မိဘအများစုက သူတို့ရဲ့ ကလေးတွေအတွက် ကျန်းမာတဲ့ ဘဝကို ရရှိဖို့နှင့် အကောင်းဆုံးလူသားတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြပါတယ်။ သို့ပေမယ့် သူတို့က နောင်အနာဂတ်မှာဖြစ်ပေါ်နိုင်တဲ့ မတော်တဆအမှားမျိုးတွေကို ပြုလုပ်မိနိုင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက တစ်ချို့မိဘတွေဟာ တစ်ခါတရံမှာ အမှားထက် ကျော်လွန်ပြီးတော့ အဆိပ်သင့်နယ်မြေကို ရောက်ရှိသွားကြပါတယ်။ မိဘတစ်ဦးက ရည်ရွယ်ချက်ရှိရှိအဆိပ်အတောက်ဖြစ်စေတဲ့ကိစ္စတွေ အထူးသဖြင့် ကလေးငယ်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေနိုင်တဲ့ အမူအကျင့်များစွာရှိပါတယ်။ ၎င်းက သူတို့လူကြီးတွေဖြစ်လာကြပြီးနောက်မှာ ၎င်းတို့ကို သက်ရောက်မှုတွေများစွာရှိပါတယ်။ တကယ်လို့ သင်က အခုဖော်ပြပေးမယ့် အကြောင်းအရာတွေထဲက တစ်ခုခုကို ကလေးတစ်ယောက်အနေနဲ့ ကြုံတွေ့ဖူးမယ်ဆိုရင် သင့်မိဘတစ်ဦး သို့) နှစ်ဦးစလုံးက အဆိပ်အတောက်တစ်ချို့ ရှိနေနိုင်ပါတယ်။

၁။ သူတို့ရဲ့ ခံစားချက်တွေကို အမြဲတမ်း ပထမနေရာမှာ ထားတယ်
ဆုံးဖြတ်ချက်ချတဲ့အခါတိုင်း မိဘကောင်းတွေက မိသားစုဝင်အားလုံးရဲ့ စိတ်ဆန္ဒတွေကို အမြဲမှတ်သားထားလေ့ရှိိပါတယ်။ အခြားတစ်ဖက်မှာ အဆိပ်ရှိတဲ့ မိဘတွေက ဆုံးဖြတ်ချက်တစ်ခုက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိမယ်ဆိုတာကိုသာ စဥ်းစားပါလိမ့်မယ်။ သင်က သင့်မိဘတွေရဲ့ လျစ်လျူရှုမှုတွေကို ပြန်လည်စဥ်းစားလိုက်တိုင်း ချက်ချင်းမှတ်မိနိုင်တယ်ဆိုရင် သေချာပါတယ် ဒါဟာ ကျိန်းသေအနီရောင်အဆင့်ဖြစ်နေပါပြီ။

၂။ သူတို့က သင့်ရဲ့ Privacy တွေကို နားမလည်ကြဘူး
သူတို့က သင့်ရဲ့ privacy တွေကို ဂရုမစိုက်ကြဘူး။ သင်က သူတို့နေရာတကာ လိုက်ထိန်းချုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူးဆိုတာကို လက်မခံချင်ကြဘူး။ သင့်ရဲ့ privacy ဘဝကို သိဖို့၊ သင့်ရဲ့ ပုဂ္ဂိုလ်ရေးနေရာမှာ ဝင်ရောက်စွက်ဖက်ဖို့ ၊ သင့်ရဲ့မက်ဆေ့ချ်တွေကို စစ်ဆေးဖို့ ၊ သင့်အခန်းထဲကို အကြောင်းမကြားဘဲ လာခြင်းတွေက မိဘတစ်ဦးအနေနဲ့ ကျူးကျော်ခြင်းဖြစ်ပါတယ်။

၃။ အပြစ်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းဖြင့် ဆုံးမခြင်း
အနည်းငယ်အပြစ်ရှိတယ်ဆိုတဲ့ အချက်က ပုံမှန်မိဘအုပ်ထိန်းမှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သို့ပေမယ့် ၎င်းက အလွန်ကြီးလေးသော ပြဿနာဖြစ်ပါတယ်။ အတ္တကြီးတဲ့ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို လွှမ်းမိုးဖို့ ကြိုးစားကြပါတယ်။ ကလေးတွေလုပ်သမျှကို ထိန်းချုပ်ချင်ကြတယ်၊ သူတို့လုပ်နိုင်တာကို သေချာအောင် သူတို့စွမ်းအားအားလုံးကို ထုတ်ဖော်ပြတတ်ကြတယ်။ ဥပမာ – အသံကျယ်ကျယ်ပြောခြင်း၊ ရိုက်နှက်ခြင်း စတဲ့ အပျက်သဘောဆုံးမနည်းတွေနဲ့ ကိုင်တွယ်တတ်ကြပါတယ်။
မိဘတစ်ဦးက သင့်အတွက် သူမည်မျှစွန့်လွှတ်လိုက်ရကြောင်း၊ တစ်ခုခုကို ပြန်ရဖို့ မျှော်လင့်တဲ့အတွက် လက်ဆောင်တစ်ခုပေးတယ်လို့ မကြာခဏပြောခဲ့တယ်ဆိုရင် သင့်မိဘတွေက အဆိပ်အတောက်ဖြစ်စေတဲ့ မိဘတွေထဲမှာ ပါဝင်ပါတယ်။

၄။ သူတို့က ယှဥ်ပြိုင်ကြတယ်
သူတို့ဟာ အမြဲတမ်း မှန်ကန်တဲ့အရာတွေကိုသာ မြင်ချင်ရုံမကဘဲ သူတို့ကိုယ်ပိုင်ကလေးနှင့် ပြိုင်ဆိုင်ချင်နေတဲ့ အပြုအမူတွေလည်းပါဝင်ပါတယ်။ ဒါ့ကြောင့် သူတို့က သင့်ကိုရွှင်လန်းစေပြီး သင့်အောင်မြင်မှုတွေကို ပျော်ရွှင်စေမယ့်အစား ၎င်းတို့ကို လျှော့ချဖို့၊ ဖျက်ဆီးဖို့ သင့်ကို လျစ်လျူရှုဖို့ ကြိုးစားပါတယ်။ တကယ်ပါ သူတို့ရဲ့ ကလေးတွေနဲ့ ပြိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ မိဘတွေတော်တော်များများရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ၊ အောင်မြင်မှုအဆင့်စတဲ့ အပေါ်ယံအဆင့်အတန်းတွေကို ယှဥ်ပြိုင်ကြတာပါ။

၅။ သူတို့က သင့်ကို တိတ်တဆိတ်ကုသမှုပေးတယ်
ကျန်းမာတဲ့ မိသားစုက ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ပါတယ်။ သို့ပေမယ့် များသောအားဖြင့် အဆိပ်သင့်နေတဲ့ မိဘတွေက သူတို့ရဲ့ကလေးကို အပြည့်အဝလျစ်လျူရှုပြီးတော့ သူတို့လိုချင်တဲ့အရာတွေကို ရဖို့ သူတို့နှင့်စကားပြောခြင်းကို ရပ်လိုက်ကြတယ်(မရင့်ကျက်ခြင်း)။ သင့်အဖေနဲ့ အယူအဆချင်းမတူတဲ့အခါ သင့်အဖေက ပေါက်ကွဲတာမျိုး ကြုံဖူးလား (သို့) သင့်အမေက စကားမပြောတာမျိုးရော ဖြစ်ဖူးလား။ သင့်အမေက အခန်းထဲမှာ သူ့ကိုယ်သူ လော့ခ်ချထားတာမျိုးရော ဖြစ်လေ့ရှိလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ပြောချင်တာ အဲဒါပါပဲ။ ဒါလုံးဝမဖြစ်သင့်ပါဘူး။

၆။ သူတို့က သင့်အကြောင်းကို မနှစ်မြို့ဖွယ်ပြက်လုံးတွေ ဖြစ်စေကြတယ်
မိဘတွေအားလုံးက တစ်ခါတရံမှာ သူတို့ရဲ့ကလေးတွေကို ဖျော်ဖြေရေးအဖြစ် ရွေးချယ်ကြတယ်။ သို့ပေမယ့် ပြက်လု့းတွေက နေ့စဥ်ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာတဲ့အခါ ၎င်းက ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်ပါတယ်။ သင်က ဒီအပြုအမူမျိုးတွေ သင့်ရဲ့ ကိုယ်အလေးချိန် (သို့) အရပ်အမြင့်တွေကို တစ်ခုခုပျော်စရာပြက်လုံး လုပ်ခံရခြင်းက မထိုက်တန်ပါဘူး။ မိဘတစ်ဦးက သင်နှင့် စကားပြောဆိုဖို့ အကျိုးသင့်အကြောင်းသင့်ရှိတဲ့အခါ ရက်ရက်စက်စက်ပြက်လုံးတွေပြုလုပ်ခြင်းကို ဆန့်ကျင်ပါ။ ဝေဖန်ခြင်းကို ရှောင်ကြည်သင့်ကြောင်း ရှင်းပြပါ။ လူတစ်ယောက်ရဲ့ အားနည်းချက်က မည်သူတစ်ဦးတစ်ယောက်အတွက်မှ ရယ်စရာပြက်လုံးတွေ မဖြစ်သင့်ပါဘူး။ မိဘတွေက ပိုသတိထားရမှာပါ။

၇။ သူတို့က သူတို့ရဲ့ သုခချမ်းသာနဲ့ ပျော်ရွှင်မှုအတွက် သင့်ကို တာဝန်ယူစေတယ်
ကျန်းမာသော မိဘအုပ်ထိန်းမှုတွေမှာ ပျော်ရွှင်မှုတွေနှင့် ဝမ်းနည်းမှုအချိန်တွေရှိနေနိုင်ပါတယ်။ ဒါပေမယ့် အဆိပ်ရှိတဲ့ မိဘတွေက ကလေးကို အကောင်းဆုံးမိတ်ဆွေဖြစ်စေဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကတော့ မိဘတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ကာယပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဂရုစိုက်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုမိဘတွေက သူတို့ရဲ့ ပျော်ရွှင်မှုတွေက သူတို့သားသမီးတွေလက်ထဲမှာ လုံးလုံးလျားလျားရှိတယ်လို့ သတ်မှတ်ထားကြသူတွေပါ။ ကလေးစိတ်ဖိစီးနေတာကို သူတို့စိတ်မဝင်စားပါဘူး။
သူတို့ကလေးတွေဆီက တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုမှုတွေကို ပြုလုပ်လေ့ရှိပြီးတော့ ၎င်းတို့လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကြားမှာ ရွေးချယ်မှုတွေ အတင်းအကျပ်ပြုလုပ်ခိုင်းပါလိမ့်မယ်။ သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေအတွက် ကလေးရဲ့ လွတ်လပ်ခွင့်ကို ပယ်ရှားလိုက်ပြီးတော့ ဒီအရာကို နှောင်ကြိုးလို့ ခေါင်းစဥ်တပ်ပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref- iheartintelligence