Home Parenting Child Care ကလေးတွေရဲ့ Self – Esteem အပေါ် မိသားစုရဲ့ လွှမ်းမိုးမှုများ

ကလေးတွေရဲ့ Self – Esteem အပေါ် မိသားစုရဲ့ လွှမ်းမိုးမှုများ

0
ကလေးတွေရဲ့ Self – Esteem အပေါ် မိသားစုရဲ့ လွှမ်းမိုးမှုများ

ကလေးတွေရဲ့ ကိုယ့်ကိုယ်လေးစားမှုဟာ မိဘတွေ၊ တစ်ခြားမိသားစုဝင်တွေနှင့် အပြန်အလှန်ဆက်ဆံမှုအပေါ် များစွာအကျိုးသက်ရောက်နိုင်ပါတယ်။ တကယ်လို့ သူတို့ဟာ ငယ်စဉ်မှာကတည်းက ကျန်းမာသန်စွမ်းသော မိမိကိုယ်ကိုယ်လေးစားမှု ဖွံ့ဖြိုးလာခြင်းမရှိဘူးဆိုရင် ၎င်းတို့မှာ လုံခြုံမှုကင်းမဲ့ခြင်း၊ ဆုံးဖြတ်ချက်မချနိုင်ခြင်းနှင့် အနာဂတ်ရည်မှန်းချက်များ မချမှတ်နိုင်ခြင်းတို့ တွေ့ကြုံရပါလိမ့်မယ်။

မိသားစုဆိုတာ လူတိုင်းအတွက် ပထမဆုံးထိတွေ့ရသော ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးတစ်ဦးရဲ့ စွမ်းရည်တွေနှင့် အတွေးအမြင်တွေဖွံ့ဖြိုးတိုးတက်လာစေဖို့ အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကလေးတွေရဲ့ မိမိကိုယ်ကိုယ်လေးစားမှုကို လွှမ်းမိုးစေနိုင်သော အချက်များ

ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ အမူအကျင့်၊ ပညာရေးနှင့် အားကစားစွမ်းဆောင်ရည်တွေအားလုံးကို ကိုယ့်ကိုယ်ကိုယ်လေးစားမှုရဲ့ မှတ်တိုင်တွေအဖြစ် စဉ်းစားနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အထူးဂရုစိုက်သင့်ပါတယ်။ လေ့ကျင့်နည်းတစ်ချို့ရှိပါတယ်။

  • တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ကြဉ်ပါ
    -ရုပ်ဆင်းသဏ္ဍာန်ဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးမဟုတ်ကြောင်း ရှင်းပြပါ။
    -ကောင်းမွန်သောအပြုအမူတွေရဲ့ အကျိုးကျေးဇူးတွေကို သူတို့ကို သင်ပေးပါ။

ကလေးတစ်ဦးရဲ့ မိမိကိုယ်ကိုယ်လေးစားမှုကို မြှင့်တင်ပေးနိုင်သော အပြုသဘောဆောင်တဲ့အလေ့အကျင့်များ

ယုံကြည်မှုနှင့် ချစ်ခင်တွယ်တာမှုကို ဖြန့်ကျက်ပါ

ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားခံရတယ်လို့ ခံစားရတဲ့ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေကလည်း မြှင့်တက်လာပါလိမ့်မယ်။ သူတို့ရဲ့ အောင်မြင်မှု (သို့) ကြိုးစားအားထုတ်မှုတွေကို ချီးမွမ်းပေးပါ။ ဒါ့အပြင် ကြိုးစားအားထုတ်မှုရဲ့ တန်ဖိုးကိုလည်း သင်ပေးထားသင့်ပါတယ်။ တစ်နည်းပြောရရင် သူတို့ကို ကြိုးစားအားထုတ်မှုနှင့် မြှပ်နှံခြင်းဟာ သူတို့ရဲ့ ရည်မှန်းချက်အားလုံးကို အောင်မြင်နိုင်စေမယ်ဆိုတာ သူတို့ကို သင်ပေးပါ။ ဒီအချက်ကပဲ သူတို့ရဲ့စိတ်အားထက်သန်မှုကို ထိန်းသိမ်းနေနိုင်မယ့် ရေတိုနည်းလမ်းဖြစ်တယ်ဆိုတာကိုလည်း သင်ပေးပါ။ ရေရှည်အတွက်တော့ ကလေးတွေကို ဇွဲရှိခြင်းရဲ့ အရေးကြီးမှုတွေကို သင်ပေးသင့်ပါတယ်။

ကြိုးစားပြီးမှသာ ကျရှုံးစေပါ

ကလေးတွေကို ကိုယ်တိုင်မလုပ်စေဘဲ အရာရာတိုင်းလိုက်လုပ်ပေးခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်လေးစားမှုပြဿနာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို ကြိုးစားခွင့်မပေးဘူးဆိုရင် သူတို့ဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေးဘဝတစ်လျှောက်လုံးမှာ ကြိုးစားပြီး အောင်မြင်ခဲ့တာမျိုးတစ်ခုမှ မရှိဘူးဆိုရင် သူတို့ရဲ့ အရည်အသွေးနှင့် စွမ်းရည်ကိုလည်း သိနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အရည်အသွေးနှင့် စွမ်းရည်ကို နားမလည်ခြင်းဟာ အနာဂတ်မှာ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။

ရှောင်ကြဉ်သင့်သော အရာများ

အလွန်အမင်းကာကွယ်ခြင်း – ဒီလိုမိဘအုပ်ထိန်းမှုမျိုးဟာ မိဘတွေရဲ့ မလုံခြုံမှုအတွေးတွေကို ရောင်ပြန်ဟပ်နေပါတယ်။ ၎င်းက ရှက်ကြောက်ခြင်း၊ မှီခိုခြင်း၊သီးသန့်နေတတ်လာခြင်း ၊ လုံခြုံမှုကင်းမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးခြင်းတွေဖြစ်တတ်ပါတယ်။

အောင်မြင်မှုကို အနိမ့်ဆုံးသတ်မှတ်ခြင်း – သူတို့ရရှိထားတဲ့ ပန်းတိုင်ကို တန်ဖိုးထားပါ။ သူတို့အတွက် ခက်ခဲလွန်းတဲ့အရာတွေကို အရမ်းလွယ်တယ်လို့ အလွယ်တကူမပြောပါနဲ့။ ဒါဟာလည်း သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို နိမ့်ကျစေနိုင်ပါတယ်။

သူတို့ရဲ့ ပြဿနာအားလုံးကို ဖြေရှင်းခြင်း – သင်ဟာ သင့်ကလေးကို ဒီလိုလုပ်မယ်ဆိုရင် သူတို့ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့စွမ်းရည်တွေကို တားဆီးနေသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် အတားအဆီးတွေကို ကျော်လွှားနိုင်ခြင်းမရှိဘူးလို့ ခံစားရစေပါလိမ့်မယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here