ကလေးတွေအတွက် ခေတ်မီအက သင်ကြားခြင်းရဲ့ အကျိုးကျေးဇူးများ

0
257
- Advertisement -

မိဘတွေအနေနဲ့ ကလေးတွေကို အားကစားတစ်ခုခု ကစားခြင်းကနေ ဘာသာစကားအသစ်တစ်ခုခု လေ့လာခြင်းအထိ သင်ရိုးပြင်ပ အပိုလှုပ်ရှားမှုလေးတွေ စဉ်းစားပေးသင့်ပါတယ်။ ခေတ်မီအကဟာ အရမ်းအကျိုးရှိပြီး ပျော်စရာကောင်းတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကျွန်မတို့ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို ရွေးချယ်တဲ့အခါမှာ ကျွန်မတို့ဟာ ကလေးရဲ့ ကျား/မရေးရာပေါ် မူတည်ပြီး ရွေးချယ်မှု အများဆုံးတွေကို စဉ်းစားပါတယ်။ ကခုန်ခြင်းက ယောကျ်ားလေးကော၊ မိန်းကလေးတွေအတွက်ပါ ရေပန်းစားတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကျွန်မတို့ကလေးတွေရဲ့ အသက်အရွယ် (သို့) ကျားမ မခွဲခြားဘဲ အကသင်တန်းကို ရွေးချယ်နိုင်ပါတယ်။ ဂျက်စ်၊ ဟစ်ဟော့၊ စတဲ့ အကအမျိုးအစားတွေက ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေတဲ့အပြင် အရမ်းပျော်စရာကောင်းပါတယ်။ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အရမ်းကောင်းတဲ့ activities တွေဖြစ်ပါတယ်။ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ခေတ်မီအကဟာ ကလေးတွေရဲ့ စွမ်းအင်ကို ချပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အကဟာ ကလေးတွေကို ကိုယ်ကာယပိုင်းဆိုင်ရာ တတ်ကြွစေပြီး ဘယ်အသက်အရွယ်မှာမဆို ပြုလုပ်နိုင်ပါတယ်။

ကလေးတွေဟာ ငယ်ငယ်ကတည်းက ဂီတကို နှစ်သက်ကြပါတယ်။ ဘေဘီလေးတွေတောင် သူတို့ ဝန်းကျင်မှာ ကြားနေရတဲ့ တေးသီချင်းတွေနောက်ကို လျှောက်လိုက်နိုင်ပါတယ်။ အကစတူဒီယိုနှင့် အကယ်ဒမီကျောင်းအများစုဟာ အသက် ၂နှစ်မှ ၃နှစ်အထိရှိတဲ့ ကလေးတွေအတွက် ခေတ်မီအကသင်ခန်းစာတွေကို သင်ပေးနိုင်ပါတယ်။

အကဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေများစွာကို ရရှိစေပါတယ်။ သူတို့ရဲ့ အနုပညာဖွံ့ဖြိုးမှုအစကို လမ်းကြောင်းပေးနိုင်ပါတယ်။ မိဘ (သို့) ကလေးရွေးချယ်တဲ့ အနုပညာအမျိုးအစားက အရေးမကြီးပါဘူး။ သူတို့ပါဝင်ဖို့ကသာ အဓိကဖြစ််ပါတယ်။

ကလေးတွေအတွက် ခေတ်မီအကရဲ့ အကျိုးကျေးဇူး ၁၀ခု

၁။ ခေတ်မီအက ကတဲ့ ကလေးတွေဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ပျော့ပြောင်းစေပါတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပြီး သွက်လက်ခြင်းနှင့် ညှိနှိုင်းခြင်းတို့ကို တိုးတတ်ကောင်းမွန်စေပါတယ်။

၂။ ထို့နည်းတူစွာ သူတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ပိုမိုသိရှိလာပြီး ကောင်းမွန်သော ကိုယ်ဟန်အနေအထားကို ရရှိစေပါတယ်။

၃။ အကဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်အေးချမ်းမှုကို ခံစားရစေဖို့ ထိရောက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

၄။ အကသင်တန်းတွေက အရမ်းပျော်ဖို့ကောင်းပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို မိတ်ဆွေသစ်တွေဖွဲ့ဖို့ အခွင့်အရေးပေးပါတယ်။ ဒီအတန်းတွေက သူတို့ရဲ့ လူမှုရေးစွမ်းရည်တွေကို လှုံ့ဆော်ပေးပါတယ်။ အဖွဲ့လိုက်နှင့် ပတ်သတ်တဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပိုခိုင်မာလာစေပါတယ်။

၅။ အဖွဲ့လိုက်ကကွက် စီစဉ်ဖန်တီးမှုဟာ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ယုံကြည်မှု၊ ပြောဆိုဆက်ဆံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အထောက်အပံ့ဖြစ်စေပါတယ်။

၆။ အကသင်တန်းများက စည်းကမ်းနှင့် အာရုံစူးစိုက်ခြင်းကဲ့သို့သော အရေးကြီးတဲ့ ဘဝကျွမ်းကျင်မှုတွေကို လှုံ့ဆော်ပေးပါတယ်။ ကခုန်ခြင်းဖြင့် အချိန်ကုန်တဲ့သူတွေမှာ သူတို့ရဲ့ အပြုအမှု၊ ယုံကြည်မှုနှင့် မိမိကိုယ်ကို လေးစားမှုစတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။

၇။ ကလေးတွေအတွက် ခေတ်မီအက ကခုန်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးတစ်ခုက စိတ်ကူးစိတ်သန်းများကို လှုံ့ဆော်ပေးပြီး တီထွင်ဖန်တီးမှုကို မြှင့်တင်ပေးတာကြောင့် ဖြစ်ပါတယ်။

၈။ ကာယပိုင်းဆိုင်ရာ expression နှင့် ပညာရေး အောင်မြင်မှုတွေအကြား ရှင်းလင်းတဲ့ ဆက်စပ်မှု ရှိပါတယ်။

၉။ အခြားစည်းကမ်းချက်တွေနှင့် မတူဘဲ ဒီလေ့ကျင့်ခန်းအမျိုးအစားက စျေးကြီးတဲ့ ကိရိယာများနှင့် ဆက်စပ်ပစ္စည်းတွေ မလိုအပ်ပါဘူး။

ကလေးငယ်တွေကို ခေတ်မီအကနှင့် မိတ်ဆက်ပေးဖို့အတွက် အကြံပေးချက်များ

သင့်ရဲ့ ကလေးတွေကို နို့စို့အရွယ်မှစပြီး ဂီတနှင့် အကကမ္ဘာသို့ မိတ်ဆက်ဖို့ သုံးနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။

  • ကလေးကို တေးဂီတ နားထောင်ဖို့ အားပေးပါ။ သင်ရွေးချယ်တဲ့ အနုပညာအမျိုးအစားက အရေးမကြီးပါဘူး။ သူတို့နှစ်သက်တဲ့ ဂီတကို ရွေးချယ်ဖို့ ကလေးရဲ့ တုံ့ပြန်မှုကို ဂရုပြုပါ။
  • အစမှာ ကလေးကို လက်နဲ့ကိုင်ထားပြီး ကခုန်စေပါ။ ဒီအရာက ကလေးငယ်အနေနဲ့ အကမှာ ပါဝင်လာစေနိုင်ပြီး သင့်ရဲ့ ဆက်သွယ်မှုကို အားကောင်းလာစေပါတယ်။
  • ကလေးတွေကြီးပြင်းလာတာနှင့်အမျှ ပိုပြီး လွတ်လပ်မှုဖြစ်လာနိုင်ပါတယ်။ ဂီတကို နားထောင်ဖို့နှင့် သူတို့ရဲ့ စည်းချက်နှင့် နားအာရုံကို နှိုးဆွပေးခြင်းက သူတို့ရဲ့ coordination နှင့် ဟန်ချက်ညီမှုကို တိုးတတ်စေပါတယ်။

နောက်ဆုံးအနေနဲ့ ခေတ်မီအကဟာ အပြုသဘော သက်ရောက်ကြောင်း သတိရပါ။ ကိုယ်ကာယပိုင်းဆိုင်ရာစွမ်းရည်အကန့်အသတ်ရှိတဲ့ ကလေးတွေ (သို့) hyperactive ရှိတဲ့ ကလေးတွေအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here