ကလေးတွေရဲ့ အသိဉာဏ်ထဲကို ရိုက်သွင်းနေတဲ့ ခေတ်နောက်ကျပြီးတော့ အန္တရာယ်ရှိတဲ့အကြံညဏ်များ

0
5424
- Advertisement -

ကျွန်မတို့မှာ ရှိသမျှက ကျွန်မတို့ကလေးပျော်ရွှင်ပြီးတော့ အောင်မြင်တဲ့လူကြီးတွေအဖြစ်ကြီးပြင်းလာစေချင်ကြတယ်။ ဒါ့ကြောင့်လည်း ကျွန်မတို့ဟာ ဒီရည်မှန်းချက်တွေကိုအောင်မြင်အောင် ကူညီနိုင်တဲ့နည်းစနစ်မျိုးစုံအသုံးပြုကြတယ်။ ကျွန်မတို့ကလေးတွေကို လူကြီးစကားနားထောင်ဖို့နှင့် လေ့လာအာရုံစူးစိုက်တတ်ဖို့ သင်ကြားပေးနေပေမယ့် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့ ကျွန်တော်တို့ရဲ့ သင်ခန်းစာတွေအမြောက်အများရှိနေပါတယ်။ နောက်ဆယ်နှစ်နေရင် ဘာတွေဖြစ်လာနိုင်မလဲ။

လူကြိုက်များပြီးတော့ ကျယ်ပြန့်စွာပျံ့နှံ့နေတဲ့ အတွေးအခေါ်တွေဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေအတွက်တော့ အကျိုးကျေးဇူးတွေရရှိဖို့ မသေချာတော့ပါဘူး။ ခေတ်သစ်ပြဿနာတွေအတွက် ခေတ်သစ်ဖြေရှင်းနည်းတွေလိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မိဘတွေအနေနဲ့ ကလေးတွေအပေါ်မှာ စည်းကြပ်ခြင်းကို ရပ်တန့်သင့်ပါတယ်။ ဒီကနေ့မှာ အသုံးမ၀င်တော့တဲ့ ခေတ်နောက်ကျနေတဲ့အယူအဆတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

၁။ ကျွန်မတို့ကလေးကသာ အကောင်းဆုံးကိုရလိမ့်မယ်

- Advertisement -

ပျက်စီးယိုယွင်းနေတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက လွယ်ကူတဲ့အလုပ်တစ်ခုပါတဲ့။ ပျက်စီးယိုယွင်းနေတယ်ဆိုတာက အခြားသူတွေရဲ့ အလိုဆန္ဒကို အသိအမှတ်မပြုလိုတဲ့ဆန္ဒရှိတဲ့ ကလေးကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးကို အလွန့်အလွန်အလိုလိုက်တဲ့အခါ အရွယ်ရောက်သူတစ်ဦးအနေနဲ့ ကလေးကမိမိရဲ့ရန်သူဖြစ်လာတတ်ပါတယ်။ စွဲလမ်းမှု၊ တာ၀န်ယူမှုကင်းမဲ့ခြင်းနှင့် လူမှုရေးကျွမ်းကျင်မှုညံ့ဖျင်းခြင်းတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လူတွေကို သူတို့ရဲ့အကျိုးအတွက် အသုံးချတတ်ခြင်းက ပျော်ရွှင်မှုကို မပေးစွမ်းနိုင်ပါဘူး။

အကောင်းဆုံးနည်းလမ်းအနေနဲ့ နယ်နိမိတ်သတ်မှတ်ပေးခြင်း၊ ကလေးရဲ့တာ၀န်တွေကို ဆုံးဖြတ်ခြင်း၊ သူတို့ရဲ့အပြုအမူတွေကို ဂရုပြုခြင်းနှင့် မိဘတွေနှင့်အခြားလူတွေအပေါ်မှာ မလေးစားမှုကို ပြသခြင်းမပြုဖို့ သွန်သင်သင့်ပါတယ်။ ကလေးတစ်ယောက်ကို အလုပ်သမားတွေကို တန်ဖိုးထားလေးစားဖို့မှင့် ငွေတန်ဖိုးကို သိတတ်နားလည်ဖို့ သင်ကြားပေးခြင်းကလည်း အကျိုးရှိတဲ့သွန်သင်နည်းတစ်မျိုးပါပဲ။

၂။ အရွယ်ရောက်သူတွေရဲ့ စကားကိုအမြဲနားထောင်စေခြင်း

မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေကို အမြဲတမ်းစကားနာထောင်စေချင်ကြတယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတမ်းစည်းမျဥ်းစည်းကမ်းတွေကို နာခံခြင်းနှင့် ကစားခြင်းရဲ့အလေ့အကျင့်တွေဟာ သူတို့သားသမီးတွေရဲ့အနာဂတ်အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ မတွေးမိကြဘူး။

ဒီလိုကလေးတွေကြီးပြင်းလာတဲ့အခါ ပတ်၀န်းကျင်မှာ ရပ်တည်နိုင်ဖို့ အခွင့်အလမ်းတွေနည်းပါးကြတယ်။ သူတို့ဟာ ခြယ်လှယ်သူတွေနှင့် သစ္စာမဲ့သူတွေရဲ့သားကောင်တွေဖြစ်လာကြတယ်။ သူတို့ဟာ မေးခွန်းတွေမမေးတတ်ကြတော့ဘဲ အမိန့်တွေကိုသာ တွင်တွင်နာခံတတ်လာကြတယ်။ နောက်ပြီးသူတို့ရဲ့လုပ်ရပ်တွေအတွက်လည်း တာ၀န်မယူနိုင်ကြတဲ့သူတွေဖြစ်လာကြတယ်။ ဒါ့ကြောင့် သင့်ကလေးကို ”no”လို့ ဘယ်လိုပြောဆိုရမယ်၊ ထင်မြင်ယူဆချက်တွေကို မဖြစ်မနေထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်ဆိုတာ သွန်သင်ဆုံးမပေးပါ။

၃။ ကျောင်းမှာ အဆင့် (A)သာ ကောင်း၏။ အဆင့် (C)မှာ မကောင်း

သင့်ကလေးတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေကို သူတို့ဘ၀တစ်လျှောက်လုံးခံစားရစေဖို့သေချာတဲ့နည်းလမ်းတစ်ခုကတော့ ”ကျောင်းသားတစ်ဦးရဲ့ ဖြောင့်ချက်လက္ခဏာ”တွေကို အသုံးပြုခြင်းပါပဲ။ မိဘတွေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တဲ့အရာတွေရဲ့ ရှုံးနိမ့်မှုတွေက ဆက်ဆံရေးကိုဘယ်လိုနည်းနှင့်မှ မထိခိုက်စေကြောင်းရှင်းပြပါ။

လက်တွေ့စိတ်ပညာရှင်Dr.Stephanie O’Learyက အကြောင်းရင်းများစွာကြောင့် ရှုံးနိမ့်ခြင်းက ကလေးတွေအတွက် အကျိုးရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ၎င်းက ကလေးတွေကို ဆိုးကျိုးတွေရင်ဆိုင်ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သင်ကြားပေးပြီး တန်ဖိုးရှိတဲ့အတွေ့အကြုံတွေကို ပေးပါတယ်။ ခက်ခဲတဲ့အခြေအနေတွေမှာ အဖြေတွေရှာဖွေဖို့နှင့် ရှုံးနိမ့်မည်ကို ကြောက်ရွှံ့ခြင်းမရှိဘဲကူညီပေးပါလိမ့်မယ်။ ပထမတစ်ခုက ဘယ်လိုအခက်အခဲကိုမဆို ကျော်လွှားဖို့ အသင့်ရှိနေပြီးတော့ အဆုံးစွန်သော ကလေးတွေက အောင်မြင်မှုမရမှာ ကြောက်ရွှံ့တာကြောင့် မကြိုးစားချင်တာမျိုးဖြစ်တတ်ပါတယ်။

၄။ မတိုက်ခိုက်နဲ့၊ ပြန်မရိုက်နဲ့

လူတစ်ဦးအနေနဲ့ မိမိကိုယ်ကိုဘယ်လိုရပ်တည်ရမယ်ဆိုတာ သိသင့်ပါတယ်။ မိဘတွေဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို စကားမပြောဘဲတိတ်ဆိတ်စွာနေဖို့နှင့် သည်းခံဖို့ သွန်သင်မယ်ဆိုရင် အနိုင်ကျင့်ခံရဖို့ပဲ ပိုများပါလိမ့်မယ်။ သူတို့ဟာ အနာဂတ်မှာယှဥ်ပြိုင်နေတဲ့ပတ်၀န်းကျင်မှာ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။

ဆိုလိုတာက ကလေးနှင့် ပဋိပက္ခဖြစ်နေတဲ့လူတိုင်းနှင့် တိုက်ခိုက်ဖို့ အားပေးအားမြှောက်ပြုဖို့ ပြောနေတာ မဟုတ်ပါဘူး။ ဒီတော့ သူတို့ကို အနိုင်ကျင့်သူတွေကို ဘယ်လိုဆက်ဆံသင့်သလဲ။သူတို့နှင့်အတူ မေးခွန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ ကလေးတစ်ယောက်ဟာ မိမိကိုယ်ကိုကာကွယ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိသင့်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ကလေးကို ဘယ်လိုရပ်တည်ရမယ်ဆိုတာ သင်ကြားပေးခြင်းက ၎င်းတို့အားတစ်သက်တာလက်ဆောင်ပေးခြင်းပါပဲ။

၅။ လေ့လာမှုကိုပဲ အာရုံစိုက်ပါ။ ငါတို့ မင်းအတွက်အမြဲရှိနေမယ်

မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးတွေကို အဓိကအလုပ်တစ်ခုကို အာရုံစိုက်ဖို့နှင့် ကျန်တဲ့ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ကြိုးစားခြင်းက မဖြစ်သင့်ပါဘူး။ ဘယ်သူမဆို multitaskingကျွမ်းကျင်မှုဖွံ့ဖြိုးပြီး သူတို့ရဲ့ဘ၀ကဏ္ဍအားလုံးအတွက် တာ၀န်ယူနိုင်ရပါမယ်။ ၎င်းတို့က အလွန်အကျွံဂရုစိုက်မှုတွေနဲ့ ကြီးပြင်းလာမယ်ဆိုရင် ကလေးတစ်ဦးမှာ မရနိုင်တဲ့အတွေ့အကြုံတွေ မကြာခဏရောက်လာတတ်ပါတယ်။

မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေကို သူတို့ရဲ့ပြဿနာတွေကို ကာကွယ်ဖို့ကြိုးစားတဲ့အခါ ပိုဆိုးပါလိမ့်မယ်။ ဒီလိုကလေးတွေကြီးပြင်းလာတဲ့အခါ မွေးကင်းစကလေးတွေလို တာ၀န်မဲ့စွာပြုမူလေ့ရှိပါတယ်။

၆။ ဘွဲ့ရပြီးနောက် ဒီဂရီဆက်တက်ဖို့

တကယ်လို့ ကလေးက သူတို့ဘာဖြစ်ချင်တယ်ဆိုတာ မသိဘူးဆိုရင် သူတို့မိဘတွေရဲ့ အကြံပြုချက်ကို ရွေးချယ်ဖို့ ပိုများပါတယ်။ ဒီလိုရွေးချယ်မှုက အမှားကြီးတစ်ခုဖြစ်လာနိုင်ပြီးက ကလေးကနောင်တရနိုင်ခြေပိုများပါတယ်။ ဒါကို ရှောင်ရှားဖို့ မိဘတွေက ဆယ်ကျော်သက်တစ်ဦးအပေါ်ဖိအားမပေးဘဲ သူတို့ဘ၀အတွက် အစီအစဥ်တွေကို ခွဲခြားဖို့ အခွင့်အရေးပေးသင့်ပါတယ်။

ဒီလိုအကျိုးဆက်တွေကြောင့် နိုင်ငံများစွာက ဆယ်ကျော်သက်တွေဟာ ကျောင်းပြီးချိန်နှင့် ဒီဂရီအကြားကွာဟချက်ကို အနားယူဖို့ တိုက်တွန်းခြင်းခံရနိုင်ပါတယ်။ ဒီလိုအချိန်အတွင်းမှာ ဆယ်ကျော်သက်တွေဟာ အလုပ်လုပ်နိုင်တယ်၊အလုပ်သင်ရှာနိုင်တယ်(သို့)သင်တန်းအချို့တက်နိုင်တယ်။ သို့သော် အရေးအကြီးဆုံးကတော့ သူတို့အချိန်ကိုအပြည့်အ၀ယူပြီး အနာဂတ်အတွက် သူတို့အစီအစဥ်တွေအကြောင်း စဥ်းစားနိုင်တယ်။

၇။ အချိန်ပိုင်းအလုပ်ဟာ ကလေးကို အာရုံပြောင်းစေတယ်။ လေ့လာတာက ပိုကောင်းတယ်

ဂုဏ်ထူးနဲ့ ဘွဲ့ရဖို့ မလိုပေမယ့်လည်း အချိန်ပိုင်းအလုပ်တစ်ခုရခြင်းက တန်ဖိုးရှိသော အတွေ့အကြုံ၊ လူမှုဆက်သွယ်ရေးတွေနှင့် ကလေးရဲ့အနာဂတ်ကိုပင် ဆုံးဖြတ်နိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ လူငယ်တွေဟာ စောစောစီးစီးအလုပ်လုပ်တဲ့နောက်ဆုံးသတ်မှတ်ရက်တွေကို ဘယ်လိုလိုက်နာရမယ်၊ စာရင်းပြုစုဖို့နှင့် သူတို့ရဲ့ကြီးကြပ်ရေးမှူးတွေဆီက အကြံညဏ်တွေကို ရရှိဖို့ သင်ယူနိုင်ကြတယ်။

ဒီနေ့ကာလမှာ အလုပ်ရှင်တွေဟာ အချိန်ပိုင်းအလုပ်တစ်ခုရဲ့ တန်ဖိုးကို နားလည်ကြတယ်။ ဒါ့ကြောင့် ၎င်းတို့ကကိုယ်ရေးရာဇ၀င်အကျဥ်းကို ကြည့်တဲ့အခါ အချိန်ပိုင်းအလုပ်လုပ်ဖူးသူတွေကို ပိုဦးစားပေးအလုပ်ခေါ်ကြတယ်။

၈။ တစ်ခြားသူတွေက ကျွန်တော်တို့ဘ၀ကိုဆုံးဖြတ်ပေးတယ်

တစ်ချို့လူတွေက သူတို့အတွက်ဆုံးဖြတ်ချက်မချခင် စောင့်ကြည့်ချင်ကြတယ်။ ပြီးတော့ သူတို့သားသမီးတွေကို ထူးခြားစွာမပြောဆိုမိဖို့၊ စကားမပြောဖို့နှင့် တစ်ခြားသူတွေရဲ့ အလုပ်ကို မလုပ်ဖို့ သင်ပေးတယ်။ ဒီလိုကလေးတွေက ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့အကျိုးစီးပွားကို ဖော်ပြခြင်း (သို့) ရပ်တည်နိုင်ခြင်းမရှိဘူး။

နိုင်ငံရေးနှင့် လူမှုရေးစနစ်များ၊ သဘာ၀ပတ်၀န်းကျင်နှင့် သဘာ၀အလှအပများအကြောင်းကလေးတစ်ဦးကို သင်ကြားပေးခြင်းက ပိုကောင်းပါတယ်။ ကျွန်တော်တို့မွေးထုတ်ပေးသင့်တဲ့ စိတ်အားထက်သန်မှုနှင့် သတိရှိမှုတွေက သိပ္ပံပညာဆိုင်ရာအောင်မြင်မှုများ၊ လူမှုရေးစီမံကန်းများနှင့် ဂေဟစနစ်ဆိုင်ရာ အစပျိုးမှုတွေကို ကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ကမ္ဘာကြီးက ပိုမိုကောင်းမွန်တဲ့နေရာဖြစ်လာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here