ကလေးတွေအတွက် တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ

0
331
- Advertisement -

မေမေတို့ရေ ဒီသင်္ကြန်မှာ ဥပုဒ်စောင့်၊ သီလယူဖို့ ဆုံးဖြတ်ထားရင် မေမေတို့အတွက်ကော ၊ကလေးတွေအတွက်ပါ အကျိုးရှိတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်၊ ဒါကတော့ မေမေတို့နှင့်အတူ ကလေးကို တရားထိုင်ဖို့ သင်ပေးခြင်းပါ။ တရားထိုင်ခြင်းက အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်နော်။ အရေးပါဆုံးအကျိုးကျေးဇူးက စိတ်ဖိစီးမှုကို သက်သာစေတာ ဖြစ်ပါတယ်။ ဒီအချိန်၊ ဒီခေတ်မှာ တရားထိုင်ခြင်းက ယခင်ကထက် ပိုအရေးကြီးလာပါပြီ။

တရားထိုင်ခြင်းက လူကြီးတွေအတွက်သာ အကျိုးရှိတာမဟုတ်ပါဘူး။ ကလေးငယ်တွေကို စိတ်ဖိစီးမှုဒဏ်ခံနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် သူတို့ဘဝရဲ့ အနာဂတ်အတွက် အရမ်းအရေးပါပါတယ်။
ဟုတ်ပါတယ်၊ တရားထိုင်ခြင်းက အကျိုးကျေးဇူးတွေ အများကြီး ရရှိပါတယ်။ တရားထိုင်ခြင်းအားဖြင့် အကျိုးကျေးဇူး ၇၆ချက်တောင် ရနိုင်တယ်လို့ သိပ္ပံနည်းကျ သက်သေပြခဲ့ကြပါတယ်။ တရားထိုင်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့

  • အာရုံစူးစိုက်မှုကို တိုးတတ်လာစေပါတယ်
  • ပျော်ရွင်မှု တိုးလာစေပါတယ်
  • အိုမင်းခြင်းလုပ်ငန်းစဉ်ကို နှေးကွေးစေပါတယ်
  • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်
  • စိတ်ခံစားမှုနှင့် ဦးနှောက်စွမ်းရည်ကို တိုးတတ်လာစေပါတယ်

သင်ယူမှု စွမ်းရည်ကို မြှင့်တင်ပေးခြင်း

- Advertisement -

မေးခွန်းက “ကလေးတွေအတွက် တရားထိုင်ခြင်းက သင်ယူခြင်းစွမ်းရည်ကို ဘယ်လိုတိုးတတ်စေသလဲ” ဆိုတာဖြစ်ပါတယ်။

အဖြေများစွာ ရှိပါတယ်။ ဒါပေမယ့် ရိုးရှင်းတဲ့ အဖြေတစ်ခုကတော့ အာရုံစူးစိုက်မှု ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတတ်စေပါတယ်။

တကယ်လို့ အာရုံစူးစိုက်နိုင်စွမ်း တိုးတတ်လာပါက သင်ယူမှုကို အကျိုးသက်စေတဲ့ အချက် တစ်ခုဖြစ်တဲ့ အာရုံစူးစိုက်မှု သက်တမ်း ကိုတိုးစေပါလိမ့်မယ်။ ကလေးဘဝတည်းက တရားထိုင်ဖို့ လမ်းညွှန်ပေးမယ်ဆိုရင် ကလေးဟာ ပိုမိုကောင်းမွန်သော သင်ယူသူဖြစ်လာပါလိမ့်မယ်။
လူတစ်ယောက်ချင်းစီရဲ့ အာရုံစူးစိုက်မှု သက်တမ်းက ပတ်ဝန်းကျင်ရှိ အာရုံပျံ့လွင့်မှု အားလုံးကြောင့် လျော့ကျလာပါတယ်။ အာရုံပျံ့လွင်လေလေ တစ်ခုခုကို တကယ်ပဲ အာရုံစိုက်မရလေလေ ဖြစ်ပါတယ်။ အာရုံပျံ့လွင့်ပြီးနောက်မှာ တစ်ခုခုကို အာရုံစိုက်ဖို့ ၂၃မိနစ် အချိန်ယူရပါတယ်။ ဒါ့ကြောင့် သင်ယူမှုအပြင် သင့်ကလေးရဲ့အာရုံစူးစိုက်မှုကို တိုးမြှင့်စေဖို့ အရေးကြီးပါတယ်။

လူမှုရေးကျွမ်းကျင်မှုကို တိုးတတ်စေပါတယ်

ကလေးတွေအတွက် တရားထိုင်ခြင်းနည်းလမ်းက လူမှုရေးစွမ်းရည်ကို တိုးတတ်စေပါတယ်။ ကလေးတွေကို တရားထိုင်ဖို့ လမ်းညွှန်ခြင်းဖြင့် မိဘနှင့် သားသမီးကြားက relationship ကို တိုးတတ်ကောင်းမွန်စေပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-lifehack

LEAVE A REPLY

Please enter your comment!
Please enter your name here