ကလေးတွေအတွက် မိဘတိုင်း ချမှတ်ပေးသင့်တဲ့ အခြေခံအုတ်မြစ်တစ်ခုအကြောင်း

0
1553
- Advertisement -

ကလေးတွေအပေါ်မှာ ကျွန်တော်တို့ အများကြီးမျှော်လင့်တတ်ကြပါတယ်။ မျှော်လင့်ထားသလိုဖြစ်လာဖို့အတွက် အခြေခံလိုအပ်ချက်တွေရှိကြပါတယ်။ ကလေးတွေကိုကြင်နာပါ။ လေးစားမှုရှိပါ။ ကလေးတွေစကားနားထောင်ပေးပါ။ အရေးကြီးဆုံးအချက်ကတော့ကလေးတွေကို ရိုးသားမှု အုတ်မြစ်ချပေးပါတဲ့။ ကဲ..ဘာလို့ ကလေးတွေကိုရိုးသားအောင်သင်ကြားပေးဖို့လိုတာလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ကြရအောင်..

ရိုးသားပါ

ကလေးတွေအမှားတစ်ခုခုလုပ်ရင် မိဘတွေလုပ်တတ်တာတစ်ခုရှိပါတယ်။ ကလေးတွေက အမှားအတွက် ရိုးရိုးသားသားဝန်ခံတာကို အလေးထားပေးမယ့်အစား သူတို့အမှားတွေနဲ့ပက်သက်ပြီး ဆင်ခြေတွေလာမပေးနဲ့ဆိုတာမျိုးပေါ့။ ဆိုလိုတာက က လေးအမှားတစ်ခုခုလုပ်ပီဆိုရင် အမှားထက် လိမ်မပြောတတ်ဖို့ကို မိဘတွေက ပုံသွင်းယူရမှာြဖစ်ပါတယ်။ ကလေးကို လိမ်တတ်အောင် မလုပ်မိပါစေနဲ့။ သူတို့ကို ရိုးသားစွာမှားခွင့်ပေးပါ။

- Advertisement -

ပြည့်စုံခြင်းဟာပန်းတိုင်မဟုတ်ပါဘူး..ရိုးသားမှုကပန်းတိုင်ပါ

အမှားလုပ်မိတာတွေ အလွဲလွဲအချော်ချော်ဖြစ်တာတွေ အခါအားလျော်စွာညံဖျင်းတဲ့ ရွေးချယ်မှုတွေလုပ်မိတာဟာ သူတို့အမှားမဟုတ်ကြောင်း အဆင်ပြေကြောင်း ကလေးတွေသိအောင် ပြောပြပေးဖို့လိုအပ်ပါတယ်။ အမှားတိုင်းအတွက် သူတို့ကို လွတ်ပ်စွာ ရိုးသားခွင့်ပေးပါ။

ရိုးသားမှုက တစ်ဆင့် တာဝန်ယူမှု တာဝန်ခံမှုတွေအကြောင်းကလေးတွေကို ရှင်းပြပေးပါ။ ကလေးတွေကိုဖိအားပေးတဲ့အခါ လိမ်ညာမှုတွေကိုဖိတ်ခေါ်သလိုဖြစ်တတ်ပါတယ်။ အရာအားလုံးပြည့်စုံမှန်ကန်နေတာက ပန်းတိုင်မဟုတ်ဘူးဆိုတာ သတိရပါ။

ရိုးသာမှုသည်ယုံကြည်မှုကိုတည်ဆောက်သည်

ရိုးသားမှုရဲ့ လှပတဲ့ ဘေးထွက်ပစ္စည်းဟာ ယုံကြည်စိတ်ချရမှုဖြစ်ပြီး ပျော်ရွှင်တဲ့မိသားစုဆက်ဆံရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကလေးတွေကို မလိမ်စေချင်ရင် မိဘတွေကိုယ်တိုင်ကလည်း မလိမ်ဖို့လိုအပ်ပါတယ်။ ပြီးရင် သူတို့ကိုယ့်ကိုယုံကြည်စေချင်ရင် သူတို့ယုံကြည်မှုကိုလေးစားဖို့လိုပါတယ်။

ဒါကြောင့် ရိုးသားဖြောင့်မတ်မှုကတစ်ဆင့် မိသားစုတွင်း ယုံကြည်စိတ်ချမှုကိုတည်ဆောက်ကြပါ။ ကလေးတွေရဲ့ယုံကြည်မှုကို လိုချင်ရင် ရိုးသားအောင် အရင် သင်ကြားပေးဖို့ မိဘတိုင်းမှာ တာဝန်ရှိပါတယ်။

ယုံကြည်မှုနဲ့ အကျိုးကျေးဇူး

နောက်ဆုံးအနေနဲ့ ကလေးတွေကို ကျွန်တော်တို့ ယုံကြည်စိတ်ချမှုပေးတဲ့အခါ ကလေးတွေဟာ ပိုပြီး အရင်ထက် နူးညံသိမ်မွေ့လာပါလိမ့်မယ်။ အဲ့ဒီအရာကပဲ သူတို့ကို ရိုးသားဖို့ လှုံဆော်ပေးပါလိမ့်မယ်။

ဆိုကြပါစို့ ကလေးတစ်ယောက်က ယုံကြည်မှုကို ချိုးဖောက်တဲ့လုပ်ရပ်လုပ်မိတယ် အဲ့ဒီအခါသင်က သူ့ကိုရွေးချယ်စရာ ၂ခုပေးတယ် တစ်ခုက လိမ်ပြောဖို့နဲ့ တစ်ခုက ရိုးသားစွာပြောဖို့။ အဲ့ဒီအခါကလေးက သင်ပျိုးထောင်ထားတဲ့ ရိုးသားမှုနဲ့ သင့်ယုံကြည်မှုကို သိထားတဲ့အတွက် သူကရိုးသားစွာပြောပြပါလိမ့်မယ်။

သူဘာကြောင့် ဘယ်လို စည်းကမ်းချိုးဖောက်ခဲ့တယ်ဆိုတဲ့အကြောင်းပေါ့။ တကယ်လို့သာရွေးချယ်မှုတွေ မပေးခဲ့ရင် အမှားတွေဆက်တိုက်မှားကုန်တတ်ပါတယ်။

ဒါကြောင့် သူတို့ကို ရိုးသားဖို့ ၊ သူတို့ရိုးသားမှုကိုလေးစားဖို့၊ သင့်ကို ယုံကြည်လေးစားဖို့ သူတို့ကို ယုံကြည်မှုအရင်ပေးဖို့လိုတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ အရာအားလုံးစင်းလုံးချော မှန်နေတယ် ပြီးပြည့်စုံတယ်ဆိုတာ ပန်းတိုင်မဟုတ်ပါဘူး။ ဘဝမှာ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ဖို့ ရိုးသားမှုက အခြေခံအုတ်မြစ်ဖြစ်ပါတယ်နော်…

Chit_May_May

Mg_Htet

REF_Forthefamily.com

LEAVE A REPLY

Please enter your comment!
Please enter your name here