ကလေးတွေအတွက် အရောင်ခြယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

0
246
- Advertisement -

အရောင်ခြယ်ခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အခြေခံကျသော လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အရောင်ခြယ်ခြင်းကို အချိန်ဖြတ်သန်းနည်းတစ်ခုလို့ အများက တွေးကြပေမယ့် အမှန်တကယ်က အဲဒီထက် အများကြီးပိုပါတယ်။ ကလေးတွေ နှစ်သက်နိုင်တဲ့ အရောင်ခြယ်ခြင်းရဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီနည်းပညာခေတ်က တက်ဘလက်တွေ၊ စမတ်ဖုန်းတွေနဲ့ အရောင်ခြယ်ခြင်းကို အစားထိုးလာကြပါတယ်။ ဒါ့ကြောင့် ကလေးတွေကို သူတို့ရဲ့အားလပ်ချိန်တွေမှာ အရောင်တွေနဲ့ လှုံ့ဆော်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ အရောင်တွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်မှုအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

ကလေးတွေအတွက် အရောင်ခြယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

အရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်းအလေ့အထက ကလေးတွေအတွက် အသိဉာဏ်ကြွယ်စေမှာ သေချာပါတယ်။ ကလေးတွေအနေနဲ့ သူတို့ပတ်ဝန်းကျင်ကမ္ဘာကို နားလည်ဖို့၊ လွတ်လပ်စွာ ပြောဆိုဖို့ နည်းလမ်းဖြစ်ပါတယ်။ အရောင်ခြယ်ခြင်းရဲ့ အဓိကအကျိုးကျေးဇူးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

- Advertisement -

၁။ အရောင်ခြယ်ခြင်းက ကလေးရဲ့ motor skills ကိုတိုးတတ်စေပါတယ်

အရောင်ခြယ်ခြင်းက ကလေးရဲ့ fine motor (ကြွက်သားငယ်လေးတွေ) ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကောင်းမွန်သော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ၎င်းစွမ်းရည်နှင့် ဆက်စပ်နေတဲ့ ဦးနှောက်ဆားကစ်တွေကို အားကောင်းစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အရောင်ခြယ်ခြင်းက ကလေးတွေအား မျက်လုံး-လက်ညှိနှိုင်းဆောင်ရွက်ခြင်းကို ဖွံ့ဖြိုးခွင့်ပြုပါတယ်။

၂။ self-esteem ကိုတိုးတတ်စေပါတယ်

အရောင်ခြယ်ခြင်းက အပြိုင်အဆိုင်မဟုတ်သော အခြေအနေမှာ ဖြစ်ပေါ်တဲ့အခါ ကလေးတွေအတွက် ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှု အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ၎င်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို မြှင့်တင်ပေးပါတယ်။ ကလေးအများစုက သူတို့ရဲ့ အနုပညာဖန်တီးမှုတွေကို အောင်မြင်မှုအဖြစ် အနက်ဖွင့်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့လက်ရာတွေကို စွမ်းရည်လို့ခံစားရပြီး ဂုဏ်ယူကြပါတယ်။ မိသားစုဝင်တွေရဲ့ချီးမွမ်းမှုကို ခံရတဲ့အခါ ထိုခံစားချက်က ပိုအားကောင်းလာပါတယ်။

၃။ အရောင်ခြယ်ခြင်းက ကလေးတွေမှာ တီထွင်ဖန်တီးမှုကို ဖွံ့ဖြိုးစေပြီး ပတ်ဝန်းကျင်နဲ့ ဆက်ဆံပြောဆိုမှုကို ဖြစ်ပေါ်စေပါတယ်

အရောင်သင်ယူခြင်းရဲ့ အကျိုးကျေးဇူးအကြောင်း ပြောတဲ့အခါ တီထွင်ဖန်တီးမှုကို ဖော်ပြဖို့ အရေးကြီးပါတယ်။ အရောင်ခြယ်ခြင်းက ကလေးတွေမှာ ဖန်တီးမှုကို လှုံ့ဆော်ပေးပါတယ်။ ယေဘုယျအားဖြင့် ကလေးတွေဟာ ပက်တန်တွေကို မချမှတ်နိုင်သေးပါဘူး။ အရောင်တွေကို ခြယ်တဲ့အခါ သတ်မှတ်ချက်ဘောင်မပါဘဲ ဖန်တီးဖို့ လွတ်လပ်တယ်လို့ ခံစားရပါတယ်။ ဒီလှုပ်ရှားမှုက ကလေးတွေအတွက် သူတို့ကိုယ်သူတို့ ဖော်ပြဖို့နှင့် ရွယ်တူချင်းတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ကလေးတွေ ရေးဆွဲထားတဲ့ပုံတွေအရ လူကြီးတွေဟာ ကလေးတွေ ထင်မြင်ယူဆတဲ့ အရာတွေနဲ့ အတွေ့အကြုံတွေကို information ကောက်ယူနိုင်ပါတယ်။

၄။ အရောင်ခြယ်ခြင်းက သင်ယူခြင်းဖြစ်စဉ်ကို တိုးတတ်စေပါတယ်

အရောင်ဖွံ့ဖြိုးတဲ့ ကလေးတွေဟာ သူတို့ရဲ့သင်ယူခြင်းဖြစ်စဉ်မှာ ပိုတတ်ကြွသော အခန်းကဏ္ဍမှပါဝင်ပါတယ်။ တနည်းပြောရရင် သူတို့ဟာ ပိုထိရောက်တဲ့ နည်းနဲ့ သင်ယူကြပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အရောင်ခြယ်ခြင်းက ကလေးတွေအား ကမ္ဘာကြီးကို ပိုမိုနားလည်စေဖို့ ကူညီပေးပြီး သင်ယူဖို့ ပိုစိတ်အားထက်သန်စေပါတယ်။ ပုံဆွဲခြင်းနှင့် အရောင်ခြယ်ခြင်းက ကလေးဘဝရဲ့အစောပိုင်းမှာ အထူးအရေးကြီးပါတယ် ။

၅။ အရောင်ခြယ်ခြင်းက ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုနှင့် အာရုံစူးစိုက်နိုင်စွမ်းကို အားပေးပါတယ်

အရောင်ခြယ်ခြင်းက ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းကို လှုံ့ဆော်ခြင်းအတွက် လက်တွေ့အကျဆုံး မဟာဗျူဟာ ဖြစ်ပါတယ်။ ၎င်းက ကလေးတွေ ငယ်သေးတဲ့အချိန်မှာ selective attention အတွက် လှုံ့ဆော်ပေးသောအရာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီနည်းစနစ်က စိတ်ခံစားမှုဆိုင်ရာ self-control ကိုမြှင့်တင်ပေးပါတယ်။ အရောင်ခြယ်ခြင်းက ကလေးတွေ ပျော်ရွင်၊ ဝမ်းနည်း၊ စိတ်လှုပ်ရှားတဲ့အခါ သူတို့ရဲ့စိတ်ခံစားမှုတွေကို ဖော်ဆောင်ပေးသော နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ကလေးကို အရောင်ခြယ်ဖို့ ဘယ်လိုလှုံ့ဆော်မလဲ?

အထက်မှာဖော်ပြထားသလို နည်းပညာဆိုင်ရာ တိုးတတ်မှုက လူတိုင်းရဲ့ဘဝကို သက်ရောက်ပါတယ်။ ဒစ်ဂျစ်တယ် activities တွေကို သူတို့လက်ခံလာတာကြောင့် ယနေ့ကလေးတွေဟာ ပုံဆွဲခြင်း၊ အရောင်ခြယ်ခြင်းလို သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါသော activities တွေမှာ မြှုပ်နှံချိန်နည်းသွားပါတယ်။ ဒီအကြောင်းရင်းကြောင့် အရောင်ခြယ်ဖို့ သင်ကြားပေးခြင်း၊ ကလေးကို လှုံ့ဆော်ပေးခြင်းက ပိုအရေးကြီးပါတယ်။

ကလေးတွေကို လှုံ့ဆော်ပေးဖို့ နည်းလမ်းများစွာရှိပါတယ် မိဘတွေအတွက် အရေးကြီးဆုံးတစ်ခုက ဒီ activity လုပ်နေစဉ်အတွင်းမှာ ကလေးနဲ့အတူရှိနေပေးဖို့ အချိန်ပေးဖို့ ဖြစ်ပါတယ်။ ကလေးက လွတ်လပ်စွာဖန်တီးဖို့ အခွင့်ရရင် ၊ မိဘနှင့်အတူ အချိန်ဖြုန်းရရင် အရောင်ခြယ်ခြင်းက ပိုပြီးတော့တောင် စိတ်ဝင်စားမှု ဖြစ်လာပါမယ်။

ကလေးလေးတွေကို motivate လုပ်ဖို့နောက်တစ်နည်းက အိမ်ထဲမှာ အနုပညာဧရိယာတစ်ခု ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ စက္ကူ၊ ကင်းဗက်၊ ခဲတံ၊ သုတ်ဆေး အစရှိသဖြင့် ရောင်စုံကာလာတွေ၊ မတူညီတဲ့ပစ္စည်းတွေကို အသုံးပြုနိုင်မယ့် နေရာလွတ်တစ်ခု ဖန်တီးပေးပါ။ ကုန်ကြမ်းမျိုးစုံက ကလေးရဲ့ဖန်တီးမှုကို မြှင့်တင်ပေးပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here