ကလေးတွေအတွက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး (၅)ခု

0
46
- Advertisement -

လမ်းလျှောက်ခြင်းက ကမ္ဘာတစ်ဝှမ်းမှာ အကြံပြုထားတဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေထဲမှ တစ်ခုအဖြစ်ထင်ရှားပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် လမ်းလျှောက်ခြင်း အကျိုးကျေးဇူးတွေက အတော်များပါတယ်။ အထက်ပါ အချက်တွေအပြင် လမ်းလျှောက်ခြင်းက ကျွန်မတို့ခေတ်ရဲ့ အဓိကဆုတ်ယုတ်မှုတစ်ခုဖြစ်တဲ့ အထိုင်များသော လူနေမှုပုံစံတွေကို တိုက်ဖျက်ဖို့ အစပျိုးတဲ့နေရာလို့ ယူဆရပါတယ်။ အထိုင်များသော လူနေမှုပုံစံဆိုရာမှာ ကလေးတွေဟာ လှုပ်ရှားမှုနည်းပြီး အီလက်ထရွန်းနစ် ကိရိယာတွေကို အလွန်အကျွံသုံးစွဲတာမျိုးလည်း ပါဝင်ပါတယ်။

ကလေးတွေအတွက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းက ကျန်းမာသော အလေ့အထတစ်ခုအဖြစ်သာမက ကလေးတွေနဲ့ လူကြီးတွေအတွက်ပါ ဖျော်ဖြေမှုတစ်ခုလည်း ဖြစ်နို်ငပါတယ်။ လမ်းလျှောက်နေစဉ်မှာ မိသားစုအားလုံးဟာ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်ပါတယ်။ လမ်းလျှောက်ခြင်းက အသက်အရွယ်မရွေး ရုပ်ပို်ငးဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်းရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးပါတယ်။

၁။ အထိုင်များသော လူနေမှုပုံစံတွေကို ဆန့်ကျင်ပါတယ်

ကလေးရော၊ လူကြီးပါ လမ်းလျှောက်ခြင်းရဲ့ အဓိကအကျိုးကျေးဇူးတွေထဲမှ တစ်ခုက အထိုင်များသော လူနေမှုပုံစံတွေကို ဆန့်ကျင်ခြင်းအပေါ် အခြေခံပါတယ်။ ယနေ့ခေတ်မှာ ကလေးတွေဟာ ကျောင်းမှာပဲဖြစ်ဖြစ် ၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်အကြာကြီးထိုင်တာ၊ လဲလျောင်းနေတာမျိုး ရှိကြပါတယ်။

ဒါ့ကြောင့် လမ်းလျှောက်ခြင်းဖြင့် ဦးဆောင်တဲ့ လှုပ်ရှားမှုတွေက သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာ ကျန်းမာသော အလေ့အထတစ်ခုရရှိဖို့ အစပျိုးတဲ့အချက်ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါက အားကစားကဲ့သို့သော အခြားအကျိုးရှိတဲ့ လှုပ်ရှားမှုတွေအတွက် တံတားတစ်စင်းလည်း ဖြစ်နိုင်ပါတယ်။

၂။ လမ်းလျှောက်ခြင်းက သင်ယူမှုကို အားပေးပါတယ်

ကျောင်းတက်ရက်တွေက သူတို့ရဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုရဲ့ ရာခိုင်နှုန်းများစွာကို ကိုယ်စားပြုတာကြောင့် သင်ယူခြင်းဟာ ကလေးဘဝရဲ့ အရေးကြီးဆုံးကဏ္ဍတွေထဲမှ တစ်ခုဖြစ်ပါတယ်။ သို့သော် တစ်ခါတစ်ရံမှာ အာရုံစူးစိုက်မှုနဲ့ လှုံ့ဆော်မှုကင်းမဲ့ခြင်းက အယူအဆသစ်တွေရယူခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

ကလေးတွေရဲ့နေ့စဉ်ပုံမှန်လုပ်ဆောင်မှုမှာ ကိုယ်လက်လှုပ်ရှားမှုတိုးလာခြင်းက အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး စိတ်ကူးဉာဏ်ကို လှုံ့ဆော်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ထဲကို အောက်ဆီဂျင်ပါဝင်တဲ့ သွေးပမာဏ တိုးစေပြီး ခန္ဓာကိုယ်ရဲ့တခြားသော အရေးကြီးတဲ့ နေရာတွေကို တိုးစေတာကြောင့်ပါ။

၃။ နှလုံးသွေးကြောစနစ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်

လမ်းလျှောက်ခြင်းရဲ့ လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုက နှလုံး၊ အဆုတ်နဲ့ သွေးလည်ပတ်မှု ကျန်းမာရေးကို ကောင်းမွန်စေခြင်းဖြစ်ပါတယ်။ ကလေးတွေဟာ ဒီရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိစေဖို့အတွက် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀လောက် နေ့စဉ်လမ်းလျှောက်ပေးရပါမယ်။ intensity တိုးလာတာနှင့်အမျှ နှလုံးသွေးကြောဆိုင်ရာ လှုံ့ဆော်မှုတွေလည်း တိုးလာပါတယ်။

၄။ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီပေးပါတယ်

ကလေးတွေက ဒီလှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပါက ခံနိုင်ရည်နဲ့ ကြံ့ခိုင်မှုတို့မှာ အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာနဲ့ motor စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သွက်လက်မှုနဲ့ ပျော့ပြောင်းမှုကို မြှင့်တင်ဖို့ ဖြစ်နိုင်ပေမယ့် ဒီကျွမ်းကျင်မှုတွေက လမ်းလျှောက်ခြင်းနဲ့ အခြားလေ့ကျင့်ခန်းတွေကြားမှာ ပေါင်းစပ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

၅။ လမ်းလျှောက်ခြင်းက စိတ်ခံစားချက်ကို တိုးတက်စေပါတယ်

စိတ်ခံစားချက်က ကလေးတွေရဲ့ဘဝမှာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပြီး သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာအများစုကို လွှမ်းမိုးထားပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ အပြုသဘောဆောင်တဲ့အဆင့်မှာ ထားရှိဖို့ လိုအပ်ပါတယ်။

စိတ်ခံစားမှုတွေ ပိုမိုကောင်းမွန်စေဖို့အတွက် အခြားရွေးချယ်စရာတစ်ခုမှာ လမ်းလျှောက်ခြင်း၊ အထူးသဖြင့် အုပ်စုလိုက်နဲ့ အပြင်ဘက်မှာ ပြုလုပ်သော လမ်းလျှောက်ခြင်းပင်ဖြစ်ပါတယ်။ အားလပ်ရက်မှာ ပန်းခြံတွေ၊ တိရိစ္ဆာန်ရုံတွေ လိုက်ပို့ပေးပါ။ ဒီလိုနည်းနဲ့ လမ်းလျှောက်ခြင်းက ပိုပျော်စရာကောင်းပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။

မိသားစုလိုက် လမ်းလျှောက်ခြင်းရဲ့အကျိုးကျေးဇူးများ

ကလေးတွေအတွက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တစ်ဦးတည်း (သို့) အတူတကွ ရရှိနိုင်ပါတယ်။ ဒါပေမယ့် မိသားစုလိုက် လမ်းလျှောက်တာက ပိုသက်တောင့်သက်သာ ရှိတယ်ဆိုတာ သံသယမရှိပါဘူး။ ကလေးတွေအား သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ အရည်အချင်းတွေကို ပိုယုံကြည်မှုရရှိစေကာ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း ခိုင်မြဲစေမှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here