ကလေးတွေအတွက် လှုံ့ဆော်ပေးနိုင်တဲ့ နည်းစနစ် ၄မျိုး

ကလေးတွေအတွက် လှုံ့ဆော်ပေးနိုင်တဲ့ နည်းစနစ် ၄မျိုး

0
82
- Advertisement -

ကလေးတွေကို လှုံ့ဆော်မှုနဲ့ ပတ်သက်လာရင် သူတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှု ၊ နားလည်မှု ၊ ပံ့ပိုးမှုတို့တွေအပေါ်မှာ အခြေခံကျပါတယ်။ ဒီနည်းပညာတွေက သူတို့ကိုယ်တိုင် ပိုပြီးသေချာအောင်ပြုလုပ်ပေးပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပြည့်မီစေမှာ သေချာပါတယ်။
ဒီနေ့ခေတ်ကာလမှာ ကျွန်မတို့အိမ်တွေမှာတင် ရရှိနိုင်တဲ့ အဆုံးမဲ့ ဖျော်ဖြေမှုအရင်းအမြစ်တွေက ကလေးတွေအပေါ်မှာ စိတ်ကျေနပ်မှုခံစားချက်ကို အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ တစ်ဖက်မှာလည်း ပျက်စီးခြင်းတွေ ရှိနေပါတယ်။ တီဗွီတွေ၊ ဗွီဒီယိုဂိမ်းတွေ၊ တက်ပလက်တွေမှာ လွယ်လွယ်ကူကူနှင့် စဥ်ဆက်မပြတ်ရယူခြင်းက ကလေးတွေကို အချိန်မတန်မီ ပျင်းဖို့ လွယ်ကူစေပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာလှုံ့ဆော်မှုတွေမှာ အများအားဖြင့် ကျွန်မတို့ စိတ်၀င်စားမှုမရှိခြင်းကို ကျော်လွှားဖို့ ၊ ဆင်ခြေမပါတဲ့ လုပ်ငန်းတာ၀န်တွေကို လုပ်ဆောင်ဖို့ ကန့်သတ်ထားပါတယ်။ ကလေးတွေဟာ သူတို့မွေးဖွားချိန်တွေက စပြီး ပင်ကိုယ်စူးစမ်းလိုစိတ်တွေ ရှိကြပါတယ်။ အဲ့ဒီ့စိတ်တွေဟာ အသက်၇နှစ်အရွယ်အထိ ကလေးတွေရဲ့ ၀န်းကျင်ကမ္ဘာကို လေ့လာဖို့နှင့် ရှာဖွေတွေ့ရှိဖို့ အားပေးပါတယ်။ ဒီအချိန်ကာလ ကုန်ဆုံးသွားပြီဆိုတာနဲ့ ကလေးတွေဟာ တစ်ချို့အရာတွေကို စိတ်၀င်စားမှု လျော့နည်းသွားပါတယ်။

၁။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အားပေးပါ

မိဘတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို ဆိုးရွားတဲ့ အဖြစ်အပျက်တွေဖြစ်ပျက်သွားမှာ စိုးရိမ်တဲ့အတွက် အလွန်အကျွံကာကွယ်ပေးတဲ့ အမှားမျိုးတွေကို ပြုလုပ်လေ့ရှိကြတယ်။ ကလေးတွေရဲ့ ပင်ကိုယ်အသိစိတ်က သူတို့ကို တစ်ခြားကလေးတွေနှင့် သူတို့ရဲ့ အသက်အရွယ်၊ အရွယ်ရောက်သူတွေနဲ့ စူးစမ်းလေ့လာဖို့၊ သင်ယူဖို့ နှိုးဆွပေးပါတယ်။ ဒါပေမယ့်လည်းတစ်ခါတစ်ရံမှာ အရွယ်ရောက်ပြီးသားသူတွေက မိမိကိုယ်ကို ယုံကြည်မှုပျက်ပြားစေတဲ့ နည်းလမ်းတွေနဲ့ ပြုမူကြတယ်။မိဘတွေအနေနဲ့ ကလေးတွေကို နေ့စဥ်အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်စေရပါမယ်။ ခုန်ပေါက်နေမယ့်အစား သူတို့ပြဿနာသူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေဟာ အသင့်လျော်ဆုံးလို့ ကျွန်မတို့အမြဲမထင်နိုင်ပေမယ့်လည်း တစ်ချို့အမှားတွေကတော့ သေချာပေါက် ပြုလုပ်ရပါမယ်။ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုရစေပြီးတော့ ဘယ်လိုစိန်ခေါ်မှုကိုမဆို ခံနိုင်ရည်ရှိတယ်လို့ ခံစားရပါလိမ့်မယ်။

- Advertisement -

ဇွဲရှိဖို့ သင်ပေးပါ။(အကောင်းဆုံးနည်းတွေထဲက တစ်ခု)

အမှားတွေဟာ အခွင့်အရေးတွေဖြစ်ကြောင်း သင့်ကလေးတွေကို သင်ကြားပေးပါ။ ကျွန်မတို့ရဲ့ ကလေးတွေမှာ အတားအဆီးတွေကို ကျော်လွှားဖို့နှင့် ရှေ့သို့ တိုးတက်ဖို့ ခွန်အားလိုအပ်ပါတယ်။ ဇွဲရှိခြင်းအားဖြင့် သူတို့ရဲ့ ပြဿနာတွေကို အကန့်အသတ်ဖြင့် ခွင့်ပြုမယ့်အစား ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါတွေအားလုံးဟာ သူတို့ကိုယ်သူတို့ ပိုမိုယုံကြည်မှု ရရှိဖို့နှင့် ရင့်ကျက်ဖို့ ကူညီပါလိမ့်မယ်။ကြိုးစားအားထုတ်ခြင်းနှင့် ဇွဲရှိခြင်းရဲ့ တန်ဖိုးကို သူတို့ကို သင်ပေးဖို့ အကောင်းဆုံးသက်သေကို ပြခြင်းဖြစ်ပါတယ်။ ကျွန်မတို့ဘ၀တစ်သက်တာမှာ အတားအဆီးများ ဖြစ်ပေါ်နေသည့်တိုင် ကျွန်မတို့ရဲ့ တာ၀န်တွေကို ကျေပွန်စွာ ထမ်းဆောင်သင့်ပါတယ်။ ဒါမှသာ ကျွန်မတို့ရဲ့ ကလေးတွေက တစ်ချို့သော အခက်အခဲတွေကြုံလာရတဲ့ အခါ ကတိက၀တ်က မည်မျှ အရေးပါကြောင်း ကျွန်မတို့ရဲ့ ကလေးတွေက သိနိုင်မှာပါ။ရည်မှန်းချက်တိုင်က ရောက်ရှိဖို့ မလွယ်ကူပါဘူး။

၃။ သူတို့အကျိုးစီးပွားကို အားပေးပါ

တစ်ခါတစ်ရံမှာ ကျွန်မတို့ ကလေးတွေကို သူတို့စိတ်မ၀င်စားတဲ့လှုပ်ရှားမှုတွေမှာ ပါ၀င်ဖို့ ဖိအားပေးခြင်းဟာ မှားယွင်းတဲ့ ဆုံးမမှုပါ။ များသောအားဖြင့် လှုပ်ရှားမှုတွေဟာ ကျွန်မတို့ကိုယ်ပိုင်အကျိုးစီးပွားနှင့် ကျွန်မတို့ရဲ့ ကလေးတွေအတွက် မျှော်လင့်ချက်တွေနဲ့ ပိုကိုက်ညီပါတယ်။ အဲ့ဒီ့လို ဖြစ်ပျက်တဲ့အခါ ကလေးတွေဟာ မကြာခဏလှုပ်ရှားမှုတွေမှာ မပျော်မွေ့ကြဘူး။ သူတို့မကြိုက်တဲ့ အရာတစ်ခုခုကို လုပ်ဖို့ အတင်းအကျပ်စေခိုင်းခြင်းက စိတ်ပျက်စရာနှင့် လှုံ့ဆော်မှုကင်းမဲ့ခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။ ငယ်ရွယ်စဥ်မှာသာ ကျွန်မတို့ရဲ့ ကလေးတွေဟာ လှုပ်ရှားမှုအမျိုးမျိုးကို ကြိုးစားလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်သူတစ်ဦးအနေနဲ့ သူတို့ရဲ့ စိတ်၀င်းစားမှုနှင့်ကျွမ်းကျင်မှုတွေကို စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အရာတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သူတို့ကို သင်ပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ဟာ သင့်ရဲ့ ဆန္ဒနဲ့ မကိုက်ညီရင်တောင် သူတို့အကျိုးစီးပွားကို တိုးတက်အောင် လုပ်နိုင်ပါတယ်။

၄။ သူတို့ကို အောင်မြင်ဖို့ အခွင့်အရေးပေးပါ

ကလေးတွေအတွက် အကောင်းဆုံးလှုံ့ဆော်နည်းကတော့ လုပ်ငန်းပြီးမြောက်ခြင်းနှင့် ပန်းတိုင်သို့ ရောက်ခြင်းဆိုတဲ့ ကျေနပ်မှုကို ခံစားရစေခြင်းပါ။ သင့်ကလေးရဲ့ အောင်မြင်စွာ ပြီးမြောက်ကြောင်းကို သင်သိကြောင်း ပြောပါ။ သင့်ကလေးရဲ့ လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် မက်လုံးအချို့ရှိရပါမယ်။ စည်းကမ်းများကို လေ့ကျင့်ဖို့နှင့် ကျောင်းအလုပ်ပြီးမြောက်ဖို့ အတွက် ကလေးတွေအနေနဲ့ အချိန်နှင့် အားထုတ်မှုတွေအတွက် မြှပ်နှံတဲ့ အခါမှာ မျှော်လင့်ဖို့ တစ်ခုခုလိုအပ်ပါတယ်။ သူတို့က တစ်ခြားသူတွေ အထူးသဖြင့် မိဘတွေဆီက အသိအမှတ်ပြုမှု (သို့) ဆုအချို့ကို မျှော်လင့်ထားလိမ့် မယ်။ သင့်ကို ဂုဏ်ယူစေနိုင်မယ့်အတွေးတွေက အလွန်လှုံ့ဆော်ပေးနေပါလိမ့်မယ်။ ဒါဟာလည်း သူတို့ကို အကောင်းဆုံးဖြစ်စေဖို့ အားပေးပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here