ကလေးတွေဟာ အမေဘက်က အဖွားဆီကနေ ဗီဇအများဆုံး ရရှိတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြ

0
169
- Advertisement -

ကျွန်တော်တို့ရဲ့ အမေဘက်က အဘွားတွေဟာ မြေးဖြစ်သူနှင့်အတူ အထူးဆက်သွယ်မှုရှိတယ်ဆိုတာ ထူးခြားမှု ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဘဝမှာ စိတ်ပိုင်းဆိုင်ရာကော၊ ဗီဇအဆင့်မှာပါ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ သင့်ရဲ့ အဖွားနှင့်အတူ အချိန်တွေအများကြီး မဖြုန်းခဲ့ဘူးဆိုရင်တောင် သင်နဲ့ သင့်အဘွားကြားက နှောင်ကြိုးဟာ ဘယ်တော့မှ ညှိုးနွမ်းမသွားပါဘူး။ ဒါက သူမရဲ့ စိတ်ခံစားမှု၊ သူမရဲ့ စိတ်နေစိတ်ထား၊ သူမရဲ့ DNA အမွေကြောင့် ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အမေဘက်က အဘွားနဲ့ ကျွန်တော်တို့ဟာ ဘယ်လိုနှောင်ကြိုးတွေရှိသလဲဆိုတာ နားလည်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ရအောင်။

ချီလီနိုင်ငံသား ဆောင်းပါးရေးဆရာ Alejandro Jodorowskyဟာ မြေးဖြစ်သူပေါ်မှာ အဖွားရဲ့ မျိုးဗီဇလွှမ်းမိုးမှုကို ရှင်းပြထားတဲ့ ‘စိတ်စွမ်းအားနှင့် မိသားစုသစ်ပင်မှတဆင့် ကိုယ့်ကိုယ်ကို ရှာဖွေခြင်း’ Metagenealogy လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ရေးခဲ့ပါတယ်။
Alejandro ရဲ့အဆိုအရ အမေ့ဗိုက်ထဲကနေ ကလေးလက်ခံရရှိတဲ့ မျိုးဗီဇဟာ သူတို့အဘွားဆီကနေ တိုက်ရိုက်လာပါတယ်။ အဘိုးအဘွားများနဲ့ ဆွေမျိုးသားချင်းတွေအကြား အမေဘက်က အဘွားဟာ မျိုးဗီဇအမွေအတွက် တာဝန်အရှိဆုံးတစ်ယောက်ဖြစ်ပါတယ်။

- Advertisement -

မျိုးဗီဇတွေဟာ တစ်ယောက်ကျော်နိုင်ပြီး အမြဲတမ်းတော့ နောက်မျိုးဆက်ကို တိုက်ရိုက်လက်ဆင့်မကမ်းပါဘူး။ တချို့ကလေးတွေဟာ သူတို့မိဘတွေထက် သူတို့ရဲ့ အန်တီ၊ ဦးလေးနှင့် အဘိုးအဘွားတွေနဲ့ တူတယ်ဆိုတာ ဖြစ်နိုင်ခြေတစ်ခုရှိပါတယ်။

ကလေးတွေဟာ သူတို့အဘွားနဲ့ အတိအကျတော့ မတူပေမယ့် သူတို့ရဲ့ မျက်လုံးအရောင်၊ သူတို့ရဲ့ လမ်းလျှောက်တဲ့ အမူအယာ၊ အပြုံး ကအစ သူတို့ပေါ်မှာ အမှတ်အသားတစ်ခု အမြဲတမ်းရှိပါလိမ့်မယ်။ ဒါ့အပြင် တခါတရံ မြေးတွေဟာ သူတို့အဘိုးအဘွားတွေဆီကနေ အရိုးတည်ဆောက်ပုံ၊ ကြွက်သား သို့ မျိုးရိုးလိုက်ရောဂါများကိုတောင် အမွေဆက်ခံရပါတယ်။

ကျွန်တော်တို့ DNAမှာ အဘိုအဘွားတွေ DNA ပျမ်းမျှ ၂၅ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကင်းဘရစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ အမေဘက်က အဘွားနဲ့ သူတို့မြေးအကြား နှောင်ကြိုးနှင့်ပတ်သတ်ပြီး သုတေသနထုတ်ဝေခဲ့ပါတယ်။ ဒီသုတေသနအရ ဒီချိတ်ဆက်မှုဟာ X-chromosome ကြောင့်ဖြစ်ပါတယ်။ အမေဘက်က အဘွားတွေဟာ သူမရဲ့မျိုးဗီဇအမွေကို လက်ခံတဲ့ မြေးတွေအားလုံးကို သူတို့ရဲ့ X-chromosomes ၂၅ ရာခိုင်နှုန်း လက်ဆင့်ကမ်းတာကြောင့် ဖြစ်ပါတယ်။

အဖေဘက်က အဘွားတွေဟာ သူတို့ရဲ့ X-chromosomes ကို မြေးယောကျ်ားလေး မဟုတ်ဘဲ မြေးမိန်းကလေးကို လက်ဆင့်ကမ်းပါတယ်။ ဒါ့ကြောင့် အဖေဘက်က အဘွားဟာ သူတို့မြေးမိန်းကလေးမှ X-ဆက်နွယ်မှု 50% ရှိပြီး မြေးယောက်ကျ်ားလေးတွေမှာ X-ဆက်နွယ်မှု 0% ရှိပါတယ်။

မစိုးရိမ်ပါနဲ့။ ဒါက မြေးတွေဟာ သူတို့အဖေဘက်က အဘွားနှင့် နီးစပ်မှုမရှိဘူးလို့ မဆိုလိုပါဘူး။ အရေးကြီးဆုံးအရာက မကြာခဏ အဆက်အသွယ်ရှိဖို့နဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမှာ ယေဘုယျအားဖြင့် ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဂျန်ဒါ သို့မဟုတ် မျိုးဗီဇ နှင့်မသက်ဆိုင်ဘဲ ခိုင်မာတဲ့ မိသားစုရင်းနှီးမှုကို တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ နှောင်ကြိုးကို တိုးတတ်စေပါလိမ့်မယ်။

Jodorowsky ရဲ့အဆိုအရ ကလေးတွေဟာ သူတို့မိခင်ဘက်က အဖွားရဲ့ စိတ်ခံစားမှုအတွေ့အကြုံများကိုလည်း အမွေရရှိပါတယ်။ အမေဖြစ်သူ ခံစားရတဲ့ စိတ်ခံစားမှုများက သမီးဖြစ်သူ ကိုယ်ဝန်ဆောင်တဲ့အခါ ဒီ information ကDNA မှာမှတ်တမ်းတင်ထားတာကြောင့် အနာဂတ်မြေးဖြစ်သူကို လက်ဆင့်ကမ်းနိုင်ပါတယ်။ မျိုးဆက်တစ်ဆက်ကို ကျော်သွားရင်တောင် ကျန်ရှိနိုင်ပါသေးတယ်။

သင့်အမေဘက်က အဘွားနဲ့ သင့်ကြားမှာ ဆင်တူတာကို အမြဲသတိထားမိသလား? ဒါမှမဟုတ် သင့်ကလေးက သင့်အမေနဲ့ တူသလား? မှတ်ချက်လေးတွေ မျှဝေပေးပါဦးနော်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ကေလးေတြဟာ အေမဘက္က အဖြားဆီကေန ဗီဇအမ်ားဆုံး ရရွိတယ္လို႔ ေလ့လာမႈတစ္ခုက ေဖာ္ျပ
ကြၽန္ေတာ္တို႔ရဲ႕ အေမဘက္က အဘြားေတြဟာ ေျမးျဖစ္သူႏွင့္အတူ အထူးဆက္သြယ္မႈရွိတယ္ဆိုတာ ထူးျခားမႈ ျဖစ္ပါတယ္။ သူတို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝမွာ စိတ္ပိုင္းဆိုင္ရာေကာ၊ ဗီဇအဆင့္မွာပါ အေရးပါေသာ အခန္းက႑မွ ပါဝင္ပါတယ္။ သင့္ရဲ႕ အဖြားႏွင့္အတူ အခ်ိန္ေတြအမ်ားႀကီး မျဖဳန္းခဲ့ဘူးဆိုရင္ေတာင္ သင္နဲ႔ သင့္အဘြားၾကားက ေႏွာင္ႀကိဳးဟာ ဘယ္ေတာ့မွ ညႇိဳးႏြမ္းမသြားပါဘူး။ ဒါက သူမရဲ႕ စိတ္ခံစားမႈ၊ သူမရဲ႕ စိတ္ေနစိတ္ထား၊ သူမရဲ႕ DNA အေမြေၾကာင့္ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ အေမဘက္က အဘြားနဲ႔ ကြၽန္ေတာ္တို႔ဟာ ဘယ္လိုေႏွာင္ႀကိဳးေတြရွိသလဲဆိုတာ နားလည္ေစဖို႔ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ရေအာင္။

ခ်ီလီႏိုင္ငံသား ေဆာင္းပါးေရးဆရာ Alejandro Jodorowskyဟာ ေျမးျဖစ္သူေပၚမွာ အဖြားရဲ႕ မ်ိဳးဗီဇလႊမ္းမိုးမႈကို ရွင္းျပထားတဲ့ ‘စိတ္စြမ္းအားႏွင့္ မိသားစုသစ္ပင္မွတဆင့္ ကိုယ့္ကိုယ္ကို ရွာေဖြျခင္း’ Metagenealogy လို႔ေခၚတဲ့ စာအုပ္တစ္အုပ္ကို ေရးခဲ့ပါတယ္။
Alejandro ရဲ႕အဆိုအရ အေမ့ဗိုက္ထဲကေန ကေလးလက္ခံရရွိတဲ့ မ်ိဳးဗီဇဟာ သူတို႔အဘြားဆီကေန တိုက္႐ိုက္လာပါတယ္။ အဘိုးအဘြားမ်ားနဲ႔ ေဆြမ်ိဳးသားခ်င္းေတြအၾကား အေမဘက္က အဘြားဟာ မ်ိဳးဗီဇအေမြအတြက္ တာဝန္အရွိဆုံးတစ္ေယာက္ျဖစ္ပါတယ္။

မ်ိဳးဗီဇေတြဟာ တစ္ေယာက္ေက်ာ္ႏိုင္ၿပီး အၿမဲတမ္းေတာ့ ေနာက္မ်ိဳးဆက္ကို တိုက္႐ိုက္လက္ဆင့္မကမ္းပါဘူး။ တခ်ိဳ႕ကေလးေတြဟာ သူတို႔မိဘေတြထက္ သူတို႔ရဲ႕ အန္တီ၊ ဦးေလးႏွင့္ အဘိုးအဘြားေတြနဲ႔ တူတယ္ဆိုတာ ျဖစ္ႏိုင္ေျခတစ္ခုရွိပါတယ္။

ကေလးေတြဟာ သူတို႔အဘြားနဲ႔ အတိအက်ေတာ့ မတူေပမယ့္ သူတို႔ရဲ႕ မ်က္လုံးအေရာင္၊ သူတို႔ရဲ႕ လမ္းေလွ်ာက္တဲ့ အမူအယာ၊ အၿပဳံး ကအစ သူတို႔ေပၚမွာ အမွတ္အသားတစ္ခု အၿမဲတမ္းရွိပါလိမ့္မယ္။ ဒါ့အျပင္ တခါတရံ ေျမးေတြဟာ သူတို႔အဘိုးအဘြားေတြဆီကေန အ႐ိုးတည္ေဆာက္ပုံ၊ ႂကြက္သား သို႔ မ်ိဳး႐ိုးလိုက္ေရာဂါမ်ားကိုေတာင္ အေမြဆက္ခံရပါတယ္။

ကြၽန္ေတာ္တို႔ DNAမွာ အဘိုအဘြားေတြ DNA ပ်မ္းမွ် ၂၅ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ကင္းဘရစ္တကၠသိုလ္မွ သိပၸံပညာရွင္မ်ားဟာ အေမဘက္က အဘြားနဲ႔ သူတို႔ေျမးအၾကား ေႏွာင္ႀကိဳးႏွင့္ပတ္သတ္ၿပီး သုေတသနထုတ္ေဝခဲ့ပါတယ္။ ဒီသုေတသနအရ ဒီခ်ိတ္ဆက္မႈဟာ X-chromosome ေၾကာင့္ျဖစ္ပါတယ္။ အေမဘက္က အဘြားေတြဟာ သူမရဲ႕မ်ိဳးဗီဇအေမြကို လက္ခံတဲ့ ေျမးေတြအားလုံးကို သူတို႔ရဲ႕ X-chromosomes ၂၅ ရာခိုင္ႏႈန္း လက္ဆင့္ကမ္းတာေၾကာင့္ ျဖစ္ပါတယ္။

အေဖဘက္က အဘြားေတြဟာ သူတို႔ရဲ႕ X-chromosomes ကို ေျမးေယာက်္ားေလး မဟုတ္ဘဲ ေျမးမိန္းကေလးကို လက္ဆင့္ကမ္းပါတယ္။ ဒါ့ေၾကာင့္ အေဖဘက္က အဘြားဟာ သူတို႔ေျမးမိန္းကေလးမွ X-ဆက္ႏြယ္မႈ 50% ရွိၿပီး ေျမးေယာက္က်္ားေလးေတြမွာ X-ဆက္ႏြယ္မႈ 0% ရွိပါတယ္။

မစိုးရိမ္ပါနဲ႔။ ဒါက ေျမးေတြဟာ သူတို႔အေဖဘက္က အဘြားႏွင့္ နီးစပ္မႈမရွိဘူးလို႔ မဆိုလိုပါဘူး။ အေရးႀကီးဆုံးအရာက မၾကာခဏ အဆက္အသြယ္ရွိဖို႔နဲ႔ ကေလးတစ္ေယာက္ရဲ႕ ဘဝမွာ ေယဘုယ်အားျဖင့္ ရွိေနဖို႔ပဲ ျဖစ္ပါတယ္။ ဂ်န္ဒါ သို႔မဟုတ္ မ်ိဳးဗီဇ ႏွင့္မသက္ဆိုင္ဘဲ ခိုင္မာတဲ့ မိသားစုရင္းႏွီးမႈကို တည္ေဆာက္ဖို႔ မရွိမျဖစ္ လိုအပ္တဲ့ ေႏွာင္ႀကိဳးကို တိုးတတ္ေစပါလိမ့္မယ္။

Jodorowsky ရဲ႕အဆိုအရ ကေလးေတြဟာ သူတို႔မိခင္ဘက္က အဖြားရဲ႕ စိတ္ခံစားမႈအေတြ႕အႀကဳံမ်ားကိုလည္း အေမြရရွိပါတယ္။ အေမျဖစ္သူ ခံစားရတဲ့ စိတ္ခံစားမႈမ်ားက သမီးျဖစ္သူ ကိုယ္ဝန္ေဆာင္တဲ့အခါ ဒီ information ကDNA မွာမွတ္တမ္းတင္ထားတာေၾကာင့္ အနာဂတ္ေျမးျဖစ္သူကို လက္ဆင့္ကမ္းႏိုင္ပါတယ္။ မ်ိဳးဆက္တစ္ဆက္ကို ေက်ာ္သြားရင္ေတာင္ က်န္ရွိႏိုင္ပါေသးတယ္။

သင့္အေမဘက္က အဘြားနဲ႔ သင့္ၾကားမွာ ဆင္တူတာကို အၿမဲသတိထားမိသလား? ဒါမွမဟုတ္ သင့္ကေလးက သင့္အေမနဲ႔ တူသလား? မွတ္ခ်က္ေလးေတြ မွ်ေဝေပးပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here