ကလေးတွေအတွက် သူတို့ရဲ့ ပင်ကိုယ်စရိုက်အရ အသင့်တော်ဆုံး အားကစားများ

0
78
- Advertisement -

သူတို့ရဲ့ပြုမှုပုံမှာ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်တဲ့ သီးခြားဝိသေသလက္ခဏာတွေ ရှိတာကြောင့် သင့်ကလေးအတွက် အသင့်တော်ဆုံး အားကစားကို သူတို့ရဲ့ ပင်ကိုယ်စရိုက်အလိုက် ရွေးချယ်နိုင်ပါတယ်။

၁။ တသီးတသန့်နေတတ်တဲ့ ကလေးတွေ

သာမာန်အားဖြင့် (Introvert) တသီးတသန့်နေတတ်တဲ့ ကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး နည်းတတ်ကြပြီး တိတ်ဆိတ်ပြီး ဣန္ဒြေရသူတွေအဖြစ် ထင်ရှားပါတယ်။ ဒါတောင်မှ သူတို့ဟာ လုံးဝအထီးကျန်မနေဘဲ သေးငယ်တဲ့ လူမှုအသိုင်းအဝိုင်းလေးကို ဆက်ထိန်းထားကြပါတယ်။

မိဘတစ်ဦးအနေဖြင့် သင့်ရည်မှန်းချက်က သင့်ကလေးတွေရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဖြစ်မှာပါ၊ ဘောလုံး၊ ဘတ်စကက်ဘော ကဲ့သို့သော အဖွဲ့လိုက်အားကစားတွေ လုပ်ခိုင်းဖို့ အကြံပြုပါတယ်။ အစပိုင်းမှာတော့ သင့်ကလေးအတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာမှာပါ။

၂။ ယုံကြည်မှုလွန်ကဲတဲ့ ကလေးတွေ

Overconfident ကလေးတွေဟာ ဖော်ဖော်ရွေရွေ နေတတ်ပြီး လှုပ်ရှားတတ်ကြွတဲ့ သွင်ပြင်လက္ခဏာရှိပါတယ်။ အခြေခံအားဖြင့် ဒီကိုယ်ရည်ကိုယ်သွေးမျိုးက သူတို့အား သတ္တိရှိရှိနဲ့ လွန်ကဲသော လုပ်ဆောင်မှုတွေဆီသို့ တွန်းအားပေးပါတယ်။

ဒီကလေးမျိုးတွေအတွက် အသင့်တော်ဆုံးအားကစားက သူတို့အား စိန်ခေါ်တဲ့ အားကစားတစ်ခု ဖြစ်နိုင်ပါတယ်။ ဂျွမ်းဘားအားကစား၊ ထိတွေ့ အားကစားများ (ဥပမာ- ရပ်ဘီ (သို့) အမေရိကန်ဘောလုံးကဲ့သို့) , တိုက်ခိုက်ရေးအားကစားများ (ဥပမာ ကရာတေး (သို့) ပေါင်းစပ် ကိုယ်ခံပညာကဲ့သို့ )။

၃။ အာရုံပျံ့လွင့်တတ်တဲ့ ကလေးများ

အာရုံပျံ့လွင့်ခြင်းက လူသားတိုင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ သို့သော် ပြန့်ကြဲနေတဲ့ အာရုံစူးစိုက်မှုက အချို့ကလေးတွေမှာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်တဲ့ စရိုက်လက္ခဏာအဖြစ် အသိအမှတ်ပြုခံရတဲ့အထိပါပဲ။ ထိုအခြေအနေမျိုးမှာ ကလေးတွေအတွက် အသင့်တော်ဆုံး အားကစားက ရေကူး၊ စက်ဘီးစီးခြင်း (သို့မဟုတ်) ပြေးခုန်ပစ်တို့ ဖြစ်ပါတယ်။ အစပိုင်းမှာ တိုးတက်မှုက အရမ်းညံ့ဖျင်းနိုင်ပေမယ့် အချိန်ကြာလာတာနှင့်အမျှ သင့်ကလေးတွေ ဒီကျွမ်းကျင်မှုမှာ ဘယ်လိုတိုးတတ်လာတယ် ဆိုတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

၄။ အာရုံစူးစိုက်တတ်ပြီး စေ့စပ်သေချာတဲ့ ကလေးတွေ

အရမ်းစေ့စပ်သေချာတဲ့ ကလေးတွေဟာ သူတို့ရဲ့ activities တွေကို စီစဉ်ခြင်းနဲ့ ထိန်းချုပ်ခြင်းအားဖြင့် ထူးခြားတဲ့ သွင်ပြင်လက္ခဏာရှိပါတယ်။ အများအားဖြင့် သူတို့မှာ ချုပ်တည်းနိုင်စွမ်းလည်း ကြီးမားပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးအမျိုးအစားအတွက် အသင့်တော်ဆုံး အားကစားက တစ်ဦးချင်းလုပ်ဆောင်တဲ့ အားကစားဖြစ်ပါတယ်။ စားပွဲတင် တင်းနစ် (သို့) ကွင်းတင်းနစ်အပြင် ကျွမ်းဘား (သို့) စစ်တုရင်ကဲ့သို့သော အားကစားတွေကို အကြံပြုထားပါတယ်။

ကလေးတွေကို သူတို့အဆင်မပြေခံစားရစေတဲ့ (သို့) သူတို့ကို လှုံ့ဆော်မှု မဖြစ်စေတဲ့ အားကစားတွေကို မကစားခိုင်းသင့်ပါဘူး။ အထက်ဖော်ပြပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပေမယ့် သူတို့က ပါဝင်ရမယ့်သူတွေဖြစ်တာကြောင့် ကလေးရဲ့ ဆန္ဒကို လျစ်လျူမရှုပါနဲ့။

Chit_MayMay

Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here