
မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို အကောင်းဆုံးပုံစံဖြစ်လိုကြပါတယ်။ သူတို့လေးတွေကို ပျော်ရွှင်ပြီး အောင်မြင်စေချင်ယုံသာမက ကောင်းမွန်စွာ ပြုမှုစေချင်ကြပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ကလေးအား ကောင်းမွန်သောလူသားတစ်ယောက်ဖြစ်လာစေဖို့ နည်းလမ်းတစ်ခုက သူတို့ကို အပြုသဘောဆောင်သော စရိုက်လက္ခဏာတွေ တိုးတတ်အောင် ကူညီခြင်းဖြစ်ပါတယ်။
Character စရိုက်တွေဟာ ငယ်ရွယ်စဉ်ကတည်းက ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေစဉ် သူတို့ဘဝတစ်လျောက်လုံးလိုအပ်တဲ့ ဘဝကျွမ်းကျင်မှုတွေ၊ ကိရိယာတွေကို လွှဲပြောင်းပေးဖို့က မိဘတွေရဲ့အလုပ်ဖြစ်ပါတယ်။
ကလေးတွေကို Character Traits တွေ ဘယ်လိုသင်ပေးမလဲ?
ကလေးတစ်ယောက်ရဲ့ကာရိုက်တာကို အသိုင်းအဝိုင်း၊ ကျောင်း၊ မိသားစုနှင့် သူတို့ရဲ့ တစ်ဦးချင်းရွေးချယ်မှုတွေ၊ အတွေ့အကြုံတွေနဲ့ စိတ်ထားတွေက ပုံဖော်ထားပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့အကျင့်စရိုက်တွေကို တည်ဆောက်ဖို့ အခွင့်အလမ်းများစွာရှိပါတယ်၊ အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်ပါ။
၁။ စံပြပုဂ္ဂိုလ်ဖြစ်ပေးပါ
မေမေတို့ရဲ့အပြုအမှုနှင့် စကားလုံးတွေက မေမေတို့ ကလေးတွေကို ထင်ဟပ်စေတာကြောင့် ကလေးတွေအား စွမ်းဆောင်ရည် မြင့်မားစေတဲ့ အရည်အသွေးကောင်းတွေကို အမြဲပြသပေးရပါမယ်။ တကယ်လို့ မေမေတို့ရဲ့နေ့စဉ်လုပ်ရပ်တွေမှာ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ပြသခဲ့ပါက မေမေတို့ ကလေးတွေဟာ ဒါတွေကို သတိပြုမိပါလိမ့်မယ်။ ထိုကဲ့သို့သော စရိုက်တွေ ဆည်းပူးဖို့ လှုံ့ဆော်မှုရှိပါလိမ့်မယ်။
၂။ ကာရိုက်တာတည်ဆောက်ဖို့ သွန်သင်ပေးနိုင်မယ့် အချိန်လေးတွေကို သုံးပါ
ဥပမာ- ကလေးတစ်ယောက်က မရိုးသားတဲ့အခါမျိုးမှာ အမှန်တရားနဲ့ ရိုးသားခြင်းအကြောင်း သူတို့ကို သင်ပေးဖို့ အခွင့်အရေးကို ရယူနိုင်ပါတယ်။ မရိုးသားမှုက မှားကြောင်းနှင့် ဝန်ခံခြင်းနဲ့ တာဝန်ခံခြင်းက အကောင်းဆုံးဖြေရှင်းနည်းဖြစ်ကြောင်း ရှင်းပြပါ။ အမှားကို အမှန်ပြင်ဖို့နှင့် လုပ်ရပ်တွေကို တာဝန်ယူဖို့ ကလေးအားသင်ပေးနိုင်ပါတယ်။ သူတို့ကို ဆုံးမတဲ့အခါ သူတို့ရဲ့အပြုအမှုက ဘာ့ကြောင့်မှားကြောင်း ရှင်းပြဖို့ အခွင့်အရေးယူပါ။
၃။ စာပေနဲ့ ဘဝကနေ ပုံပြင်လေးတွေ ပြောပြပါ
စာအုပ်တွေမရှိခင် နှစ်ပေါင်းများစွာကတည်းက မိဘတွေနဲ့ အဘိုးအဘွားတွေဟာ ဘဝအတွေ့အကြုံတွေကို ပြောပြတာမျိုး၊ ပုံပြင်တွေ ပြောပြတာမျိုးနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုပေးခြင်းဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာတွေကို သင်ကြားပေးခဲ့ကြပါတယ်။ ထိုသို့သော လေ့ကျင့်ခန်းတွေက ကလေးတွေအား အမှားနဲ့ အမှန်ခွဲခြားဖို့ ကူညီပေးနိုင်ပါတယ်။
#Lifestyle_Myanmar
LM_Nandar
Source-momjunction