
သင့်ကလေးတွေကို ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာနှင့် လက်ခံမှုကို ပြသတဲ့အပြင်သင့်ထံက သင်လေ့လာသင့်တဲ့ အရေးကြီးဆုံးအချက်တစ်ခုတော့ အစစ်အမှန်ကမ္ဘာတွင်မှာ ရှင်သန်ဖို့ဖြစ်ပါတယ်။ အထက်တန်းကျောင်းတက်ချိန်မှာကလေးတိုင်းသင်ယူရမယ့် အခြေခံနှင့် တန်ဖိုးရှိသော ကျွမ်းကျင်မှုတွေရှိကြပါတယ်။ သူတို့ထဲက အချို့ကို မီးမောင်းထိုးကြည့်ရအောင်။
၁။ ကိုယ်တိုင်စားသောက်တတ်ဖို့
သင့်ကလေးက အချက်အပြုတ်ကောင်းတဲ့ စားဖိုမှူးဖြစ်ဖို့ မလိုသော်လည်း သူ့အနေနဲ့ အနည်းဆုံးကိုယ်တိုင်စားသောက်တတ်ဖို့တော့ အရေးကြီးပါတယ်။ ဒါဟာ သင်ချက်ပြုတ်တာကို လုံးဝရပ်လိုက်ပြီလို့ မဆိုလိုပါဘူး။အရေးကြီးအခြေအနေတစ်မှ မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို သားညှပ်ပေါင်မုန့်လုပ်ဖို့၊ ထမင်းစားချိန်မှာ ထုပ်ဖို့အတွက် ကလေးရဲ့စွမ်းရည်ကို ယုံကြည်ဖို့လိုအပ်ပါတယ်။

၂။ အိပ်ရာနှိုးခြင်း
တစ်ချိန်ချိန်မှာ သင်က သင့်သမီးတွေအတွက် နှိုးစက်နာရီဖြစ်ခြင်းကနေ အနားယူသင့်ပါတယ်။ သင့်နေ့စဥ်လုပ်နေကျ လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်တာကြောင့် ဒါကိုပြုလုပ်ဖို့မလွယ်ကူပါဘူး။ သို့ပေမယ့် သူတို့က ကောလိပ်တက်သောအခါ (သို့) အစစ်အမှန်ကမ္ဘာမှာနေထိုင်ဖို့ ကြိုးစားတဲ့အခါ ၎င်းကို လျစ်လျူရှုခြင်းက သူတို့ကိုပစ်ထားခြင်းမဟုတ်ပါဘူး။ သူတို့အိပ်နေစဥ်မှာ ကျောင်းသို့သူတို့ကိုကားမောင်းပို့ခြင်းဖြင့် ပိုကောင်းအောင်မပြုလုပ်ပါနှင့်။ သူတို့ကို မည်မျှပင်အိပ်ပျော်စေကာမူ၊ ပိုမိုကောင်းမွန်စေဖို့ အမေအမြဲတမ်းရှိနေလိမ့်မယ်လို့ သူတို့ဆက်လက်ယုံကြည်ကြပါလိမ့်မယ်။ သင့်ကလေးက သင်ထိုနေရာမှာ မရှိတော့အချိန်အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

၃။ အဝတ်လျှော်ခြင်း
သင့်ကလေးကို အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သင်ပေးတဲ့အခါ သူမကို ဝေဖန်ခြင်းကိုရှောင်ကြဥ်ပါ။ သူမမသိတဲ့တစ်ခုတည်းသောအကြောင်း သင်သူမကို သင်မပေးခဲ့ခြင်းကြောင့်လို့ ဖြစ်လာမှာပါ။ ဒါ့ကြောင့် စိတ်ရှည်ပါ၊ အားပေးပါ။ ဒီစာရင်းမှာပါတဲ့ အခြားကျွမ်းကျင်မှုတွေကို သင်ပေးတာတွေအားလုံးက အတူတူပါပဲ။

၄။ သူကိုယ်တိုင် ရပ်တည်တတ်ဖို့
အထူးသဖြင့် အာဏာပိုင်တွေနှင့် ပတ်သက်လာရင် သင့်ကလေးကမိမိကိုယ်ကိုဘယ်လိုရပ်တည်ရမယ်ဆိုတာ လေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ တကယ်လို့ သူတို့ကကျောင်းအဆင့်တွေနှင့် ပြဿနာတွေရှိတဲ့နေ့တွေကို ကယ်တင်ဖို့သင်အမြဲတမ်း တက်ရောက်စရာမလိုတော့ပါဘူး။ သူ့အမှတ်ကို ထိရောက်စွာဖြတ်ကျော်နိုင်ဖို့သူ့ကိုသင်ပေးပါ။ ဒီကျွမ်းကျင်မှုက သူ့ကိုဘဝအတွက်အာမခံချက်တစ်ခုဖြစ်ပါစေလိမ့်မယ်။

၅။ စျေးဝယ်ထွက်ခြင်း
သင့်ကလေးက မိမိကိုယ်ကို ဂရုစိုက်နိုင်ခြင်းမှာ ကုန်စုံစျေးဝယ်ထွက်ခြင်းလည်း ပါဝင်ပါတယ်။ သူမက သူမလိုအပ်တဲ့အရာတွေကို ဘယ်လိုရယူနိုင်မယ်ဆိုတာ သိသင့်ပါတယ်။ ၎င်းက အထက်တန်းကျောင်းတက်ချိန်မှာ သူရဲ့ ရှိသင့်တဲ့ကျွမ်းကျင်မှုဖြစ်ပါတယ်။
သင့်ကလေးကို သင်ပေးသင့်တဲ့အရာများစွာရှိပါတယ်။ ပုံမှန်အားဖြင့် သူတို့က ၎င်းကို ရှင်သန်ရပ်တည်နိုင်ပြီး ရှင်သန်ဖွံ့ဖြိုးဖို့လိုအပ်သောစွမ်းရည်တွေကိုသာ အာရုံစိုက်ပါ။ အရာရာတိုင်းကို ပြီးပြည့်စုံစေမယ်လို့တော့ အာမခံချက်မရှိပါဘူး။ သို့ပေမယ့် မိဘတစ်ဦးဖြစ်ခြင်းက သင်တတ်နိုင်သမျှလုပ်ဖို့ လိုအပ်ပြီးတော့ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Chit_May_May
Nyein_Thu
ref-mambee