ကလေးတွေရဲ့ အိပ်မက်တွေနှင့် ပန်းတိုင်တွေကို အောင်မြင်နိုင်စေဖို့ ပံ့ပိုးကူညီနိုင်မယ့်နည်းလမ်း (၅) ခု

0
280
- Advertisement -

ငယ်ရွယ်စဉ်မှာ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာ အင်မတန်စိတ်ကူးယဉ်စရာကောင်းပြီး ပျော်စရာကောင်းသောအရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ တစ်ခါတရံမှာ ကလေးတွေ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာမသိတဲ့အခါမှာ သူတို့ရဲ့ အိပ်မက်တွေနှင့် ပန်းတိုင်တွေအကြောင်း ပံ့ပိုးရှာဖွေပေးခြင်းက အရေးကြီးသောအရာတစ်ခုဖြစ်နေပါတယ်။ ကလေးတွေကို ဖိအားပေးခြင်း (သို့) ဖိစီးမှုတွေမဖြစ်စေဘဲ သူတို့ရဲ့ အရည်အချင်းတွေကို ရှာဖွေတွေ့ရှိဖို့ လမ်းညွှန်ပေးခြင်းမျိုးလုပ်သင့်ပါတယ်။

၁။ အယူသီး(သည်း)ခြင်းတွေကို ရှောင်ကြဉ်ပါ

တစ်ခါတလေမှာ ကျွန်မတို့သဘောကျတဲ့အရာတွေက ရိုးရာအစဉ်အလာတွေရဲ့ အပြင်ဘက်မှာရှိနေတတ်ပါတယ်။ ယောင်္ကျားလေးဆိုတာ ထမင်းမချက်ရဘူး၊ မိန်းကလေးဆိုတာ ဘောလုံးကန်တာ မကောင်းဘူးဆိုတဲ့ အယူအဆတွေကို ဆန့်ကျင်ပြီး ယောင်္ကျားလေးကလည်း ဟင်းချက်ဝါသနာပါနေနိုင်ပြီး မိန်းကလေးကလည်း ဘောလုံးကန်ချင် ကန်ပါလိမ့်မယ်။ ကလေးရဲ့ ဝါသနာနှင့် စိတ်ပါဝင်စားမှုကို အဓိကအာရုံစိုက်သင့်ပါတယ်။

လူတိုင်းက သူတို့ကို ပျော်ရွှင်စေသော ဘယ်လိုနယ်ပယ်မှာမဆို သူတို့ရဲ့ အရည်အချင်းတွေကို လွတ်လပ်စွာမြှင့်တင်နိုင်ပါတယ်။

၂။ လွတ်လပ်ခွင့်ပေးပါ

တစ်ချို့မိဘတွေဟာ သူတို့မဖြစ်ခဲ့ရတဲ့အိပ်မက်တွေအတွက် သူတို့ရဲ့ကလေးတွေဘဝမှာပေါ်မှာ ပုံအပ်ထားတာမျိုးဖြစ်တတ်ပါတယ်။ ကလေးရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့အရာ၊ သူတို့ကို ပျော်စေတဲ့အရာက သင်ဖြစ်စေချင်တဲ့အရာနဲ့ ထပ်တူဖြစ်နေမယ်ဆိုရင် လောကကြီးတစ်ခုလုံးက ပန်းခင်းတွေအပြည့်နဲ့ ပျော်စရာအတိဖြစ်နေပါလိမ့်မယ်။ သူတို့ဝါသနာကို စိတ်ဝင်စားကြောင်းပြခြင်းက သူတို့နှင့်အတူ ပိုမိုကောင်းမွန်သောနှောင်ကြိုးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

၃။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို လှောင်ခြင်း၊ နှိမ်ခြင်းမလုပ်ပါနဲ့

ငယ်ရွယ်စဉ်မှာ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အနုပညာဆန်ခြင်းကနေ လက်တွေ့အထိ ခွဲခြားသိမြင်နိုင်ပါတယ်။ ကြီးပြင်းလာတာနဲ့အမျှ ဒီအရာတွေက သူတို့ကိုယ်ရည်ကိုယ်သွေးရဲ့ တစ်စိတ်တပိုင်းဖြစ်လာကြပြီး ဖန်တီးမှုအားကောင်းသော အနာဂတ်ဆီကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့အများစုက မင်းရဲ့ ဝါသနာက ထမင်းစားလို့ရမှာမဟုတ်ဘူး အသက်မွေးဝမ်းကျောင်းအတွက် (သို့) ဘဝအာမခံချက်အတွက် တစ်ခုခုလုပ်ရင် ပိုကောင်းမယ်စသော စကားစုတွေနဲ့ ကြီးပြင်းလာကြပါတယ်။ အဲဒီ့ချဉ်းကပ်မှုတွေကို ပြောင်းလဲပြီး ကလေးတွေကို ပျော်ရွှင်စေတဲ့အရာတွေကို ဦးစားပေးသင့်ပါပြီ။

၄။ သူတို့ရဲ့ အချိန်ဇယားတွေကို တင်းတင်းကြပ်ကြပ်မလုပ်ပါနဲ့

လူကြီးတစ်ယောက်အနေနဲ့ ကျွန်မတို့ရဲ့နေ့ရက်တွေမှာ လှုပ်ရှားမှုတစ်ခုပြီးတစ်ခုလုပ်ဆောင်ခြင်းက အောင်မြင်တိုးတက်လာခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အားလပ်ချိန်လိုပါတယ်။ ကလေးတွေမှာ ကျောင်းစာတွေအပြင် တစ်ခြားပြင်ပတာဝန်တွေများပြားလွန်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်နိုင်ပါတယ်။

၅။ မတူကွဲပြားသော အရာတွေကို လုပ်ဖို့ ခွင့်ပြုပါ

တူညီသောအရာတစ်ခုကို ထပ်ခါထပ်ခါလုပ်ရင်း ငြီးငွေ့လာတာနဲ့အမျှ ကလေးတွေက တစ်ခြားသော လှုပ်ရှားမှုတွေကို စူးစမ်းလိုကြပါတယ်။ ဒါက သူတို့ရဲ့ ကြီးထွားမှုဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ကို ပံ့ပိုးပေးနိုင်သော နည်းလမ်းတစ်ခုကတော့ သင့်ကလေးစိတ်ဝင်စားနိုင်မယ့် လှုပ်ရှားမှုအသစ်ကို ပြုလုပ်သော သင်တန်းများ၊ ဂိမ်းများ (သို့) နေရာတစ်ချို့ကို ရှာဖွေပြီး တက်တက်ကြွကြွပါဝင်ကူညီပေးဖို့ အရေးကြီးပါတယ်။

Chit_May_May

Nyein_Thu

ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here