ကလေးတွေအတွက် ပျော်စရာကောင်းပြီး လွယ်ကူတဲ့ Yoga Poses ၃မျိုး

0
27
- Advertisement -

ယောဂပြုလုပ်ခြင်းက စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေပါတယ်။ စိတ်ကြည်လင်အေးချမ်းပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ယောဂလေ့ကျင့်ခန်းက အရမ်းပေါ်ပြုလာဖြစ်လာပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ အံသြဖွယ်ရှု့ထောင့်တစ်ခုက ဘယ်သူမဆိုပြုလုပ်နိုင်ပြီး ကလေးတွေတောင် ပြုလုပ်နိုင်ပါတယ်။ ယောဂပြုလုပ်ဖို့ သင့်ကလေးတွေကို ကျင့်သုံးပေးခြင်းဖြင့် သူတို့ရဲ့ခန္ဓာကိုယ်နှင့်စိတ်တွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ ကူညီပေးပါလိမ့်မယ်။ အသက် ၄နှစ်ကနေ ၁၀နှစ်အရွယ် ကလေးတွေအတွက် ကိုက်ညီတဲ့ အကောင်းဆုံး ယောဂကစားနည်း ၃ခုရှိပါတယ်။ ဒါကိုပြုလုပ်ခြင်းဖြင့် ကလေးတွေ ပျော်ရွင်ပါလိမ့်မယ်။

၁။ Tree Pose

ဒီ post ကသင့်ကလေးတွေရဲ့ အတွင်းခွန်အားနှင့် အာရုံစူးစိုက်နိုင်စွမ်းကို သင်ပေးဖို့ ကူညီပေးပါတယ်။ သူတို့ရဲ့Balance ကိုထိန်းသိမ်းဖို့ ကူညီပေးလိမ့်မယ်။ ညာခြေထောက်တစ်ချောင်းတည်း မတ်တပ်ရပ်ပါ။ ဘယ်ခြေတဖက်က ညာခြေအတွင်းပိုင်းကို ဖိအားပေးပြီး ထောက်ထားတဲ့ပုံဖြစ်စေဖို့ သူတို့ကိုပြပေးပါ။ တစ်ဖက်စီ ဘယ်ညာပြောင်းပြီး ပြုလုပ်ပေးရပါမယ်။

- Advertisement -

၂။ Downward Facing Dog

ဒီPose ကအတွေးတွေကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ ကူညီပေးပါလိမ့်မယ်။ ပထမဆုံးလေးဘက်ထောက်ပြီး တင်ပါးတွေကို မြှောက်ထားပါ။ ခန္ဓာကိုယ်ပုံသဏ္ဍာန်က တြိဂံပုံဖြစ်နေရပါမယ်။ လက်မောင်း၊ ခြေထောက်များနှင့် ကျောကုန်းက ဖြောင့်ဖြောင့်ဖြစ်နေရပါမယ်။ ဒါပေမယ့် ဒူးခေါင်းများကို ပိုပြီးသက်တောင့်သက်သာဖြစ်စေဖို့ ကွေးထားနိုင်ပါတယ်။

၃။ Bow Pose

ဒီPose က နောက်ကျောအပေါ်ပိုင်းကို ဖြောင့်ဖြောင့်ထားပြီး ပုခုံးများကို ဖွင့်ထားရပါမယ်။ ပထမဆုံး ကြမ်းပြင်ပေါ်မှာ မှောက်ခုံအိပ်ပါ။ ဒူးကိုကွေးပြီးခြေဖနောင့်တွေက တင်ပါးနဲ့နီးကပ်အောင် လက်နှစ်ဖက်က ခြေချင်းဝတ်တွေကို နောက်ပြန်ကိုင်ထားတဲ့ ပုံဖြစ်ရပါမယ်။
ကလေးတွေနည်းနည်းအရွယ်ရောက်လာတဲ့အခါ စိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့နှင့် အနားယူဖို့ ငယ်စဉ်ကတည်းက လွယ်ကူသော ယောဂကစားနည်းကို သင်ပေးထားသင့်ပါတယ်။ သူတို့လည်း ဒါကိုစိတ်ဝင်စားပြီး ပျော်ရွင်လာပါလိမ့်မယ်။ ယောဂအကျိုးကျေးဇူးအားလုံးကို သူတို့ရရှိနိုင်ဖို့ အသက်ရှုရှိုက်နည်းစနစ်ကိုပါ သင်ပေးနိုင်ပါတယ်။

Lifestyle_Myanmar

TB_Nandar

Zawgyi Font

ကေလးေတြအတြက္ ေပ်ာ္စရာေကာင္းၿပီး လြယ္ကူတဲ့ Yoga Poses ၃မ်ိဳး

ေယာဂျပဳလုပ္ျခင္းက စိတ္တည္ၿငိမ္ၿပီး အာရံုစူးစိုက္မႈ ပိုမိုအားေကာင္းေစပါတယ္။ စိတ္ၾကည္လင္ေအးခ်မ္းၿပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ ေယာဂေလ့က်င့္ခန္းက အရမ္းေပၚျပဳလာျဖစ္လာပါတယ္။ ဒီေလ့က်င့္ခန္းရဲ႕ အံၾသဖြယ္ရႈ႕ေထာင့္တစ္ခုက ဘယ္သူမဆိုျပဳလုပ္ႏိုင္ၿပီး ကေလးေတြေတာင္ ျပဳလုပ္ႏိုင္ပါတယ္။ ေယာဂျပဳလုပ္ဖို႔ သင့္ကေလးေတြကို က်င့္သံုးေပးျခင္းျဖင့္ သူတို႔ရဲ႕ခႏၶာကိုယ္ႏွင့္စိတ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးတဲ့ေနရာမွာ ကူညီေပးပါလိမ့္မယ္။ အသက္ ၄ႏွစ္ကေန ၁၀ႏွစ္အရြယ္ ကေလးေတြအတြက္ ကိုက္ညီတဲ့ အေကာင္းဆံုး ေယာဂကစားနညး္ ၃ခုရွိပါတယ္။ ဒါကိုျပဳလုပ္ျခင္းျဖင့္ ကေလးေတြ ေပ်ာ္ရြင္ပါလိမ့္မယ္။

၁။ Tree Pose

ဒီ post ကသင့္ကေလးေတြရဲ႕ အတြင္းခြန္အားႏွင့္ အာရံုစူးစိုက္ႏိုင္စြမ္းကို သင္ေပးဖို႔ ကူညီေပးပါတယ္။ သူတို႔ရဲ႕Balance ကိုထိန္းသိမ္းဖို႔ ကူညီေပးလိမ့္မယ္။ ညာေျခေထာက္တစ္ေခ်ာင္းတညး္ မတ္တပ္ရပ္ပါ။ ဘယ္ေျခတဖက္က ညာေျခအတြင္းပိုင္းကို ဖိအားေပးၿပီး ေထာက္ထားတဲ့ပံုျဖစ္ေစဖုိ႕ သူတို႔ကိုျပေပးပါ။ တစ္ဖက္စီ ဘယ္ညာေျပာင္းၿပီး ျပဳလုပ္ေပးရပါမယ္။

၂။ Downward Facing Dog

ဒီPose ကအေတြးေတြကို ၿငိမ္သက္ေစၿပီး စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစဖို႔ ကူညီေပးပါလိမ့္မယ္။ ပထမဆံုးေလးဘက္ေထာက္ၿပီး တင္ပါးေတြကို ေျမွာက္ထားပါ။ ခႏၶာကိုယ္ပံုသ႑ာန္က ႀတိဂံပံုျဖစ္ေနရပါမယ္။ လက္ေမာင္း၊ ေျခေထာက္မ်ားႏွင့္ ေက်ာကုန္းက ေျဖာင့္ေျဖာင့္ျဖစ္ေနရပါမယ္။ ဒါေပမယ့္ ဒူးေခါင္းမ်ားကို ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစဖို႔ ေကြးထားႏိုင္ပါတယ္။

၃။ Bow Pose

ဒီPose က ေနာက္ေက်ာအေပၚပိုင္းကို ေျဖာင့္ေျဖာင့္ထားၿပီး ပုခံုးမ်ားကို ဖြင့္ထားရပါမယ္။ ပထမဆံုး ၾကမ္းျပင္ေပၚမွာ ေမွာက္ခံုအိပ္ပါ။ ဒူးကိုေကြးၿပီးေျခဖေနာင့္ေတြက တင္ပါးနဲ႔နီးကပ္ေအာင္ လက္ႏွစ္ဖက္က ေျခခ်င္း၀တ္ေတြကို ေနာက္ျပန္ကိုင္ထားတဲ့ ပံုျဖစ္ရပါမယ္။
ကေလးေတြနည္းနညး္အရြယ္ေရာက္လာတဲ့အခါ စိတ္ဖိစီးမႈေတြကို ေျဖေလ်ာ့ဖို႔ႏွင့္ အနားယူဖို႔ ငယ္စဥ္ကတညး္က လြယ္ကူေသာ ေယာဂကစားနညး္ကို သင္ေပးထားသင့္ပါတယ္။ သူတို႔လည္း ဒါကိုစိတ္၀င္စားၿပီး ေပ်ာ္ရြင္လာပါလိမ့္မယ္။ ေယာဂအက်ိဳးေက်းဇူးအားလံုးကို သူတို႔ရရွိႏိုင္ဖို႔ အသက္ရႈရိႈက္နညး္စနစ္ကိုပါ သင္ေပးႏိုင္ပါတယ္။

Lifestyle_Myanmar

TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here