
ကလေးတွေရဲ့ အပြုအမူဆိုင်ရာ ပြဿနာများဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့ စာတစ်ပုဒ်တင်ပေးခဲ့ပါတယ်။ ခုမျှဝေပေးချင်တာကတော့ အဲ့ဒီ့အပြုအမူဆိုင်ရာ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေချင်ပါတယ်။

၁။ လေးစားမှုမရှိခြင်းနဲ့ ပြန်ခံပြောခြင်းကို ပြသခြင်း
တကယ်လို့ သင့်ကလေးဟာ သင်ပြောတဲ့အခါ လိုက်နာပြီး ပြန်ပြောနေတာမျိုးဆိုရင် လျစ်လျူရှုထားလိုက်ပါ။ တကယ်လို့ အပြုအမူတွေက ခြိမ်းခြောက်တာမျိုး (သို့) ဖျက်လိုဖျက်ဆီးလုပ်ချင်တာမျိုးမဟုတ်ဘူးဆိုရင် ပြန်ခံပြောတာကို လျစ်လျူရှုခြင်းဟာ အဆင်ပြေပါတယ်။ ကလေးဟာ သင့်ရဲ့ အမိန့်တွေကို နာခံပြီး ပြန်ခံပြောတယ်ဆိုတာက သင်ပြောတဲ့အရာတွေကို တန်ဖိုးထားနေသေးတာကြောင့် သူတို့မလုပ်ချင်ဘူးဆိုရင်တောင်လုပ်ပေးပါလိမ့်မယ်။ သင့်အနေနဲ့ ဒေါသဖြစ်တာက အဆင်ပြေပေမယ့် လေးစားမှုမရှိတာကတော့ အဆင်မပြေကြောင်း ပြောပြပါ။

မေမေတို့ရဲ့ ကလေးဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ခြားလူတွေကိုပါ ခြိမ်းခြောက်တာတွေလုပ်နေပြီဆိုရင် မေမေတို့အနေနဲ့ မေမေတို့ကလေးကို အာရုံစိုက်ပေးဖို့ လိုအပ်နေပါပြီ။ ဥပမာ သူတို့ပြောတဲ့အရာလေးတွေကိုလိုက်လုပ်ပေးဖို့ လိုအပ်နေပါပြီ။ သူတို့ကို ဂရုတစိုက်ကိုင်တွယ်ပါ။
နောက်ဆုံးဂရုစိုက်ရမှာက သင်ဟာ ကလေးရှေ့မှာ တစ်ခြားလူတွေနဲ့ ဘယ်လိုဆက်ဆံမိသလဲဆိုတာ ပြန်သတိရပါ။
၂။ စကားလုံးရိုင်းရိုင်းစိုင်းစိုင်းများပြောခြင်းကို ကိုင်တွယ်ခြင်း

ပထမဆုံးကလေးရဲ့ ရှေ့မှာ မေမေတို့အနေနဲ့ ဒီစကားလုံးတွေကို မသုံးမိဖို့ သေချာစေပါ။ သင်မပြောဘူးဆိုတာ သေချာပြီဆိုရင် ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြပါ။ လူယဉ်ကျေးတစ်ယောက်ရဲ့ အပြုအမူလည်း မဟုတ်ကြောင်း နားလည်အောင်ရှင်းပြပါ။ တစ်ခါတလေမှာလည်း အပေးအယူလေးတွေ သုံးသင့်ပါတယ်။ တကယ်လို့ မေမေတို့အနေနဲ့ ကလေးရှေ့မှာ ဒီလိုစကားလုံးမျိုး ပြောမိရင်လည်း ချက်ချင်းတောင်းပန်ပါ။ နောက်ပြီး မေမေတို့ရဲ့ ကလေးတွေကို ပြန်လည်သတိပေးဖို့ မှာထားပါ။
၃။ ရန်လိုသော အပြုအမူများကို ကိုင်တွယ်ခြင်း

ဒီနေရာမှာ အလွယ်ကူဆုံးနည်းလမ်းက ကလေးတွေကို ပြန်အော်လိုက်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်မယ်ဆိုရင် သင့်အနေနဲ့ မှားယွင်းတဲ့အရာတွေကို သင်ပေးနေခြင်းဖြစ်ပါတယ်။ သင့်ရဲ့ ကလေးတွေဟာ သူတို့ရဲ့ လှုံ့ဆော်မှုတွေနဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမယ်ဆိုတာ သင်ယူဖို့ သင့်ကို မျှော်ကြည့်နေကြပါတယ်။ ဒါ့ကြောင့် သင့်အသံကို မြှင့်တင်ရမယ့်အစား သင့်ရဲ့ အသံကို လျှော့ချပြီး အေးဆေးတည်ငြိမ်စွာပြောပါ။ သူတို့ရဲ့ခံစားချက်တွေကို ရောင်ပြန်ခံစားပါ။ စာနာပါ။ ရိုက်ခြင်း၊ ကန်ခြင်း..စသော မိဘမဆန်သော လုပ်ရပ်တွေကို မလုပ်ပါနဲ့။ သူတို့ကို ရွေးချယ်စရာပေးပါ။ ဥပမာ- ဒေါသထွက်နေတဲ့အခါ ရင်ဖွင့်ဖို့၊ ပန်းချီဆွဲခြင်း၊ စာရေးခြင်းနဲ့ အားကစားတစ်ခုခုနဲ့ ဖွင့်ထုတ်စေပါ။
၄။ လိမ်လည်ခြင်းကို ကိုင်တွယ်ခြင်း

သင့်နဲ့ နှိုင်းပြီး ကလေးကို မကြည့်ပါနဲ့။ ကလေးရဲ့ လိမ်လည်ခြင်းတွေကို ဘယ်အရာက လှုံ့ဆော်ပေးနေတယ်ဆိုတာ သင့်ရဲ့ ကလေးရဲ့ ရှုထောင့်ကနေ ကြည့်ပါ။ အမှန်တရားက ဆိုးကျိုးတွေသက်ရောက်နိုင်တယ်ဆိုတာကို ကြောက်ရွံ့မိတဲ့အခါ ကလေးတွေဟာ လိမ်တတ်ကြပါတယ်။ သင့်ရဲ့ လိမ်ပြောခြင်းကို ကာကွယ်ဖို့အပျက်သဘောအပြစ်ပေးခြင်းထက် အကောင်းမြင်မှုကို တန်ဖိုးထားပါ။ သူတို့ကို ရိုးသားဖို့ သင်ပေးပါ။ စံပြဖြစ်ခြင်းရဲ့ စတင်ပါ။ တစ်ဆက်တည်းမှာပဲ လိမ်လည်ခြင်းရဲ့အကျိုးဆက်တွေကို ခံယူစေပါ။
Chit_May_May
Nyein_Thu
Ref-momjunction