Home Parenting Parent Guide ကလေးတွေရဲ့ privacy ကို ချိုးဖောက်ခြင်းက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ?

ကလေးတွေရဲ့ privacy ကို ချိုးဖောက်ခြင်းက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ?

0
ကလေးတွေရဲ့ privacy ကို ချိုးဖောက်ခြင်းက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ?

သင့်ကလေးတွေကို ကာကွယ်ဖို့ နားလည်နိုင်ပေမယ့် မျည်းတားရမယ့်နေရာကို သိဖို့လိုအပ်ပါတယ်။ နယ်နိမိတ်တွေကို ထိန်းသိမ်းခြင်းက သင်နဲ့ သင့်ကလေးတွေအကြား ဆက်ဆံရေးအတွက် ကောင်းမွန်စေနိုင်ပြီး သူတို့ရဲ့ တစ်ဦးချင်းအတွက် ထိုက်တန်သောရှင်သန်မှုကို ရရှိစေပါတယ်။ ကလေးရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခြင်းက အလွန်ပြင်းထန်သော အမှုကိစ္စဖြစ်ပြီး သူတို့ရဲ့ စိတ်ကျန်းမာရေးကို သူတို့အပေါ် ဆိုးကျိုးများစွာသက်ရောက်စေပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ?

၁။ သင့်ကလေးရဲ့ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ခြင်းက သူတို့ဟာ သူတို့ကိုယ်ပိုင်ဖြစ်တယ်ဆိုတဲ့ ခံစားမှုကို လျော့ကျစေပါတယ်

မိဘတွေရဲ့ ထိန်းချုပ်မှုဟာ ကလေးနဲ့ မိဘအကြား ကောင်းမွန်သော ဆက်ဆံရေးအတွက် အလွန်အရေးကြီးပါတယ်။ သို့ပေမယ့် ဒီထိန်းချုပ်မှုဟာ အလွန်ခေတ်နောက်ကျသော အုပ်ထိန်းမှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာစေတဲ့အခါ တစ်ခြားရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ကလေးတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ခြင်းက ၎င်းတို့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးစေပြီး ကျန်းမာသော မိဘ-ကလေးဆက်ဆံရေးရှိသင့်တဲ့ နယ်နိမိတ်ကို ဖျက်စီးခြင်းဖြစ်ပါတယ်။

၂။ မိဘအသွင်အပြင်လိုမျိုး ဖြစ်လေလေ ကလေးတွေက ဖုံးကွယ်တတ်လာပြီး လိမ်တတ်လာလေလေဖြစ်ပါတယ်

သင့်ကလေးတွေကို ပွင့်လင်းပြီး ရိုးသားသောသူများဖြစ်ဖို့ ပျိုးထောင်လိုခြင်းက ကောင်းမွန်သော ဆန္ဒတစ်ခုဖြစ်ပြီး ကျူးကျော်တတ်သော မိဘအုပ်ထိန်းမှုနဲ့ ပျိုးထောင်းမယ်ဆိုရင် ဆန့်ကျင်ဘက်သာဖြစ်လာပါလိမ့်မယ်။ ဒီမိဘအုပ်ထိန်းမှုအမျိုးအစားအပေါ်မှာ ကလေးတွေရဲ့ သဘာဝအတိုင်းတုံ့ပြန်မှုက သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ကွယ်စေနိုင်တာကြောင့် ဖုံးကွယ်ဖို့နှင့် လိမ်ညာခြင်းနည်းကိုသာ အသုံးပြုကြပါတော့တယ်။

၃။ ကလေးရဲ့ ကိုယ်ရေးကိုယ်တာ နေရာတွေကို ချိုးဖောက်ခြင်းက သူတို့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်စေပါတယ်

သင့်ကလေးနဲ့ သင်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားစေခြင်းက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ခြင်းရဲ့ အကြီးမားဆုံးဆိုးကျိုး မဟုတ်သေးပါဘူး။ သင့်ကလေးတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး သူတို့ကို စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းတွေဖြစ်စေနိုင်ပါတယ်။ လျှို့ဝှက်ချက်ဆိုတာမရှိဘူးဆိုတဲ့ စိတ်ထားကို သူတို့မိဘဖြစ်သည်အထိ သယ်ဆောင်သွားနိုင်ပါတယ်။

၄။ ကလေးတွေကို ကိုယ်ရေးကိုယ်တာလုပ်ပိုင်ခွင့်တွေ မပေးတဲ့အခါ ဘဝသင်ခန်းစာတွေကို မသင်ယူနိုင်ကြတော့ပါဘူး

ဘယ်မိဘကမှ ကလေးကို ပြဿနာတက်စေဖို့ ၊ ဒုက္ခရောက်စေဖို့ (သို့) သူတို့ရဲ့ မိခင်နှင့် ဖခင်တွေပြုလုပ်ခဲ့တဲ့ ပုံစံတူအမှားမျိုးတွေဖြစ်စေချင်ကြမှာ မဟုတ်ပါဘူး။ သို့ပေမယ့် သားသမီးတွေကို အမှားလုပ်ခွင့်မပေးဘူးဆိုရင် သူတို့ကိုယ်သူတို့ သင်ခန်းစာယူဖို့ ဘဝရဲ့ နောက်ဆက်တွဲအကြောင်းတွေကို နားလည်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကလေးတွေကို အမှန်တကယ်ထိခိုက်နစ်နာမှုမဖြစ်စေသရွေ့ သူတို့ကို သူတို့နည်းလမ်းအတိုင်း လုပ်ခွင့်ပြုပါ။

၅။ သင့်ကလေးငယ်တွေကို Privacy ကို လွတ်လပ်ခွင့်ပေးသင့်သော နည်းလမ်းများ

သင့်ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လေးစားဖို့နှင့် သူတို့ရဲ့ ကိုယ်ပိုင်လူဖြစ်ခွင့်ကို ပိုအလေးထားချင်တယ်ဆိုရင် သင်လုပ်ဆောင်နိုင်သောအရာတစ်ချို့ရှိပါတယ်။

  • သူတို့အရမ်းထဲမဝင်ခင် တံခါးခေါက်ပါ
  • သူတို့ရဲ့ ဂျာနယ် (သို့) ဒိုင်ယာရီတွေကို မဖတ်ပါနဲ့
  • သူတို့ရဲ့ အီလက်ထရွန်နစ် ကိရိယာတွေနှင့် ပစ္စည်းတွေအပေါ် မလှည့်စားပါနဲ့
  • သူတို့အိတ်ထဲက တစ်ခုခုလိုချင်တဲ့အခါ သူတို့ကို အရင်မေးပါ။
  • ကလေးတွေရဲ့ စကားဝိုင်းကို ခိုးနားမထောင်ပါနဲ့။

၆။ သင့်ကလေးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ခြွင်းချက်အမြဲရှိပါတယ်

သူတို့ရဲ့ ဘဝ(သို့) သုခချမ်းသာကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုရင် သူတို့ရဲ့ လျှို့ဝှက်ရေးကို ကျူးကျော်ဖို့ အဆင်ပြေတဲ့အချိန်တွေလည်းရှိပါတယ်။ သင့်ကလေးက ဘယ်လိုအန္တရာယ်မျိုးမဆို ရှိလာနိုင်တယ်လို့ သင်ယုံကြည်မိတယ်ဆိုရင် သင်က သူတို့ရဲ့ ကာကွယ်သူဖြစ်တာကြောင့် သင်ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေက မှားယွင်းနေတယ်လို့ သင်သံသယရှိလာပြီဆိုရင် တရားမျှတစွာ ကိုယ်ရေးကိုယ်တာကို ကျူးကျော်နိုင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။

Chit_May_May

Nyein_Thu

ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here