ကလေးတွေအတွက် အရာအားလုံးကို အလွယ်တကူ မလုပ်ပေးသင့်တာ ဘာ့ကြောင့်လဲ?

0
33
- Advertisement -

မိဘတွေအနေဖြင့် ကိုယ့်ရဲ့ကလေးတွေကို ဖြစ်နိုင်ရင် ကမ္ဘာကြီးတစ်ခုလုံးတောင် ပေးချင်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေကို သူတို့ကြီးပြင်းလာခဲ့ရတဲ့ အလားတူ ရုန်းကန်မှုမျိုးကို ရင်မဆိုင်ရလေအောင် ကိုယ့်ရဲ့ သားသမီးအတွက် အရာအားလုံးကို လုပ်ဆောင်ပေးဖို့ ကျင့်သုံးကြပါလိမ့်မယ်။ ဒီအယူအဆက ချိုမြိန်ပြီး စိတ်ကူးယဉ်လွန်းပေမယ့် သူတို့ကို ထိခိုက်နစ်နာစေနိုင်ပါတယ်။ သင့်ရဲ့ ရုန်းကန်မှုတွေက သင့်ရဲ့အကြီးကျယ်ဆုံး သင်ခန်းစာတွေဖြစ်ပြီး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှုက သင့်ကို အမှီအခိုကင်းပြီး အရည်အချင်းရှိတဲ့ လူကြီးတစ်ယောက် ဖြစ်လာစေမှာပါ။

ကလေးတွေဟာ အသက်အရွယ်တစ်ခုရောက်ပြီးရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သဘာဝအတိုင်း ကျင့်သုံးလိုကြပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို သင်ဖြေရှင်ပေးတဲ့အခါ သူတို့ ခဏတာ ကျေနပ်ပုံပေါ်နို်ငတာကတော့ သေချာပါတယ်။ သို့သော်လည်း ရေရှည်မှာ ဒီဆက်လက်ပြုမှုမှုက သူတို့ရဲ့ လူကြီးဘဝကို ပြင်းထန်စွာ ထိခိုက်စေနို်ငတဲ့ အကျိုးဆက်များစွာကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ ဒါတွေကတော့ သင့်ကလေးတွေအတွက် အရာအားလုံးကို အလွယ်တကူ မလုပ်ပေးသင့်တဲ့ အကြောင်းရင်းတစ်ချို့ဖြစ်ပါတယ်။

၁။ သည်းခံနိုင်မှုနည်းလာပြီး စိတ်အလိုမကျဖြစ်လာနိုင်ပါတယ်

- Advertisement -

ကလေးတွေဟာ သူတို့လိုချင်တာကို အားထုတ်စရာမလိုဘဲ ရလာတဲ့အခါ “No” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်ကြတော့ပါဘူး။ ဘာ့ကြောင့်လဲ? တောင်းရုံဖြင့် လိုချင်သမျှကို ရရှိခြင်းက ကလေးအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်နေ့နေ့မှာ သင်ဟာ မမျှော်လင့်ဘဲ no လို့ပြောလာတဲ့အခါ အဲ့ဒါကို သူတို့ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့လိုချင်တာကို မရတဲ့အတွက် စိတ်ပျက်သွားနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ သင့်ကလေးတွေရဲ့ အချို့သော အခွင့်အရေးတွေ (သို့) ကိစ္စတွေကို ငြင်းပယ်ခြင်းက သူတို့အတွက် အကျိုးရှိနိုင်ပါတယ်။ ဒါက သူတို့လုံးဝမရနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့သော် သူတို့ဟာ အချိန်ကာလတစ်ခုအထိ စောင့်ရနိုင်ပါတယ် (သို့မဟုတ်) သူတို့တာဝန်ယူနိုင်တယ်ဆိုတာကို သက်သေပြရနိုင်ပါတယ်။ ဥပမာ- အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို သူတို့မွေးချင်တယ်ဆိုရင် သူတို့ကိုယ်သူတို့ အရင်တာဝန်ယူခြင်းဖြင့် အိမ်မွေးတိရစ္ဆာန်အတွက် သူတို့တာဝန်ယူနိုင်ကြောင်း ပြသခိုင်းပါ။ သူတို့အား အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သင်ယူဖို့နဲ့ သူတို့အား အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပို့ဆောင်ဖို့ ကူညီပေးမှာဖြစ်ပြီး နောက်ဆုံးမှာ သူတို့လိုချင်တာကို ရရှိစေမှာ ဖြစ်ပါတယ်။

၂။ အားထုတ် ကြိုးစားမှုရဲ့ တန်ဖိုးကို သူတို့မသိကြပါဘူး

ကိုယ့်သားသမီးအတွက် ကိုယ်လုပ်ပေးသမျှ အသေးအဖွဲတိုင်းရဲ့ ရမှတ်ကို ထိန်းထားရမယ်၊ တစ်နည်းမဟုတ် တနည်းနဲ့ ပြန်ဆပ်ဖို့ တောင်းဆိုရမယ်လို့ မပြောပါဘူး။ သို့သော် အချိန်တိုင်း ၊ အခြေအနေတိုင်း၊ ကိစ္စတိုင်းမှာ ကလေးတွေဟာ အခက်အခဲမရှိဘဲ သူတို့လိုချင်တာကို ရရှိနေပါက သူတို့လိုချင်တဲ့အရာကို ရရှိဖို့ ကြိုးစားအားထုတ်ခြင်းရဲ့ အရေးပါမှုကို သင်ကြားမခံရတော့ပါဘူး။ တစ်ခုခုရဖို့အတွက် ပါးစပ်ဖွင့်ပြီး တောင်းရမယ်ဆိုတာကို သင့်ကလေးတွေ သိလာတဲ့အခါ သူတို့ကို လုပ်ဆောင်ဖို့ သင် တိုက်တွန်းနေတဲ့ နောက်ထပ်ကြိုးစားမှုမှန်သမျှဟာ ရပ်တန့်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ သင်တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ သူတို့လိုချင်တဲ့အရာကို ရလိမ့်မယ်လို့ နှလုံးသွင်းထားပြီးဖြစ်တာကြောင့်ပါ။ ဒါက သူတို့ရဲ့ အလုပ်ကျင့်ဝတ်ကို လျော့ပါးစေရုံနဲ့ တည်ရှိနေမှာ မဟုတ်ပါဘူး။ သူတို့ဟာ အခြားသူတွေရဲ့ အလုပ်နဲ့ ကြိုးစားအားထုတ်မှုကိုလည်း တန်ဖိုးဖြတ်လာနိုင်ပါတယ်။

၃။ သူတို့လိုချင်တာကို မရတဲ့အခါ စိုးရိမ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်

ကလေးတွေဟာ မိဘအနီးနားမှာရှိတဲ့အခါ သူတို့လိုချင်တာမှန်သမျှကို ရနိုင်ပေမယ့် သူတို့နှင့်ထိတွေ့ဆက်ဆံသူတိုင်းမှာ ဒီလိုမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်ကလေးက သူတို့နည်းအတိုင်း လျှောက်လှမ်းနေရင် စိတ်ရှည်ခြင်းနဲ့ စောင့်ဆိုင်းခြင်းရဲ့ အခြေခံတန်ဖိုးတွေအကြောင်း မသိနိုင်တော့ပါဘူး။ အဲဒါ့ကြောင့် အစီအစဉ်အတိုင်းမဟုတ်ဘဲနဲ့ သူတို့လိုချင်တာကို ချက်ချင်းမရတဲ့အခါ ထိတ်လန့်ပြီး စိုးရိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါမှာ သူတို့ရဲ့ သူငယ်ချင်းတွေ ချမှတ်ထားတဲ့ အစီအစဉ်တွေကို ချိန်ညှိခြင်း (သို့) လိုက်လျောခြင်းမပြုနိုင်တော့ဘဲ ဒီအကြောင်းကြောင့် ခေါင်းမာပြီး ရှေးဆန်သလို ဖြစ်လာပါတယ်။

၄။ မှီခိုမှု

မိဘတစ်ဦးအနေဖြင့် အရေးကြီးဆုံးအလုပ်က ကိုယ့်ရဲ့ကလေးတွေကို အရည်အချင်းရှိပြီး အမှီအခိုကင်းစေဖို့ ဖြစ်ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ပြီးရင် တိုးတက်ကြီးပြင်းလာမယ့် သင့်ကလေးရဲ့အခွင့်အလမ်းတွေကို သိမ်းယူနေသလို မဖြစ်ဖို့ အရေးကြီးပါတယ်။

သင့်ကလေးက အသက်အရွယ်တစ်ခုရောက်တာနဲ့ ကိုယ့်အားကိုယ် ဘယ်လိုကိုးရမလဲဆိုတာ သင်ယူမှာ မဟုတ်ပါဘူး။ ဒါက လုပ်ပိုင်ခွင့်၊ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်နဲ့ ငယ်ရွယ်စဉ်ကတည်းက အမှီအခိုကင်းမှုကို မွေးမြူခြင်းအကြောင်းဖြစ်ပါတယ်။

သင့်ကလေးရဲ့ ရုန်းကန်မှုကို ကြည့်နေဖို့ဆိုတာ ခက်ခဲပေမယ့်လည်း တစ်ခါတစ်ရံမှာ ဒါကအကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ သင့်ကလေးအပေါ် ယုံကြည်မှုရှိပါ၊ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို ပံ့ပိုးပေးပါ။

Chit_MayMay

Nandar

ref-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here