးအစားကို စဉ်းစားဖို့နှင့် ခန္ဓာကိုယ်ရဲ့ အပြုသဘောဆောင်မှုအကြောင်းကို သင်ကြားပေးဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်နှင့်ပတ်သတ်တဲ့ မကျေနပ်မှုတွေကို အကောင်းဆုံးကာကွယ်နိုင်သောဆေးဟာ ကျန်းမာသောအလေ့အထတွေကို လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်နှင့် ဆက်နွယ်သော အရာတစ်ခုခုကို သင်မကျေနပ်ရင် စိတ်ကျေနပ်မှုကို ပန်းတိုင်သစ်တစ်ခုအဖြစ်သို့ပြောင်းလဲပါ။

ကျွန်တော်တို့ အားလုံးဟာ မတူညီတဲ့ အလှအပအမျိုးအစားတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာပုံစံက တစ်ယောက်နဲ့ တစ်ယောက်မတူလို့ပါ။ မိမိကိုယ်ကို ဘယ်လိုမြင်လဲဆိုတာကို သင်ကောင်းကောင်းခံစားချင်ရင် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သင့်ကလေးနှင့်အတူ ခန္ဓာကိုယ်ပုံရိပ်နှင့် ပတ်သတ်သော ပြဿနာတွေကို ကျော်လွှားဖို့ ဆန္ဒရှိပါ၊ ထို့အပြင် သူတို့ရဲ့ အားနည်းချက်တွေကို အပြုသဘောဆောင်သော ရှုထောင့်မှ ရှုမြင်တတ်အောင် သင်ပေးပါ။

Lifestyle_Myanmar

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here