လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ စိတ်ဓါတ်ကျခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ဟာ အချိန်မတန်မီ ကလေးမွေးဖွားခြင်းနှင့် ပေါင်ချိန်မပြည့်ကလေးမွေေးဖွားမှုကို တိုးစေနိုင််တယ်လို့ အကြံပြုထားပါတယ်။ သို့သော် သင့်ရဲ့ အနာဂတ်ကလေးကို အကျိုးသက်ရောက်နိုင်တဲ့ အခြားအရာများစွာ ရှိပါသေးတယ်။ ဒီဆောင်းပါးမှာ အနာဂတ်မိခင်နှင့် ကလေးငယ်တွေကို ကျန်းမာသန်စွမ်းစေချင်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရှောင်ကြဉ်တာ ပိုကောင်းမယ့် အပြုအမှုနှင့် လုပ်ရပ်တွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
၁။ ရန်ဖြစ်ခြင်းနှင့် အော်ဟစ်ခြင်း
ရန်ဖြစ်ခြင်းက စိုးရိမ်ပူပန်မှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါက ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အနာဂတ်ကလေးရဲ့ ကျန်းမာရေးကို အထူးသဖြင့် သူတို့ရဲ့ ကိုယ်ခံအားစနစ်နှင့် ဦးနှောက်ကို များစွာ အကျိုးသက်ရောက်စေနိုင်ပါတယ်။ ထို့အပြင် အော်ဟစ်ခြင်းက မိခင်အတွက် ဆိုးကျိုးဖြစ်စေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပျို့ချင်ခြင်းနှင့် အိပ်စက်မှု ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဘာလုပ်သင့်သလဲ?
ပိုပြီး အနားယူပါ။
အလုံအလောက် အိပ်စက်ပါ။
တရားထိုင်ပါ။
ဆရာဝန်နှင့် တိုင်ပင်ပါ။
လမ်းလျှောက်ပါ၊ လေကောင်းလေသန့် ရှူပါ။
၂။ သကြားအလွန်အကျွံစားခြင်း
လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်နေစဉ် သကြားပမာဏ များများစားသော မိခင်တွေဟာ သင်ယူခြင်းနှင့် မှတ်ဉာဏ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေကို မွေးဖွားကြောင်း ဖော်ပြခဲ့ပါတယ်။ သကြားအစားထိုးပစ္စည်းတွေလည်း အတူတူပဲ ဖြစ်ပါတယ်။
ဘာလုပ်သင့်သလဲ?
အချိုတွေ စားမယ့်အစား သစ်သီးပိုစားပါ။
ဆိုဒါသောက်သုံးမှုကို လျှော့ချပါ။
၃။ စိတ်အပြောင်းအလဲများ
ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်အပြောင်းအလဲတွေဖြစ်တာက ပုံမှန်ဖြစ်ပါတယ်။ ပထမတော့ သင်ဟာ စိတ်လှုပ်ရှားမှု ခံစားရပေမယ့် နောက်ပိုင်းမှာ စိတ်ဖိစီးမှုဖြစ်လာပြပြီး စိတ်ထဲမှာ လွှမ်းမိုးလာပါတယ်။ ဒါက မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား (သို့) ငွေရေးကြေးရေးကို စီမံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်နိုင်ပါတယ်၊။ ဒီအပြောင်းအလဲတွေက အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်ပျက်မှုကြောင့် ဖြစ်စေ၊ ဟော်မုန်းတွေကြောင့် ဖြစ်စေ၊ သူတို့ဟာ စိတ်နှင့် ဦးနှောက်ကို အကျိုးသက်ရောက်နိုင်ပါတယ်။

ဘာလုပ်သင့်သလဲ?
အလုံအလောက် အိပ်စက်ပါ။
လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှုပါ။
သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ပါ။
တရားထိုင်ပါ။
၃။ ငိုကြွေးခြင်း
ကိုယ်ဝန်ဆောင်အတွင်း ငိုခြင်းက ပုံမှန်ဖြစ်ပေမယ့် စိတ်ခံစားမှု အရမ်းများလာနိုင်ပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးတာ၊ အပြစ်ရှိသလို ခံစားရတာ၊ အလွန်အကျွံ အိပ်ပျော်တာနှင့် ဘယ်အလုပ်မှ စိတ်မဝင်စားတော့တာ စတဲ့ လက္ခဏာတွေကို ဂရုစိုက်သင့်ပါတယ်။
ဘာလုပ်သင့်သလဲ?
ရောဂါလက္ခဏာတွေဟာ ၂ပတ်ကျော်လာရင် ဆရာဝန်နှင့် တိုင်ပင်ပါ။ တခြားမိခင်တွေ (သို့) ကိုယ်ဝန်ဆောင်မိခင်တွေနှင့် စကားပြောပြီး ပံ့ပိုးမှုတစ်ချို့ ရှာပါ။
၄။ စိတ်ဝေဒနာ
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဟာ အရမ်းရှုပ်ထွေးသွားနိုင်ပါတယ်။ ဒါက မကြာခဏ ဖြစ်ပျက်တာမဟုတ်ပေမယ့် စိတ်ဝေဒနာတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။
ဒီရောဂါလက္ခဏာများက ခန့်မှန်းရခက်တဲ့ အပြုအမှု၊ စိတ်ရှုပ်ထွေးမှုနှင့် စိတ်အာရုံခြောက်ခြားခြင်းတို့ပဲ ဖြစ်ပါတယ်။
ဘာလုပ်သင့်သလဲ?
တစ်စုံတစ်ယောက်မှာ ဒီလက္ခဏာတွေပြနေရင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးဝါးကုသခံဖို့ မတွန့်ဆုတ်ပါနဲ့။
၅။ အိပ်စက်မှု ပြဿနာများ
သုတေသီများအဆိုအရ ၇၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ပုံမှန်ထက် အိပ်စက်မှုကို ပိုအနှောက်အယှက် ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြောင်းရင်းကတော့ ဟော်မုန်းပမာဏကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပင်ပန်းသလို ခံစားရတာဖြစ်ပါတယ်။ အိပ်စက်မှုနည်းပါးခြင်းက ပျို့အန်ချင်စေပြီး မကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်စေတာကြောင့် အိပ်ရေးဝဝအိပ်ပေးရပါမယ်။ လေ့လာမှုတစ်ခုအရ ညဘက်မှာ အိပ်စက်ချိန် ၆နာရီထက်နည်းတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မွေးချိန်ပိုကြာတယ်လို့ တွေ့ရှိရပါတယ်။

ဘာလုပ်သင့်သလဲ?
အိပ်ချိန်ကို အစီအစဉ်ဆွဲပါ။
တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀)ခန့် လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့တာအတွင်း အရည်များများသောက်ပါ။
အိိပ်လို့မရဘူးဆိုရင် အတင်းအကျပ်မအိပ်ပါနဲ့။ စာအုပ်ကောင်းတစ်အုပ်ဖတ်ဖို့ ကြိုးစားပါ။
ဘယ်အနေအထားနှင့် အိပ်တာက သင့်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ ဆရာဝန်နှင့် တိုင်ပင်ပါ။
၇။ လှုပ်ရှားမှုနည်းခြင်းနှင့် အလွန်အကျွံစားခြင်း
ကိုယ်ဝန်ဆောင်စဉ်အတွင််း ကိုယ်လေးချိန်ပိုများခြင်းက သန္ဓေသား ကြီးထွားမှုနှင့် ကလေးမွေးဖွားပြီးနောက် မိခင်ရဲ့ ကိုယ်အလေးချိန် ဆက်ရှိနေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ကလေးငယ် အဝလွန်ခြင်း အန္တရာယ်ကို တိုးပွားစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက မိခင်နှင့် ကလေးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
ဘာလုပ်သင့်သလဲ?
ဆရာဝန်များက ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ခန့်မှန်းခြေအားဖြင့် တစ်နေ့လျှင် မိနစ် ၃၀ခန့် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုထားပါတယ်။ လမ်းလျှောက်ဖို့ မမေ့ပါနဲ့။ လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်အချိုးအစားကို ထိန်းပေးနိုင်သလို ဦးနှောက်က စိတ်ကျန်းမာရေးအတွက် အရေးကြီးသော အောက်ဆီဂျင်တွေကိုလည်း ရရှိစေပါလိမ့်မယ်။
၈။ ကဖိန်းဓါတ် အလွန်အကျွံ စားသုံးခြင်း
ယေဘုယျအားဖြင့် ကဖိန်းဓါတ်ကို တားမြစ်ထားတဲ့ လေ့လာမှုတွေတော့ မရှိသေးပါဘူ။ ဒါက မွေးရာပါချို့ယွင်းချက်တွေကို မဖြစ်ပေါ်စေပါဘူး။ သို့သော် ကဖိန်းဟာ အချင်းကနေ ဖြတ်သန်းပြီး ကလေးရဲ့ သွေးကြောထဲကို ဝင်ရောက်တာကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကဖိန်းဓါတ်ကို ကန့်သတ်ထားသင့်ပါတယ်။

ဘာလုပ်သင့်သလဲ?
သင့်ရဲ့ အာဟာရတွေကို ဂရုစိုက်ပြီး ကော်ဖီသုံးစွဲမှုကို လျှော့ချတာက ပိုကောင်းပါတယ်။ တစ်နေ့ ၂ခွက်သောက်လို့ရပါတယ်။
Chit_MayMay
LM_Nandar
Source-brightside