သိပ္ပံနည်းကျသက်သေအထောက်အထားများကြောင့် လူသားတွေရဲ့ ကျန်းမာရေးအပေါ် အပြုသဘောသက်ရောက်မှုရှိခြင်းကြောင့် ပရိုဘိုအိုတစ်ဟာ မကြာသေးမီ ဆယ်စုနှစ်အတွင်း အာရုံစိုက်မှုရရှိခဲ့ပါတယ်။ အူကျန်းမာရေးကို ထိန်းသိမ်းဖို့ လူကြီးတွေအတွက် အသုံးဝင်ကြောင်း တွေ့ရှိခဲ့ရာ မိဘတစ်ချို့က ကလေးတွေအတွက်လည်း ပရိုဘိုင်အိုတစ်သုံးဖို့ အားပေးခဲ့ပါတယ်။ သို့သော် ကလေးတွေအတွက် အသုံးဝင်ပါသလား?
ဒီပို့စ်မှာတော့ ကလေးတွေအတွက် (Probiotics)ပရိုဘိုင်အိုတစ် လိုအပ်သလား? သူတို့က ဘယ်လိုအသုံးဝင်သလဲ? ပရိုဘိုင်အိုတစ်ပါဝင်သော အစားအစာတွေက ဘာတွေလဲဆိုတာကို မျှဝေပေးပါမယ်။
ပရိုဘိုင်အိုတစ်ဆိုတာ ဘာလဲ?
အထူးသဖြင့် အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ကျွန်တော်တို့ လိုအပ်သော ဘက်တီးရီးယား (သို့) တဆေးကို ပရိုဘိုင်အိုတစ်(အကျိုးပြုဘက်တီးရီးယား) ဟုခေါ်ပါတယ်။ လူရဲ့အူမှာ သန်းပေါင်းများစွာသော သေးငယ်တဲ့ ဇီဝသက်ရှိများ ရှိပါတယ်။ ပရိုဘိုင်အိုတစ်(အကျိုးပြုဘက်တီးရီးယား)တွေက လူသားများနှင့်အတူ အပြန်အလှန်ကောင်းကျိုးအတွက် သဟဇာတဖြစ်သော ဆက်ဆံရေးမှာ နေထိုင်တဲ့ nonpathogenic, gut microorganisms များဖြစ်ပါတယ်။
Probiotics က အန္တရာယ်ကင်းသလား?
Probiotics ကိုယေဘုယျအားဖြင့် အန္တရာယ်ကင်းတယ်လို့ မှတ်ယူကြပါတယ်။ သို့သော် ပြင်းထန်စွာ နေမကောင်းဖြစ်နေသူ(သို့) ကိုယ်ခံစွမ်းအား လျော့နေတဲ့ လူနာတွေမှာ အသုံးမပြုသင့်ပါဘူး။ ၎င်းတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ပြောဆိုထားတာ သိပ်မရှိသော်လည်း ဒီပရိုဘိုင်အိုတစ်ဆေးတွေကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်၊ အစာစားသောက်ကုန်တွေမှာ ပရိုဘိုင်အိုတစ်ပါဝင်ပြီး ၎င်းတို့ကို စားသုံးနိုင်ပါတယ်။ သို့သော် ရောဂါအမျိုးမျိုးအတွက် လိုအပ်တဲ့ ပရိုဘိုင်အိုတစ်ပမာဏက ကွဲပြားနိုင်ပါတယ်။

Probiotic တွေက ကလေးတွေအတွက် ဘယ်လိုအသုံးဝင်သလဲ?
၁။ Probiotic ကပေးတဲ့ အကျိုးကျေးဇူးဟာ အမျိုးအစားနှင့် ဇီဝသက်ရှိအရေအတွက်အပေါ် မူတည်ပါတယ်။ အောက်ပါတို့က ကလေးတွေအပါအဝင် လူသားများအတွက် Probioticရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။
၂။ Probiotic ဟာ ကလေးငယ်များအတွင်း အူလမ်းကြောင်းပိုးမွှား မျှတမှုကို ကျန်းမာစွာ ထိန်းသိမ်းခြင်းမှာ ကူညီပေးပါတယ်။ ဒီမျှတမှုက အူအတွင်း အာဟာရဓါတ်များ စုပ်ယူခြင်းနှင့်စနစ်တကျ အစာခြေခြင်းမှာ အရေးပါပါတယ်။ ပမာဏ သက်သေအထောက်အထားများအရ

- ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတဲ့ ဝမ်းလျှောခြင်း
- နာတာရှည် အူလမ်းကြောင်းရောဂါ
- UC အစာခြေလမ်းကြောင်း အနာဖြစ်ခြင်းကဲ့သို့သော အူရောင်ရမ်းတဲ့ ရောဂါ
- ပန်းဝတ်မှုန်ကြောင့်ဖြစ်သော ဖျားနာခြင်း
- အူမကြီး ရောင်ရမ်းခြင်း
- အအေးမိခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှု ကဲ့သို့သော အခြေအနေများကို ကာကွယ်ဖို့ (သို့) ကုသရာမှာ ကူညီလိမ့်မယ်လို့ အကြံပြုထားပါတယ်။
၃။ အချို့သော ကလေးတွေမှာ ဓါတ်မတည့်ခြင်းက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိပြီး အချို့မှာ သတ်သတ်မှတ်မှတ်ဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်ဟာ နှင်းခူနှင့်ဓါတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ နှာရည်ယိုရောဂါ ကဲ့သို့သော ဓါတ်မတည့်တဲ့ ကလေးငယ်တွေအတွက် ထိရောက်မှုရှိကြောင်း မှတ်တမ်းတင်ထားပါတယ်။
၄။ ပရိုဘိုင်အိုတစ်ဟာ ခန္ဓာကိုယ်မှာ antibodies တွေထုတ်လုပ်ခြင်းကို မြှင့်တင်ခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိန်သိမ်းပေးပါတယ်။
၅။ ခံတွင်းကျန်းမာရေးအတွက် အရေးပါပါတယ်။ ပရိုဘိုင်အိုတစ်ဟာ ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ အထောက်အကူပြုနိုင်ပါတယ်။ သွားနဲ့ သွားဖုံးရောင်ရမ်းခြင်း၊ သွားပိုးစားခြင်း ကဲ့သို့သော ခံတွင်းရောဂါတွေကို တားဆီးပေးပါတယ်။
သင့်ကလေးအတွက် Probiotic ပါဝင်သော အစားအစာအမျိုးမျိုးမှာ
ဒိန်ချဉ်- ဒိန်ချဉ်ရဲ့ Probiotic ပါဝင်မှုက အူလမ်းကြောင်းမှုမမှန်တဲ့လက္ခဏာတွေကို သက်သာစေပြီး အင်တီဘိုင်အိုတစ်များကြောင့်ဖြစ်တဲ့ ဝမ်းလျောခြင်းကို လျော့နည်းစေနိုင် ဒိန်ချဉ်မှ ဘက်တီးရီးယားများဟာ lactoseကို lactic acid အဖြစ်ဖြိုခွဲတာကြောင့် အထူးသဖြင့် နို့သောက်ရင် ဝမ်းပျက်တတ်တဲ့ ကလေးတွေအတွက် ဗိုက်ပွတာ ဖြစ်နိုင်ချေနည်းပါတယ်။

ချိစ့် – cottage cheese ကလည်း ပရိုဘိုင်အိုတစ်ကို ပေးစွမ်းနိုင်ပါတယ်။
Buttermilk- Buttermilk မှာ ပရိုဘိုင်အိုတစ်တွေ ပါဝင်ပါတယ်။ ဗီတာမင် B12 ,ကယ်စီယမ်နှင့် အခြားသတ္တုများလည်း ပါဝင်ပါတယ်။
ပဲစေ့- အစိမ်းရောင်ပဲစေ့များမှာ probiotic အာနိသင်ဖြစ်သော Leuconostoc mesenteroides ပါဝင်တာကြောင့် ပရိုဘိုင်အိုတစ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် အချဉ်ဖောက်ထားတဲ့ ကင်မ်ချီ၊ မီဆိုလိုအစားအစာတွေမှာလည်း ပရိုဘိုင်အိုတစ်တွေ ပါဝင်ပါတယ်။

မှတ်ချက်- ပရိုဘိုင်အိုတစ်အစားအစာအချို့ဟာ ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ကလေးမှာ lactose intolerance၊ နို့ဓါတ်မတည့်မှု (သို့) ပဲပုပ်ဓါတ်မတည့်မှုများ ရှိပါက ကလေးရဲ့ အစားအစာထဲမှာ နို့အခြေခံနှင့် ပဲပုပ်အခြေခံ ပရိုဘိုင်အိုတစ်တွေ မိတ်မဆက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်ပါ။
ကလေးတွေမှာ ပရိုဘိုင်အိုတစ် ဖြည့်စွက်ဆေး လိုအပ်သလား?
ကလေးဆရာဝန်မညွှန်ကြားပါက ပရိုဘိုင်အိုတစ် ဖြည့်စွက်ဆေး မသုံးသင့်ပါ။ ဖြည့်စွက်ဆေးကိုမှီခိုခြင်းထက် ပရိုဘိုင်အိုတစ် အစားအစာအရင်းအမြစ်ကိုသာ အာရုံစိုက်ဖို့ အကြံပြုလိုပါတယ်။ ပရိုဘိုင်အိုတစ်များက အူနှင့် ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းရာမှာ အသုံးဝင်ပါတယ်။
Probiotics ရဲ့ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ
Probiotics ကအများအားဖြင့် အန္တရာယ်ကင်းပါတယ်။ သို့သော် တစ်ချို့ကိစ္စတွေမှာ အောက်ပါပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- ဗိုက်ပွခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း ကဲ့သို့သော အသေးစားအစာမကြေပြဿနာမျာကို ဖြစ်စေနိုင်ပါတယ်။
- တဆေးအခြေပြု Probiotics က ဝမ်းချုပ်ခြင်းကို ဖြစ်နိုင်ပါတယ်။
- နို့နဲ့ ဓါတ်မတည့်တဲ့ ကလေးတွေမှာ နို့အခြေခံ ပရိုဘိုင်အိုတစ်ကနေ လေနှင့် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။
- အချို့သော ပရိုဘိုင်အိုတစ်မှာ သွေးစီးဆင်းမှု အတတ်အကျဖြစ်စေဖို့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ခေါင်းကိုက်စေသော amines ပါဝင်ပါတယ်။
- တစ်ခါတရံမှာ ဒါက antibiotic ကုသမှု လိုအပ်တဲ့ infection တစ်ချို့ကို ဖြစ်စေနိုင်ပါတယ်။ probiotic တွေက ကျန်းမာရေးအကျိုးကျေးဇူးများ ရှိသော်လည်း ဖြည့်စွက်ဆေးကို ကလေးဆရာဝန်ညွှန်ကြားချက်မရှိဘဲ မတိုက်သင့်ပါဘူး။
Lifestyle_Myanmar
LM_Nandar
Source-momjunction.