ကလေးတွေရဲ့ Various Stages အလိုက် မိဘအုပ်ထိန်းမှုဆိုင်ရာ သိကောင်းစရာများ

0
63
- Advertisement -

မေမေတို့ရဲ့ မိဘအုပ်ထိန်းမှု ချဉ်းကပ်ပုံက ကလေးရဲ့ဘဝအဆင့်တိုင်းမှာ ပြောင်းလဲရပါတယ်။ ဘာလို့လဲဆိုတော့ အသက်အရွယ်နဲ့ သင့်လျော်တဲ့ နည်းစနစ်တွေ၊ မဟာဗျူဟာတွေကို သုံးဖို့ လိုအပ်တာကြောင့်ပါ။ မေမေတို့အနေနဲ့လည်း မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ဘာလုပ်ပေးရမလဲဆိုတာကို သင်ယူနေဆဲ ဖြစ်တာကြောင့် ကလေးရဲ့အရာရာတိုင်းအတွက် မေမေတို့ပေါ်မှာ မူတည်ပါတယ်။ အောက်ပါအကြံပြုချက်တွေက မေမေတို့ရဲ့ အုပ်ထိန်းမှုစွမ်းရည်ကို တိုးတတ်စေနိုင်ပါတယ်။

“နို့စို့အရွယ်”

၁။ ကလေးငိုနေရင် ပစ်မထားပါနဲ့။ ချက်ချင်းတုံ့ပြန်ပေးပါ။

- Advertisement -

၂။ သူတို့ကို စကားပြောပေးပါ ၊ စာဖတ်ပြပါ၊ သီချင်းဆိုပြပါ။

၃။ သူတို့ရဲ့အသံတွေကို အပြန်အလှန်တုံ့ပြန်ပါ။

၄။ သူတို့ကိုပြုံးပြပါ

၅။ သူတို့စိတ်ပျော်နေတဲ့အခါ အတူတူကစားပေးပါ။

၆။ သူတို့ပင်ပန်းနေပြီလား၊ ဂဂျီဂဂျောင်ကျနေတာလား၊ ဗိုက်ဆာနေတာလား ဆိုတဲ့လက္ခဏာတွေကို ကြည့်ပြီး သူတို့ကို အာရုံစိုက်ပေးပါ။

၇။ သင့်ကလေးကို ကောင်းကောင်း ဂရုစိုက်နိုင်အောင် သင့်ကိုယ်သင် ဂရုစိုက်ပါ။

“လမ်းလျှောက်တတ်ခါစအရွယ်”

ဒီအချိန်က သင့်ကလေးရဲ့ ပင်ကိုစရိုက်ကို ပုံသွင်းနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ကြံ့ခိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာစေဖို့ ကလေးအတွက် ကျန်းမာကြံ့ခိုင်ပြီး အပြုသဘောဆောင်တဲ့ အုတ်မြစ်ချပေးဖို့ အလွန်အရေးကြီးပါတယ်။ အောက်ပါအကြံပြုချက်တွေက ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့ သင့်အား ကူညီနိုင်ပါတယ်။

၁။ သူတို့အတွက် အချိန်ပေးပါ- ဂိမ်းကစားတာပဲ ဖြစ်ဖြစ်၊ ပုံပြင်ပြောပြတာပဲဖြစ်ဖြစ် မေမေတို့ရဲ့ ကလေးငယ်နဲ့ အပြန်အလှန်ဆက်သွယ်မှု လုပ်ပေးပါ။

၂။ စာနာပါ- ကလေးရဲ့ မကောင်းတဲ့ အပြုအမှုကို မတုံ့ပြန်ခင်မှာ သူတို့ရဲ့ပြဿနာကို သူတို့အမြင်နဲ့ ကြည့်ပါ။ တကယ်လို့ သင်ဟာ ကလေးတစ်ယောက်ဖြစ်ခဲ့ရင် သင်ဘာလုပ်မလဲဆိုတာ စဉ်းစားပါ။ အကြောင်းက ထိုအရွယ်မှာ ကလေးဟာ သူတို့ရဲ့အပြုအမှုတွေကို မရှင်းပြနိုင်တာကြောင့် ဖြစ်ပါတယ်။

၃။ သင်ယူဖို့ အားပေးပါ- အသစ်သောအရာတွေကို စူးစမ်းဖို့ ကလေးငယ်ကို လှုံ့ဆော်ပေးပါ။ သူတို့ဘာသာ အစာစားတာမျိုး၊ သွားတိုက်တာမျိုး၊ ရေချိုးတာမျိုး ကြိုးစားမယ်ဆိုရင် ကြိုးစားခွင့်ပြုပါ။ ကောင်းတဲ့အပြုအမှုကို အားပေးပါ။

“မူကြိုအရွယ်”

ကလေးငယ်တွေဟာ မူကြိုကျောင်းသားအရွယ်သို့ ဝင်လာတာနဲ့အမျှ သူတို့ပတ်ဝန်းကျင်ရှိကမ္ဘာကို စိတ်ဝင်စားလာကြပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စတင်ပုံသွင်းလာကြပါတယ်။ မူကြိုကျောင်းသားအရွယ်လေးတွေအတွက် မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြုချက်တွေကတော့-

၁။ ကလေးကို အပေါင်းအသင်းလုပ်တတ်အောင် အားပေးပါ။

၂။ သူတို့ရဲ့ ဘာသာစကားစွမ်းရည် တိုးတတ်အောင်၊ စကားလုံးတွေကို အသုံးပြုတတ်အောင် ကူညီပေးပါ။

၃။ ကလေးကို စည်းကမ်းထိန်းသိမ်းတဲ့နေရာမှာ တသမတ်တည်းရှိပါစေ။

၄။ ကလေးဆီက သင့်မျှော်လင့်ချက်တွေနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းထားပါ။

၅။ အသက်အရွယ်နဲ့ သင့်လျော်တဲ့ ကစားစရာတွေ၊ ဂိမ်းတွေကို ထောက်ပံ့ပါ။

“Mid-childhood”

ကလေးတွေဟာ ဒီအဆင့်မှာ လွတ်လပ်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးစွမ်းရည်တွေ လျင်မြန်စွာ ဖွံ့ဖြိုးလာပါတယ်။ သူတို့ကို ပြုစုပျိုးထောင်ဖို့အတွက် အကြံပေးချက်အချို့ကတော့-

၁။ သင့်ကလေးအား တာဝန်ယူမှုရှိအောင် ကူညီပါ။ သူတို့အတွက် ရည်မှန်းချက်တွေ ထားပေးပါ။

၂။ သင့်ကလေးကို စံပြဖြစ်စေခြင်းဖြင့် အခြားသူတွေကို လေးစားဖို့ သင်ပေးပါ။

၃။ စည်းမျဉ်းစည်းကမ်းတွေနဲ့ အကျိုးဆက်တွေကို သတ်မှတ်ပြီး တစ်သမတ်တည်း ကျင့်သုံးပါ။

၄။ ကလေးနဲ့ ပျော်စရာကောင်းတဲ့ဂိမ်းတစ်ချို့မှာ ပါဝင်ပါ။

၅။ ကလေးကို အားကစားတွေနှင့် သင်ရိုးညွန်းတမ်းပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ တိုက်တွန်းပါ။

“ဆယ်ကျော်သက်”

ကလေးတွေ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာတဲ့အခါ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို တွေ့ကြုံခံစားကြရပါတယ်။ ဒါက စိတ်အပြောင်းအလဲတွေ၊ အမူအကျင့်ဆိုင်ရာ ပြဿနာတွေနှင့် ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့ခံစားချက်တွေ၊ မျှော်လင့်ချက်တွေကို နားလည်ဖို့ ကြိုးစားပေးပါ။ အောက်ပါအကြံပေးချက်တွေက သင့်ကိုကူညီနိုင်ပါတယ်။

၁။ ယုံကြည်မှု- ယုံကြည်မှုကို တည်ဆောက်ခြင်းက နှေးကွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ဆယ်ကျော်သက်ကလေးရဲ့ ယုံကြည်မှုကို ရရှိဖို့ လိုအပ်ပါတယ်။

၂။ သင့်ရဲ့ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းထားပါ- မိသားစုနဲ့ ပတ်သတ်တဲ့အရေးကြီးသော အရာတွေကို မျှဝေပါ။ သို့မှသာ မေမေတို့ရဲ့ ဆယ်ကျော်သက်ကလေးက မေမေတို့ကိုယုံကြည်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မျှဝေနိုင်မှာပါ။

၃။ လေးစားမှု – ဆယ်ကျော်သက်ကလေးက မေမေတို့ကို လေးစားစေချင်တယ်ဆိုရင် သူတို့ကို လေးစားပေးပါ၊ သူတို့ရဲ့အတွေးအခေါ်တွေကို ဆင်ခြင်တုံတရားကင်းမဲ့တယ်၊ ကလေးဆန်တယ်လို့ မဝေဖန်ပါနဲ့။ သူတို့ရဲ့ အတွေးအမြင်၊ ထင်မြင်ချက်တွေနဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး လေးစားပါ။ သူတို့သူငယ်ချင်းတွေရှေ့မှာ သူတို့ကို အပြစ်မတင်ပါနဲ့။ ဒါက သူတို့ရဲ့ self-esteemကို လျှော့ကျစေပါလိမ့်မယ်။

၄။ ပူပင်သောက ဖြေဖျောက်ပေးပါ- သင့်ကို သူတို့လိုအပ်တဲ့အခါ သူတို့အတွက် ရှိနေပေးတယ်ဆိုတာကို အသိပေးပါ။ ဆယ်ကျော်သက်ကလေးတွေက များသောအားဖြင့် အမှီအခိုကင်းလိုသော်လည်း မိဘကို လိုအပ်ပါက ကူညီဖို့ အဆင်သင့်ဖြစ်ကြောင်း သူတို့ကို အာမခံပါ။

၅။ ဂရုစိုက်ပါ- ဆယ်ကျော်သက်ကလေး ဘာလုပ်နေသလဲ(သို့) ဘာစဉ်းစားနေသလဲဆိုတာကို လုံးလုံးလျားလျားအားရုံစိုက်ရပါမယ်။ ဒါက သူတို့ကို လုံခြုံမှု၊ ချစ်မြတ်နိုးမှုနှင့် အထူးခံစားချက်ကို ဖြစ်စေပါတယ်။ ဒီလိုလုပ်ပေးတယ်ဆိုရင် ကလေးဟာ မေမေတို့ကို ချစ်မြတ်နိုးပြီး လေးစားပါလိမ့်မယ်။

၆။ အပြုသဘောဖြင့် ဝေဖန်ပါ- မိဘကောင်းတစ်ယောက်ဖြစ်ခြင်းက သူတို့ကို အမြဲတမ်းကောင်းနေစေချင်တယ်လို့ မဆိုလိုပါဘူး။ သူတို့အမှားတွေလုပ်မိတိုင်းမှာ အပြုသဘောဆောင်တဲ့ တုံပြန်ချက်တွေပေးပြီး ကြင်နာပေးဖို့ပါပဲ။

၇။ သူတို့ကို ဖိအားမပေးပါနဲ့- တစ်ခုခုလုပ်ဖို့ သူတို့ကို အတင်းဖိအားပေးတဲ့အခါ ဆယ်ကျော်သက်တွေ ပုန်ကန်နိုင်ဖွယ်ရှိပါတယ်။ သူတို့ကို တစ်စုံတစ်ခု ပိုဖိအားပေးလေလေ၊ မိဘစကားနားမထောင်နိုင်တဲ့ အခွင့်အလမ်း ပိုများလေဖြစ်ပါတယ်။

၈။ သူတို့ကို စူးစမ်းခွင့်ပေးပါ- သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ခွင့်၊ သူတို့ရဲ့စိတ်အားထက်သန်မှုနောက်ကို လိုက်ခွင့် ၊ အသစ်သောအရာတွေကို စမ်းသပ်ခွင့်ပေးပါ။ သူတို့ရဲ့စိတ်ကူးတွေကို ဖန်တီးခွင့်ပေးပါ။

၉။ အကျင့်ဆိုးတွေကို သတိပြုမိစေပါ- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ရဲ့ ဆိုးကျိုးတွေအကြောင်း ကလေးကို ပြောပြပါ။ သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အကျိုးဆက်တွေကို ရှင်းပြပါ။

မိဘအုပ်ထိန်းခြင်းက မလွယ်ပါဘူး။ မိဘကောင်းတစ်ယောက်ဖြစ်လာဖို့ သင့်ရဲ့အချိန်ကောင်းနဲ့ အားစိုက်မှု အားလုံးလိုအပ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုက သင့်ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှု အဆင့်တိုင်းမှာရှိပါတယ်။ သူတို့ကို ယုံကြည်ပြီး ချစ်ပါ။ မိဘတစ်ယောက်အနေနဲ့ တာဝန်ကျေပေးပါ။ ဒါက သင့်ကလေးအား တာဝန်ယူတတ်တဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ လုံခြုံစိတ်ကျရသော စံပြမိသားစုကို ပေးစွမ်းပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here