ကလေးတွေအပေါ် ရေရှည်သက်ရောက်စေမယ့် စကားစုများ

0
21
- Advertisement -

ရင့်ကျက်ပြီး အမှီအခိုကင်းသူ ဖြစ်လာဖို့ဆိုရင် နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ လိုအပ်ပါတယ်။ သို့သော် ကလေးတိုင်းဟာ ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှုဖြင့် ဒီမှတ်တိုင်ကို လျင်မြန်စွာ အောင်မြင်နိုင်ပါတယ်။ စည်းကမ်း တစ်ခုတည်းနဲ့တင် မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ကြမ်းတမ်းတဲ့ စကားလုံးတွေက ဓားတစ်ချောင်းထက် ပိုနက်နဲစွာ နာကျင်စေနိုင်ပါတယ်။ ဟုတ်ပါတယ်။ အထူးသဖြင့် ဒီစကားလုံးတွေကို ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး မိဘတွေဆီကနေ ကြားရတဲ့အခါ ကလေးတစ်ယောက်အတွက် မေ့ပစ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကလေးတွေရဲ့ နောက်ဆက်တွဲဖွံ့ဖြိုးမှုကို နက်ရှိုင်းစွာ သက်ရောက်မှုရှိစေမယ့် မိဘတွေအသုံးပြုတတ်သော စကားစုတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ယောကျ်ားလေး/မိန်းကလေးလို မပြုမှုနဲ့

ကျား၊ မခွဲခြားသတ်မှတ်ခြင်းက ယနေ့လူ့အဖွဲ့အစည်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲပါ။ ဥပမာ – ယောကျာ်းလေးတွေက အရုပ်မနဲ့ဆော့ရင် “မင်းက မိန်းကလေးမို့လို့လား”လို့ ပြောတာတွေပါ။ ဒီလိုမျိုး ပြောဆိုမှုတွေကို အကြိမ်ပေါင်းများစွာ ကြားနေရမှာပါ။ ဒီမှတ်ချက်တွေကို သင်လျစ်လျူရှုထားရင်တောင် သင့်ကလေးရဲ့ gender ခံယူချက်အပေါ် ဘယ်လောက်လေးနက်စွာ သက်ရောက်မှုရှိနိုင်တယ် ဆိုတာကို သင်လျစ်လျူရှုလို့ မရပါဘူး။ ဥပမာ- ယောကျ်ားလေးတစ်ယောက်အနေနဲ့ ငိုရင် ပျော့ညံ့တယ်လို့ထင်ပြီး မိန်းကလေးတစ်ဦးအနေနဲ့ ယောကျ်ားလေးတွေသာ သစ်ပင်တတ်ခွင့်ရှိတယ်လို့ ထင်ပါလိမ့်မယ်။ ဒီအတွေးက အနာဂတ်မှာ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုဆိုးသွားစေပါလိမ့်မယ်။

- Advertisement -

၂။ ” မင်းကြောင့် ငါတို့ရှက်တယ်”

မိဘတွေဟာ သားသမီးတွေအတွက် ကြိုးစားအားထုတ်တဲ့အခါ သားသမီးတွေဆီကနေ ရလဒ်ကောင်းတွေကို မျှော်လင့်တတ်ကြပါတယ်။ ကလေးတွေက သူတို့မျှော်လင့်ထားသလို မလုပ်ဆောင်နိုင် (သို့) မပေးအပ်နိုင်တဲ့အခါ ဒီလိုမျိုး ပြင်းပြင်းထန်ထန် မှတ်ချက်ပေးကြပါတယ်။ ရိုးရိုးသားသားပြောရရင် ကလေးတစ်ယောက်က ကျေးဇူးပြန်မဆပ်နိုင်ရင် အပြစ်မရှိပါဘူး။ ထိုသို့သော တာဝန်ဝတ္တရားတွေ ထားရှိခြင်းက ဘယ်သူ့အတွက်မဆို စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ မိဘတွေက သူတို့ကို support လုပ်ပေးမယ့်အစား အပြစ်တင်တာကို မြင်ရရင် ယူကျုံးမရ ဖြစ်သွားနိုင်ပါတယ်။

၃။ “မင်းကို ဘယ်သူမှ လာကူညီမှာ မဟုတ်ဘူး…”

လူကြီးတွေဟာ အဖြစ်အပျက်တွေ ၊ အခြေအနေတွေကို ပိုကြုံတွေ့ခဲ့ရပြီး အများကြီးဖြတ်သန်းခဲ့ဖူးကြပေမယ့် ကလေးတွေဆီကနေ တူညီတဲ့ ရင့်ကျက်မှုကို မျှော်လင့်လို့ရတယ်လို့ မဆိုလိုပါဘူး။ သေချာတာကတော့ သင့်ကလေးတွေဟာ အပေါင်းအသင်း မှားမိပါလိမ့်မယ် (ဒါမှမဟုတ်) အမှားတွေ လုပ်မိပါလိမ့်မယ်။ ဒါပေမယ့် သူတို့က သင့်ရဲ့အကူအညီ လိုအပ်တဲ့အခါ ဒီအရာတွေကို မပြောသင့်ပါဘူး။ အဲဒီအစား သူတို့အတွက် သင်အမြဲရှိနေပေးမယ်ဆိုတာကို အာမခံထားသင့်ပါတယ်။

၄။ “မင်း… ငါတို့ပိုက်ဆံတွေကို ဖြုန်းနေတာပဲ”

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေဆီမှာ အများကြီး ရင်းနှီးမြှုပ်နှံပါ။ အချိန်ပဲ ဖြစ်ဖြစ်၊ ပိုက်ဆံပဲဖြစ်ဖြစ် သင်ဟာ ဒီလိုမျိုး ကြမ်းတမ်းတဲ့ ပြောဆိုမှုမျိုးတော့ ပြောလို့မရပါဘူး။

၅။ ထားလိုက်ပါ, မင်းက ဘာမှမတတ်တာပဲ ကောင်းတယ်”

နှစ်ပေါင်းများစွာ သင်လုပ်ခဲ့တဲ့ အိမ်မှုကိစ္စတွေကို သင့်ကလေးအား ချက်ချင်းတတ်မြောက်ဖို့ မျှော်လင့်ခြင်းဟာ အဓိပ္ပာယ်မရှိပါဘူး။ ဘယ်သူကမှ ပြီးပြည့်စုံတဲ့ အရည်အချင်းတွေနဲ့ မွေးလာတာ မဟုတ်ပါဘူး။ လူတွေဟာ မှန်ကန်တဲ့ အလေ့အကျင့်၊ ဇွဲလုံ့လဖြင့်သာ အရာအားလုံးကို အားစိုက်မထုတ်ရဘဲ လုပ်ဆောင်ဖို့ သင်ယူကြတာပါ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ဒီအချက်သုံးချက်ကို နားလည်ဖို့ အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကလေးတွေကို အမှားလုပ်မိဖို့ အခွင့်အရေးပေးရပါမယ်။ ပြီးနောက် သူတို့ ဆက်တိုက်မလုပ်ဆောင်နိုင်ရင် လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။ သူတို့က သင့်ရဲ့မျှော်လင့်ချက်အတိုင်း လုံလောက်တဲ့ တိုးတက်မှု မဖြစ်ပေါ်ခဲ့ဘူးဆိုရင် နောက်ဆုံးမှာတော့ သင်ဆန္ဒစောတာကို ရပ်ပစ်ရပါမယ်။

၆။ ” ပိုကောင်းအောင် လုပ်နိုင်ခဲ့ရက်သားနဲ့”

မိဘတိုင်းက သူတို့ကလေးငယ်တွေကို ပညာရေးမှာ ဖြစ်ဖြစ်၊ ပြိုင်ပွဲမှာဖြစ်ဖြစ် ပထမနေရာမှာ ရှိစေချင်ကြပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်က အဲဒီအဆင့်ကို မရယူနိုင်တဲ့အခါ မိဘတွေအနေနဲ့ သူတို့ရဲ့ စိတ်ဓါတ်ကို မြှင့်တင်ပေးပြီး သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုမယ့်အစား အဲဒီလို မှတ်ချက်တွေ ပေးတတ်ကြပါတယ်။ ကလေးတွေကို တိုးတက်စေချင်ရင် ကလေးအား စိတ်ပျက်စရာတွေနဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သင့်လျော်တဲ့ အထောက်အပံ့နှင့် ကျောထောက်နောက်ခံပေးရပါမယ်။ ဒါ့အပြင် သူတို့ရဲ့လုပ်ရပ်တွေကို လျစ်လျူရှုခြင်းက သူတို့အား နောင်လာမယ့် အခွင့်အလမ်းတွေအတွက် စိတ်ဖိစီးစေကာ အချိန်ဆွဲတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကြိုးစားမှု မရှိတော့ပါဘူး။

ကလေးတိုင်းက မိဘတွေဆီကနေ စာရိတ္တပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ လိုအပ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို သက်တောင့်သက်သာနဲ့ လုံခြုံအောင် လုပ်ပေးရပါမယ်။ ဒါမှ သူတို့ရဲ့ အနာဂတ်ကြိုးပမ်းမှုတွေမှာ ကောင်းစွာ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Ref- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here