Home Parenting Child Care ကလေးတွေဟာ ညအိပ်ခါနီးမှာ ဘာကြောင့် ရေတောင်းတတ်ကြတာလဲ

ကလေးတွေဟာ ညအိပ်ခါနီးမှာ ဘာကြောင့် ရေတောင်းတတ်ကြတာလဲ

0
ကလေးတွေဟာ ညအိပ်ခါနီးမှာ ဘာကြောင့် ရေတောင်းတတ်ကြတာလဲ

တကယ်လို့ သင်ဟာ သင့်ကလေးနဲ့အတူ အချိန်တွေအကြာကြီး ညအိပ်ချိန်တွေဖြတ်သန်းဖူးတယ်ဆိုရင် ညအိပ်ခါနီးမှာ ကလေးတွေ တောင်းဆိုတတ်တဲ့အရာက ရေ ဆိုတာ သင်သိပြီးဖြစ်မှာပါ။ အိပ်ချိန်ရောက်လာမှာ ရေတောင်းတတ်ကြတဲ့အခါ မိဘတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။

တစ်ချို့မိဘတွေအတွက်က စိတ်တိုဖို့ကောင်းပြီးတော့ ဇွတ်တရွတ်နိုင်ခြင်းနှင့် စပ်စပ်စုစုနိုင်ခြင်းတွေရဲ့ နောက်ကွယ်က ထူးခြားဆန်းကြယ်သော ဇာတ်လမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ငယ်ငယ်ကလည်း ဒီလိုညတွေဖြတ်သန်းခဲ့ဖူးတာကြောင့်ပါ။

ကလေးတွေဟာ ညအိပ်ရာမဝင်ခင်မှာ ရေတောင်းသောအခါ

အချိန်တိုင်းမှာ ကလေးတွေဟာ အိပ်ရာမဝင်ခင် ရေတောင်းတတ်ကြပါတယ်။ တစ်နေ့လုံးမှာ ရေလုံလုံလောက်လောက်မသောက်ခဲ့တာကြောင့်လို့ သင်ထင်ပါလိမ့်မယ်။ အဲဒီ့နောက်မှာ သင်နားလည်လိုက်တာက ကလေးဟာ တစ်ငုံလောက်ပဲသောက်တယ်။ ဒါဟာ ဘာဖြစ်လို့လဲ?

စိုးရိမ်နေသော (သို့) စိတ်ရှုပ်နေသော မိဘတွေရဲ့ စိတ်ထဲမှာတော့ ဒီလိုဇွတ်တရွတ်ဆန်တဲ့ ဖြစ်ရပ်တွေအတွက် ဖြစ်နိုင်ချေရှိသော ရှင်းပြချက်တွေကို လိုချင်နေပါလိမ့်မယ်။

ဒါဟာ မိဘကို ကြိုးကိုင်နေတာလား? (သို့ ) အစွမ်းပြချင်တာလား?

ဒါပေမယ့် သေချာတာက ကလေးတွေဟာ ဒီလိုလှည့်စားမှုတွေကို မလုပ်နိုင်တာပါပဲ။ ဒီအရာတွေဟာ ရည်ရွယ်ချက်တွေနဲ့ ရှုပ်ထွေးနေကြပါတယ်။ ဒါ့ကြောင့် သင့်စိတ်ထဲမှာ တွေးနေတဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ရပ်လိုက်သင့်ပါပြီ။

ဒါဆိုဘာကြောင့် အိပ်ရာဝင်မှ ကလေးတွေရေတောင်းတတ်ကြတာလဲ?

အိပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့အခါ ကလေးတွေဟာ ရေတောင်းတတ်ကြပါတယ်။ အချိန်တွေအကြာကြီး ပင်ပင်ပန်းပန်းတစ်ရက်လုံးကို ဖြတ်သန်းပြီးနောက်မှာ အနားယူချင်တဲ့အခါမှာ ရေတောင်းတတ်ကြပါတယ်။ သင့်ရဲ့ စိတ်ရှည်သည်းခံမှုတွေကို မပျောက်ဆုံးပါစေနဲ့။ စစ်မှန်သော ညဘက်အခြေအနေအကြောင်းပြချက်ကတော့ သင်စိတ်ထဲမှာရှိတဲ့အရာတွေထက် ပိုရှုပ်ထွေးနိုင်ပါတယ်။

ညအိပ်ရာဝင်ခါနီးတိုင်း တစ်ခြား တောင်းဆိုမှုတစ်ခုခုကို သင့်ကလေးက သင့်ဆီမှာ တောင်းဆိုပါလိမ့်မယ်။ အကြောင်းကတော့ သင့်ကလေးဟာ သူ့အတွက် သင်တို့က ဘယ်လိုအခြေအနေမှာမဆို အတူရှိနေတယ်ဆိုတာ သိချင်တာဖြစ်ပါလိမ့်မယ်။ သူတို့ဟာ သင့်ကို လိုအပ်ပါတယ်။ သူတို့ဟာ ညရောက်တဲ့အခါ သူတို့တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို ခံစားချင်ကြပါတယ်။

သင့်ကလေးဟာ အဖေ (သို့) အမေလို့ ခေါ်လိုက်တယ်ဆိုရင် သူ သင့်တို့ကို လိုအပ်နေပြီဆိုတာ သိသင့်ပါတယ်။ သူဟာ အကာအကွယ် (သို့) လုံခြုံမှုရှိနေဖို့ လိုအပ်ပါတယ်။ သင်တို့ သူ့အနားရောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေမြင့်တက်လာပြီး သံသယတွေပျောက်ကင်းစေပါလိမ့်မယ်။ ပိုငယ်ရွယ်သော ကလေးငယ်တွေဟာ ညအချိန်မှာ ညအမှောင်က သူတို့ကို တိုက်ခိုက်တဲ့အခါ သူတို့ရဲ့ မိဘတွေအပေါ်မှာပဲ မှီခိုအားထားနေရပါတယ်။

သင့်ကလေးဟာ သူချစ်တဲ့ သူ့မိဘတွေက သူ့ကို ဂရုစိုက်လိမ့်မယ်ဆိုတာ ပိုပြီးသေချာချင်ပါတယ်။ နောက်ပြီး ပိုစိတ်ချချင်ပါတယ်။ ဒါမှလည်း ဘယ်လိုစိတ်ပျက်စရာအခြေအနေမျိုးမှာမဆို သူ့အတွက် ရင်ဆိုင်ပေးမယ်လို့ မျက်စိမှိတ်ယုံကြည်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သူခေါ်တဲ့အကြိမ်တိုင်း သင့်ရဲ့ စိတ်ရှည်သည်းခံမှုကို ဆွဲဆန့်ထားပြီး သူ့ရဲ့ခေါ်ဆိုမှုတွေကို ဖြေကြားပေဖို့၊ နှစ်သိမ့်ပေးဖို့က သင့်ရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ စန္ဒရားရှိရုံနဲ့ သင့်ကို စန္ဒရားပညာရှင်မဖြစ်စေပါဘူး။ အလားတူပဲ ကလေးရှိရုံနဲ့ ဖခင် (သို့) မိခင် မဖြစ်ပါ။

ရေဆာတယ်ဆိုတာထကေ

ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖို့ ကျွန်မတို့ဟာ တည်ငြိမ်အေးဆေးရမယ်၊ စိတ်ရှည်ရမယ် ပြီးတော့ ချစ်မြတ်နိုးရပါမယ်။ ၎င်းက နောက်ဆုံးမှာ ကလေးတိုင်းလိုအပ်နေတဲ့အရာဖြစ်ပါတယ်။ ကျွန်မတို့မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ အောင်မြင်မှုနဲ့ ကျွန်မတို့ကလေးတွေရဲ့ ပျော်ရွှင်မှုဟာ တစ်ထပ်တည်းကျနေသင့်ပါတယ်။ ၎င်းက ရေငတ်ခြင်း၊ ရေဖန်ခွက်ကို လိုချင်တာသက်သက်မဟုတ်ပါဘူး။ တစ်ခါတရံမှာ အမှန်တကယ်ရေဆာတာလည်း ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အများစုက စိတ်ပိုင်းဆိုင်ရာသဘာဝလိုအပ်ချက် နောက်တစ်ခုရှိနေပါသေးတယ်။

နောက်ဆုံးမှာ ပွေ့ဖက်ခြင်း၊ ချိုမြိန်သောအနမ်းတွေကို ပေးပါ။ ဒါမှလည်း ကျွန်မတို့မိဘတွေရဲ့ နွေးထွေးမှုတွေကို ခံစားမိမှာဖြစ်ပါတယ်။ ကျွန်မတို့ကလေးတွေဟာ ကျွန်မတို့သူတို့အပေါ်မှာ ဘယ်လောက်ထိ နွေးထွေးမှုပေးနိုင်တယ်ဆိုတာကို သိချင်ကြပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေတွေအားလုံးမှာ ကလေးတွေကို ကောင်းကောင်းခံစားရစေဖို့ အရေးကြီးပါတယ်။

သင်သိတဲ့အတိုင်းပါပဲ။ သင့်ကလေးကို နားလည်ဖို့ဆိုတာက ဒေါသထွက်အောင် စွမ်းအင်တွေဖြုန်းတီးနေတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ အချစ်တွေအားလုံး ပေးဆပ်ဖို့အတွက် အချိန်တစ်ခုရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here