မိဘတွေဖြစ်တာကြောင့် ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်လို့ တွန်းအားပေးတယ်ဆိုတာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ သို့သော်လည်း တစ်ခါတစ်လေကျတော့ ကလေးတွေကို ကောင်းကောင်းဖြစ်စေချင်ရာကနေ အတင်းဖိအားပေးတာများသွားပြီး နောက်ဆက်တွဲအနေနဲ့ ကလေးတွေဟာ စိုးရိမ်ရလောက်တဲ့ အကျိုးဆက်တွေကို ခံစားရပါတော့တယ်။

ကလေးတွေမှာ ဖိအားဘယ်လောက်လိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီး မိဘတိုင်းရဲ့အမြင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တစ်ချို့မိဘတွေတွေးကြတာက သူတို့ရဲ့သားသမီးတွေဟာ မိဘရဲ့နောက်ကဖိအားမရှိဘူးဆိုရင် ကျောင်းစာတွေမှာ တော်တတ်ကြမှာမဟုတ်ဘူးလို့ ဆိုကြပါသေးတယ်။ ဒါပေမယ့် တစ်ချို့လူကြီးတွေကတော့ ကလေးတွေဟာ ဘက်ပေါင်းစုံကဖိအားမျိုးစုံကို ခံစားနေရတယ်လို့ ခိုင်ခိုင်မာမာပြောဆိုကြပါတယ်။

ကျောင်းစာတွေတော်ပြီး ဆုတွေရဖို့အတွက် မိဘတွေက အဆက်မပြတ် ဖိအားပေးနေတာကြောင့် ကလေးတွေဟာ ကလေးတွေနဲ့မတူတော့ဘူးလို့ စိုးရိမ်စိတ်တွေကို ဖော်ပြကြပါတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားထားတာဟာ အဆိပ်အတောက်မဖြစ်စေပေမယ့်လည်း ကလေးတွေအပေါ် အဆက်မပြတ် ဖိအားတွေပေးမယ်ဆိုရင်တော့ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ မိဘတွေရဲ့ ဖိအားပေးခြင်းကို အလွန်အမင်းခံရတဲ့ကလေးတွေဆီမှာ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေကတော့ အောက်ပါအတိုင်းပါပဲ။
• စိတ်ပိုင်းဆိုင်ရာနာကျင်မှု
• ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်နဲ့ပတ်သက်လို့ ပြဿနာတွေရှိလာခြင်း
• အိပ်ရေးမဝခြင်း
• ထိခိုက်ဒဏ်ရာရနိုင်ခြေများခြင်း
• မသမာသောနည်းတွေသုံးဖို့ အလားအလာများခြင်း
• ပါဝင်ဖို့အတွက် ငြင်းဆိုလာခြင်း
တို့ပဲဖြစ်ပါတယ်။
#Chit_May_May
#Thinzar
Ref- verywellfamily