ဆုံးမတယ်ဆိုတာ ကြမ်းတမ်းစွာပြောဆိုမှ၊ ကြမ်းတမ်းစွာ ရိုက်နှက်မှ ဆုံးမရာရောက်တာမဟုတ်ပါဘူး။ အထူးသဖြင့် အသိဉာဏ်ကြွယ်ဝမှုမရှိသေးတဲ့ ကလေးငယ်တွေအတွက် ဒီလို ရိုက်နှက်ဆုံးမခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်းဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဖွင့်ဖြိုးမှု့အပိုင်းမှာ အဟန့်အတားဖြစ်စေပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ အမေရိကန်သုတေသနပညာရှင်များက ကလေးငယ် ၁၆၀၀၀၀ ခန့်အပေါ်အခြေခံပြီး သုတေသနစမ်းသပ်မှုတွပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်မှုပြီးဆုံးတဲ့နောက်မှာတော့ ကလေးငယ်တွေကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာ၊ ခြောက်လန့်ဆုံးမတာဟာ မိမိတို့ရဲ့ ကလေးငယ်တွေအတွက် အရမ်းကို ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားမိသားစုများသိရှိစေရန် ရည်ရွယ်ပြီး ကလေးငယ်တွေအတွက် စိတ်ပညာပေး ဗဟုသုတစာစောင်များ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

သုတေသနပညာရှင် Elizabeth Gersoff က ကလေးတွေကို မိမိရဲ့ ဆန္ဒနဲ့ ထပ်တူကျဖို့အတွက် ပုံသွင်းသလို အတင်းလုပ်ယူခြင်းဟာ မိမိရဲ့ ဆန္ဒမပြည့်ဝတဲ့အပြင် မိမိအား ဆန့်ကျင်လာသည့်အပြုအမှုများ၊ စိတ်ကျန်းမာရေးပြဿနာများ စတဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ မိမိကိုယ်တိုင်လဲ စိုးရိမ်စိတ်များလွန်တဲ့အတွက်ကြောင့် စိတ်ကျဝေဒနာရှင်တစ်ဦး ဖြစ်မှန်းမသိဖြစ်လာနိုင်ပါတယ်။
Lifestyle_Myanmar
Thar_Nage
Zawgyi Font
ကေလးေတြအေပၚ ႏႈတ္ၾကမ္း၊ ကိုယ္ၾကမ္းျဖင့္ ႐ိုက္ႏွက္ဆက္ဆံျခင္းေၾကာင့္ျဖစ္ေပၚလာတဲ့ဆိုးက်ိဳး

ဆုံးမတယ္ဆိုတာ ၾကမ္းတမ္းစြာေျပာဆိုမွ၊ ၾကမ္းတမ္းစြာ ႐ိုက္ႏွက္မွ ဆုံးမရာေရာက္တာမဟုတ္ပါဘူး။ အထူးသျဖင့္ အသိဥာဏ္ၾကြယ္ဝမႈမရွိေသးတဲ့ ကေလးငယ္ေတြအတြက္ ဒီလို ႐ိုက္ႏွက္ဆုံးမျခင္း၊ ၾကမ္းတမ္းစြာေျပာဆိုျခင္းဟာ ကေလးငယ္ေတြရဲ႕ ဥာဏ္ရည္ဖြင့္ၿဖိဳးမႈ႕အပိုင္းမွာ အဟန္႔အတားျဖစ္ေစပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၅၀ အတြင္းမွာ အေမရိကန္သုေတသနပညာရွင္မ်ားက ကေလးငယ္ ၁၆၀၀၀၀ ခန္႔အေပၚအေျခခံၿပီး သုေတသနစမ္းသပ္မႈတြျပဳလုပ္ခဲ့ပါတယ္။ စမ္းသပ္မႈၿပီးဆုံးတဲ့ေနာက္မွာေတာ့ ကေလးငယ္ေတြကို ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံတာ၊ ေျခာက္လန္႔ဆုံးမတာဟာ မိမိတို႔ရဲ႕ ကေလးငယ္ေတြအတြက္ အရမ္းကို ဆိုးဆိုးရြားရြားျဖစ္ေစပါတယ္။ ဒါေၾကာင့္ အေျခခံလူတန္းစားမိသားစုမ်ားသိရိွေစရန္ ရည္ရြယ္ၿပီး ကေလးငယ္ေတြအတြက္ စိတ္ပညာေပး ဗဟုသုတစာေစာင္မ်ား ပုံႏွိပ္ထုတ္ေဝခဲ့ပါတယ္။

သုေတသနပညာရွင္ Elizabeth Gersoff က ကေလးေတြကို မိမိရဲ႕ ဆႏၵနဲ႔ ထပ္တူက်ဖို႔အတြက္ ပုံသြင္းသလို အတင္းလုပ္ယူျခင္းဟာ မိမိရဲ႕ ဆႏၵမျပည့္ဝတဲ့အျပင္ မိမိအား ဆန္႔က်င္လာသည့္အျပဳအမႈမ်ား၊ စိတ္က်န္းမာေရးျပႆနာမ်ား စတဲ့ မလိုလားအပ္တဲ့ ဆိုးက်ိဳးမ်ားျဖစ္ေပၚလာႏိုင္တယ္လို႔ ဆိုပါတယ္။ မိမိကိုယ္တိုင္လဲ စိုးရိမ္စိတ္မ်ားလြန္တဲ့အတြက္ေၾကာင့္ စိတ္က်ေဝဒနာရွင္တစ္ဦး ျဖစ္မွန္းမသိျဖစ္လာႏိုင္ပါတယ္။
Lifestyle_Myanmar
Thar_Nage