ကလေးတွေအတွက် အဓိပ္ပာယ်အများကြီးရှိသော မိသားစုလုပ်ရိုးလုပ်စဉ်ဓလေ့ (6) ခု

0
601
- Advertisement -

မိသားစုတစ်ခုတွေမှာ ကိုယ်ပိုင်ရိုးရာဓလေ့လေးတွေ ကိုယ်စီရှိကြပါတယ်။ ဓလေ့ထုံးတမ်းတွေက အစွန်းမရောက်သရွေ့ အင်မတန်မြတ်နိုးစရာကောင်းပါတယ်။ လုပ်ရိုးလုပ်စဉ်တွေက မိသားစုတွေမှာ အမှန်တကယ်လည်းရှိသင့်ပါတယ်။ ဒီနေ့မှာတော့ မိသားစုတွေမှာ အမှန်တယ်ရှိသင့်ပြီး ကလေးငယ်တွေအတွက် အဓိပ္ပာယ်အများကြီးရှိတဲ့ လုပ်ရိုးလုပ်စဉ်ဓလေ့တွေကို မျှဝေပေးချင်ပါတယ်။

၁။ ညစာစားပြီးနောက် လမ်းလျှောက်ခြင်း

ညစာစားပြီးနောက် လမ်းလျှောက်တာက အစာကြေလွယ်စေပြီး ညနေပိုင်းလမ်းလျှောက်ပေးခြင်းကလည်း စိတ်ကြည်လင်မှုကို ရရှိစေပါတယ်။ အချိန်အကြာကြီး လျှောက်စရာမလိုဘဲ ၁၅ မိနစ်ခန့်လျှောက်ပေးရုံနဲ့ ကလေးတွေအတွက် အဖိုးတန်အချိန်တွေရရှိစေမှာပါ။ မိသားစုအတူတကွလမ်းလျှောက်ကြတဲ့အခါ မိသားစုအကြား ခင်မင်ရင်းနှီးချစ်ခင်မှုကလည်း ခိုင်မြဲသန်မာလာစေမှာပါ။

- Advertisement -

၂။ တိရစ္ဆာန်တွေကို အစာကျွေးခြင်း

ကလေးငယ်တွေဟာ ငယ်ရွယ်စဉ်ကတည်းက တာဝန်ယူတတ်နေမယ်ဆိုရင် သူတို့ရဲ့ ရေရှည်ဘဝအတွက် အင်မတန်ကောင်းပါတယ်။ ကလေးတစ်ဦးချင်းစီကို အလုပ်တစ်ခုလုပ်ခွင့်ပေးခြင်းက သူတို့ကိုယ်တိုင်အတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူစေပြီး အိမ်မွေးတိရစ္ဆာန်တွေကို တာဝန်ယူရတဲ့အခါ သူတို့ရဲ့ သနားကြင်နာတတ်တဲ့ သဘာဝကို ဖွံ့ဖြိုးအောင် ကူညီပြီးသားဖြစ်ပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ အထီးကျန်မှုတွေကို ဖြေဖျောက်တတ်လာပါလိမ့်မယ်။

၃။ ရေချိုးချိန်

ရေချိုးတဲ့အခါ ရေအများကြီးကို မဖြုန်းမိစေဘဲ ရေနည်းနည်းလေးနဲ့ အသားထဲ စိမ့်ဝင်သွားအောင်အထိ ချိုးတတ်ဖို့ သင်ပေးပါ။ ဒီအချက်က စိတ်တည်ငြိမ်စေပြီး တရားထိုင်ခြင်းလိုပဲ အကျိုးပေးပါတယ်။

၄။ စာကျယ်ကျယ်ဖတ်ခြင်း

ကလေးတွေကို စာဖတ်ခြင်းအကျိုးကျေးဇူးတွေကို ပြောပြထားပါ။ တစ်ဆက်တည်းမှာပဲ စာဖတ်ခြင်းက သင်တို့တစ်မိသားစုလုံး တစ်ရက်လုံးလုပ်နေကျအလုပ်တွေထဲက အတိတ်ဆိတ်ဆုံးအချိန်ဖြစ်ပါလိမ့်မယ်။

၅။ သူတို့ရဲ့ ကစားပွဲတွေမှာ ဝင်ပါပါ

မိဘတစ်ချို့ကတော့ ကလေးတွေနဲ့ ကစားရတာ သိပ်မကြိုက်ကြပါဘူး။ ကလေးငယ်တွေဟာ သူတို့ရဲ့ မိဘတွေနဲ့ ကစားရတာကို အင်မတန်ပျော်ရွှင်ကြပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေပျော်ရွှင်စေဖို့ မိသားစုဓလေ့တစ်ခုအနေနဲ့ ကလေးတွေနဲ့ ကစားပါ။

၆။ အိပ်ချိန်

အိပ်ရာဝင်ချိန်တွေက ကလေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ အိပ်ရာဝင်ချိန်မှာ ကလေးငယ်နဲ့အတူ အချိန်ဖြုန်းဖို့ အချိန်ရပါလိမ့်မယ်။ အိပ်ရာဝင်ပုံပြင်ဖတ်ပြီး ကလေးငယ်ကို သိပ်ပါ။ ဒီအချိန်က သူတို့အတွက် မြတ်နိုးရတဲ့အချိန်ဖြစ်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here