ကလေးတွေအတွက် နဂါးမောက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

0
438
- Advertisement -

ကလေးက ၆လအရွယ်ရောက်ပြီ၊ ဖြည့်စွက်စာတွေ စစားလို့ရပြီဆိုတာနဲ့ အပတ်တိုင်းမှာ အစားအစာအသစ်တွေကို မိတ်ဆက်ပေးရတော့ပါမယ်။ ထမင်းနှင့် ဟင်းသီးဟင်းရွက်တွေကို အနှစ်တိုက်ကျွေးခြင်းက မေမေတို့အတွက် ပထမဆုံးရွေးချယ်မှု ဖြစ်သော်လည်း အစားအစာထဲမှာ သစ်သီးအချို့ထည့်ဖို့ စဉ်းစားရပါမယ်။ သစ်သီးတွေက အာဟာရလည်းရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။ သို့သော် အထူးသဖြင့် အသက် ၁နှစ်အောက် ကလေးငယ်တွေဆိုရင် အသီးတွေ ကျွေးဖို့ safe ဖြစ်သေးမှာ မဟုတ်ပါဘူး။ ကလေးငယ်ကို နဂါးမောက်သီးကျွေးမယ်ဆိုရင် ဒီဆောင်းပါးလေးက မေမေတို့ကို နားလည်စေဖို့ ကူညီပါလိမ့်မယ်။

နဂါးမောက်သီးကို ကလေးအားကျွေးသင့်သလား?

နဂါးမောက်သီးဟာ ဗီတာမင် A,B1, B2, B3, C နှင့် အိုင်းယွန်း၊ ကယ်လ်စီယမ်တို့ရဲ့ အရင်းအမြစ်ကောင်းဖြစ်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတတ်စေပြီး အစာခြေလမ်းကြောင်းကို ချောမွေ့စေပါတယ်။ တစ်နှစ်ပြည့်တဲ့အထိ စောင့်ဖို့ အကြံပြုလိုသော်လည်း အချို့သော မေမေတွေက နဂါးမောက်သီးကို ၆လပြည့်ပြီးတာနဲ့ မိတ်ဆက်ပေးကြပါတယ်။

- Advertisement -

ကလေးငယ်တွေအတွက် နဂါးမောက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်

နဂါးမောက်သီးမှာ အင်တီအောက်ဆီဒင့်ပါဝင်တာကြောင့် ဆဲလ်အမြှေးပါးတွေကို free radicals ကြောင့်ဖြစ်ပေါ်တဲ့ ပျက်စီးမှုတွေကနေ ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီဒင့်က ကလေးရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ပိုကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို နည်းစေနိုင်ပါတယ်။

၂။ နှလုံးကို ကာကွယ်ပေးပါတယ်

နဂါးမောက်သီးက နို့စို့ရွယ်ကလေးတွေနဲ့ လူကြီးတွေမှာ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့ အာဟာရတွေ ရှိပါတယ်။ နဂါးမောက်သီးကို စားခြင်းက နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

၃။ အရိုးတွေကို သန်မာစေပါတယ်

အရိုးတွေ ဖွံ့ဖြိုးဖို့အတွက် ကယ်လစီယမ်နှင့် ဖော့စဖရပ်စ်များစွာ ပါရှိတဲ့ နဂါးမောက်သီးက ကူညီနိုင်ပါတယ်။ ဖော့နိုလစ်နှင့် ဖလိုဗင်နွိုက်ဒြပ်ပေါင်းတွေနှင့် ပေါင်းစပ်ထားတဲ့ ဖော့စဖရပ်က အရိုးသိပ်သည်းဆကို တိုးစေပြီး အရိုးတွေကို ခိုင်မာစေပါတယ်။ နောက်ပိုင်းမှာ အဆစ်ရောင်ရမ်းခြင်းကဲ့သို့သော ရောဂါတွေကို ကာကွယ်ပေးပါလိမ့်မယ်။ နဂါးမောက်သီးက ဗီတာမင်စီရဲ့ စွမ်းအားတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာဖြစ်စဉ်တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ၎င်းကအရိုးတွေ၊ ကြွက်သားတွေနဲ့ အရေပြား ဖွံ့ဖြိုးတိုးတတ်မှုအတွက် လိုအပ်ပြီး သွေးလည်ပတ်မှုစနစ်ကို ဖွံ့ဖြိုးဖို့အတွက အထောက်အကူပြုပါတယ်။

၄။ အစာခြေတိုးတတ်ကောင်းမွန်အောင် ကူညီနိုင်ပါတယ်

အမျှင်ဓါတ်က အူသိမ်ရဲ့ကျန်းမာစွာ လှုပ်ရှားမှုနှင့် အစာခြေလမ်းကြောင်းကို ထိန်းသိမ်းရာမှာ လိုအပ်ပါတယ်။ ၎င်းက သကြားဓါတ်ပါဝင်မှုကို တည်ငြိမ်စေပြီး ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေဖို့ ကူညီနိုင်ပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

၅။ မျက်စိကျန်းမာရေးကို တိုးတတ်စေနိုင်ပါတယ်

ကောင်းမွန်သော အသားအရေနှင့် ကျန်းမာသော မျက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်ကတော့ ဗီတာမင်အေပဲဖြစ်ပါတယ်။ နဂါးမောက်သီးက ဗီတာမင်အေကြွယ်ဝတဲ့ အသီးဖြစ်ပြီး ကိုယ်ခံစွမ်းအားတည်ဆောက်ခြင်းနှင့် အမြင်အာရုံစူးရှခြင်းတို့ကို အထောက်အကူပြုနိုင်ပါတယ်။

၆။ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်

သံဓါတ်ကြွယ်ဝတာကြောင့် နဂါးမောက်သီးက သွေးနီဥအရေအတွက်ကို တိုးပွားစေပါတယ်။ နို့စို့ကလေးတွေမှာ ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်တဲ့ရောဂါများစွာကို ဦးတည်စေနိုင်တဲ့ သွေးအားနည်းမှုကို တားဆီးပေးပါတယ်။ သံဓါတ်ပါဝင်မှုက ဆံပင်ကျန်းမာသန်စွမ်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၇။ အာရုံကြောစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်စေပါတယ်

နဂါးမောက်သီးမှာပါဝင်တဲ့ ဖော့စဖရပ်၊ ဆိုဒီယမ်နှင့် ကယ်လစီယမ်ပါဝင်မှုက ဦးနှောက်အာရုံကြောစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ ကလေးငယ်မှာ အာရုံခံနိုင်စွမ်းနှင့် မော်တာ skill ကိုတိုးတတ်စေပါတယ်။

၈။ အရေပြားကို ကျန်းမာစေပါတယ်

နဂါးမောက်သီးမှာ အရေပြားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက် လိုအပ်တဲ့ ဗီတာမင်စီတွေ ပါဝင်တာကြောင့် ကလေးရဲ့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

Chit_MayMay

LM_Nandar

Source-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here