ကလေးတွေရှေ့မှာ သူတို့အဖေမကောင်းကြောင်း ဘာကြောင့်မပြောသင့်တာလဲ

0
504
- Advertisement -

သင်က သင့်ကလေးတွေရဲ့ ဖခင်မကောင်းကြောင်းပြောတဲ့အခါ သူတို့လေးတွေကို အမှန်တကယ်ထိခိုက်နစ်နာစေနိုင်ပါတယ်။သင့်ကလေးတွေက လုံခြုံမှုရှိပြီးတော့ ပျော်ရွှင်မှုရဖို့က သင့်ရဲ့ဦးစားပေးဖြစ်သင့်ပါတယ်။

မိဘတစ်ဦးက အခြားမိဘတစ်ဦးကို မကျေမနပ်ပြောဆိုခြင်းက ကွာရှင်းခြင်းအဆင့်တော့မဟုတ်ပါဘူးး။ သင့်ရဲ့ ခင်ပွန်းက သင့်ကိုသစ္စာဖောက်နေတယ်လို့ ခံစားရလျှင် သင့်ဒေါသကို ထုတ်ဖော်ပြောဆိုဖို့ မထိန်းချုပ်ချင်တာကလည်း ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီနေရာမှာ သင့်ကလေးတွေမပါဘူးဆိုတာ သတိရပါ။ သင့်ရဲ့ဦးစားပေးက အမြဲတမ်းသူတို့ကိုကာကွယ်ဖို့နှင့် တတ်နိုင်သမျှကျန်းမာအောင်ထားနိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။

ချစ်ပြီးရင်း ချစ်ပါ

- Advertisement -

ကလေးတွေအတွက် မိသားစုဆိုတာ သူတို့ရဲ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ဗဟိုဖြစ်ပါတယ်။ အမေနှင့် အဖေက သူတို့ရဲ့လုံခြုံရေးပိုက်ကွန်တွေပါပဲ။ သူတို့ပေးတဲ့ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုက သူတို့ရဲ့ပင်ကိုယ်စရိုက်ကို ပုံဖော်ပေးနေတာပါ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေကို သူတို့ကမ္ဘာကြီးကို ရင်ဖွင့်ကြတယ်။

သူတို့လေးတွေကို ချွင်းခြက်မရှိဘဲချစ်ပါ။ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေမရှိစေဘဲ ချစ်ပါ။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပါ။ မိသားစုဆိုတာ လုံခြုံစိတ်ချရတဲ့နေရာဖြစ်ပြီး နေရာအသစ်တွေကို စူးစမ်းလေ့လာဖို့အားပေးဖို့လိုပါတယ်။

တည်ငြိမ်မှုရှိတဲ့ နေရာတစ်ခုဖြစ်ပြီးတော့ ကြောက်ရွှံ့ခြင်းကင်းကင်းနဲ့ သူတို့ကိုကြီးထွားစေဖို့ ခိုင်မြဲသောအမြစ်ကို စိုက်ပျိုးပေးပါ။ မိသားစုဆိုတာ အလွန်အရေးကြီးတာကြောင့် ၎င်းကိုသဟဇာတဖြစ်စေဖို့နှင့် ပျော်ရွှင်စေဖို့ ကျွန်တော်တို့အစွမ်းကုန်လုပ်ဖို့ လိုအပ်ပါတယ်။

သူတို့အဖေကို လွတ်လပ်စွာချစ်ပါစေ

သင်တို့အတူတကွရှိနေရင်တောင်မှ သင့်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ပဋိပက္ခတွေနဲ့ အငြင်းပွားမှုတွေပေါ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေအားလုံးက ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်သူတွေအနေနဲ့ ကျွန်တော်တို့က ဒါတွေကိုအကောင်းဆုံးနည်းဖြင့် ရင်ဆိုင်ကြရတယ်။ ဒါပေမယ့် ၎င်းက သင့်ကလေးရဲ့သုခချမ်းသာကို ဘယ်သောအခါမှ မထိခိုက်သင့်ကြောင်း ရှင်းလင်းစွာတွေ့နိုင်ပါတယ်။ သင်တတ်နိုင်တယ်ဆိုရင်လုံး၀ရှောင်ကြဥ်ပါ။

သင့်သားသမီးအပေါ်မှာ သိသာထင်ရှားတဲ့ဘ၀သက်ရောက်မှုရှိပါလိမ့်မယ်။ ဒီလိုဆိုရင် သင်တို့က သူတို့လေးတွေအပေါ်မှာ သစ္စာဖောက်တာပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ ခွင့်လွှတ်ဖို့ကြိုးစားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဥ်တွေကို ဖြတ်သန်းဖို့လိုပါတယ်။ သင့်ရဲ့ ထိပ်တန်းဦးစားပေးက သင့်ကလေးတွေကို အကာအကွယ်ပေးရမှာ သေချာပါတယ်။ ဒါ့အပြင် ကလေးတွေက သူတို့ရဲ့အဖေကို ချစ်ဖို့နှင့် သူချစ်မြတ်နိုးခြင်းကို ခံစားရဖို့ လိုအပ်ပါတယ်။ သူတို့က သင့်လိုပဲ သူတို့ဖခင်ကို လိုအပ်ပါတယ်။

သူတို့အဖေမကောင်းကြောင်းပြောတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ

သင်က သင့်ကလေးတွေရဲ့ ဖခင်မကောင်းကြောင်းပြောတဲ့အခါ သူတို့ဖွံ့ဖြိုးတိုတက်မှုရဲ့အခြေခံအစိတ်အပိုင်းကို ခိုးယူသွားတာပါပဲ။ သင်ဂရုမစိုက်တဲ့အတွက် သူတို့ဖခင်ထွက်သွားတာဖြစ်ကြောင်း၊ သူတို့နဲ့ အတူအချိန်မဖြုန်းလိုကြောင်း သူတို့ကိုပြောတဲ့အခါ သူတို့ကနားမလည်ကြဘူး။ သူတို့မှားနေတယ်။ သူတို့ဟာ မလုံလောက်ဘူး၊ မမှန်ကန်ဘူး ပြီးတော့ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ဘူးလို့ သင့်ကလေးတွေက ခံစားကြရပါလိမ့်မယ်။

သင်က ”မင်းက မင်းရဲ့အဖေနဲ့တူတယ်” (သို့) ”မင်းရဲ့ဖခင်က ဆိုးတယ်၊ သူတို့က နှစ်ဖက်စလုံးကို အတင်းအကျပ်ခိုင်းစေခံရတယ်လို့ ခံစားရပြီး ဖခင်ကို ချစ်တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားရပါလိမ့်မယ်။ တကယ်တော့ သူတို့က သူတို့ရဲ့ သေးငယ်တဲ့ ကမ္ဘာကြီးထဲမှာ ကြီးမားတဲ့ကွာဟမှုတွေကို ခံစားရပါလိမ့်မယ်။ ၎င်းက မုန်းတီးမှုတွေနှင့် ရှုပ်ထွေးမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

သင်က သင့်သားသမီးတွေကို သူတို့ဖခင်ကဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာ သိသင့်တယ်လို့ထင်တယ်။ မလိမ်သင့်ဘူးလို့လည်း တွေးတယ်။ တကယ်တော့ သူတို့က အခွင့်အရေးရသင့်တဲ့ ကလေးတွေဖြစ်ကြပါတယ်။ ၎င်းတို့က ချစ်ခြင်းမေတ္တာနှင့် လုံခြုံမှုခံစားရဖို့ အရွယ်ရောက်ပြီး သူတွေရဲ့ အခြေအနေတွေနှင့် ရင်ဆိုင်ဖို့မလိုပါဘူး။ သူတို့ကြီးပြင်းလာတာနဲ့ အမျှ သူတို့ရှုထောင့်ကနေ ကြည့်လိုက်တဲ့အရာတွေက သူတို့သိနားလည်ပြီးတော့ ပြန်လည်ဖြေရှင်းကြပါလိမ့်မယ်။ ယခုအချိန်မှာတော့ ကြီးထွားခွင့်ကိုသာ ပေးပါ။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here