ကလေးတွေ ကျန်းမာရေးအတွက် အာရှနိုင်ငံတစ်ချို့မှာ ကျင့်သုံးတဲ့ နည်းလမ်းများ

0
31

လေ့လာမှုတွေအရ ဂျပန်ကလေးတွေဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံးကလေးတွေထဲက တစ်ချို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ကလေးတွေကို ကျန်းမာအောင် ဘယ်လိုထားသလဲဆိုတာ ကျွန်တော်တို့ အတုယူသင့်သလို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလေ့အထတွေထဲမှာ ဒီအတွေးအခေါ်တွေ ထည့်သွင်းသင့်ပါတယ်။

တစ်ချို့အာရှနိုင်ငံတွေက ယဉ်ကျေးမှုစံချိန်စံညွှန်းတွေဟာ သင်ထင်မထားတဲ့ နည်းလမ်းနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ နေရာမှာ အထောက်အကူဖြစ်တယ်ဆိုတာ သင်သိရင် အံ့သြသွားပါမှာ။ ဒါ့ကြောင့် လူတိုင်း ကိုယ့်ရဲ့သားသမီးတွေကို ကျန်းမာပြီး ပျော်ရွင်တဲ့ ဘဝတစ်ခုပေးနိုင်အောင် အာရှနိုင်ငံတချို့က ကလေးတွေ ကျန်းမာရေးအတွက် ဘယ်လိုနည်းလမ်းလေးတွေ ကျင့်သုံးသလဲဆိုတဲ့ လျှို့ဝှက်ချက်လေး တချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ကလေးတွေကို အရမ်းနီးကပ်စွာ စာဖတ်ခြင်းကနေ တားဆီးပေးခြင်း

တရုတ်ကျောင်း အတော်များများမှာ ကလေးရဲ့မျက်လုံးကို ကျန်းမာနေစေဖို့ ထိုင်ခုံတွေမှာ ဘားတန်းလေးတွေ ထည့်ပေးထားပါတယ်။ စာဖတ်နေရင်း စာအုပ်ကို အနီးကပ်စိုက်ကြည့်ခြင်းဟာ နောက်ပိုင်းမှာ မျက်လုံးကို ထိခိုက်စေနိုင်တာကြောင့် ဘားတန်းတွေ ခံပေးထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘားတန်းတွေက ကလေးကို ကိုယ်ဟန်အနေအထား ကောင်းမွန်စေဖို့လည်း ကူညီပေးပါတယ်။

၂။ မျက်စိလေ့ကျင့်ခန်း ဆောင်ရွက်ခြင်း

တရုတ်ပြည်မကြီးမှာ မူလတန်းနှင့် အလယ်တန်းကျောင်းသားတွေကို သွေးလည်ပတ်မှုစနစ် တိုးတတ်ကောင်းမွန်အောင်နှင့် မျက်စိကြွက်သားတွေ ဖြေလျှော့ဖို့ ရည်ရွယ်ပြီး မျက်စိလေ့ကျင့်ခန်း လုပ်ဆောင်ဖို့ ညွှန်ကြားလျက်ရှိပါတယ်။ အဆိုပါ လေ့ကျင့်ခန်းက တစ်နေ့နှစ်ကြိမ် လေ့ကျင့်ရပြီး မျက်လုံးတစ်ဝိုက်မတူညီတဲ့ ဧရိယာကို ပွတ်တိုက်ခြင်း အပါအဝင် လုပ်ဆောင်မှု ၆ခုပါဝင်ပါတယ်။

၃။ အပြင်ထွက်ပြီး စာမေးပွဲ ကျင်းပခြင်း

Students

နှစ်တစ်လျောက်လုံး ကျောင်းပြင်ပထွက်ပြီး စာမေးပွဲဖြေရတဲ့ အလေ့အကျင့်ဟာ တရုတ်နိုင်ငံတစ်ဝှမ်း ထင်ရှားခဲ့ပါတယ်။ ဒီအလေ့အကျင့်က အကန့်အသတ်ရှိတဲ့ အခန်းထဲမှာ နေရာချပေးတာထက် တခြားမမြင်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတာကြောင့်ဖြစ်ပြီး ယေဘုယျအားဖြင့် ကျောင်းသားတွေကို စာခိုးချခြင်းကနေလည်း ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါက ကျောင်းသားတွေကို ရံဖန်ရံခါ လေကောင်းလေသန့် ထိတွေ့ပေးဖို့ သာမက ကျောင်းသားတွေကို စိတ်ဖိစီးမှုက သက်သာစေဖို့လည်း ကူညီပေးပါတယ်။

၄။ နှာခေါင်းစည်း ဝတ်ဆင်ခြင်း

လူတွေဟာ ဆောင်းတွင်းမှာ အအေးမိပြီး နေမကောင်းဖြစ်ကြတာ ပိုများပါတယ်။ လူအများကြားမှာ နေ့စဉ်သွားလာလှုပ်ရှားရတဲ့အတွက် တခြားသူတွေကို ရောဂါပိုးတွေ ကူးစက်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဂျပန်မှာ လေကြောင်းကတဆင့် ပိုးမွှားကူးစက်ခြင်းမှ ကျဆင်းစေဖို့ အလာ့ဂျစ်ရှိတဲ့သူ၊ နေမကောင်းဘူးလို့ခံစားရတဲ့သူတွေဟာ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေကို ဝတ်ဆင်ကြရပါတယ်။ အအေးမိ တုပ်ကွေးရောဂါဖြစ်ပွားတဲ့ ကာလဆိုရင် နှာခေါင်းစည်းမျက်နှာဖုံးတွေရဲ့ ရောင်းအားက တိုးမြှင့်လျက်ရှိပါတယ်။

၅။ သင်ခန်းစာကို တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း

University education

ရာသီဉတုဆိုးဝါးလို့ အတန်းမတတ်နိုင်တဲ့အခါ တချို့တရုတ်ကျောင်းဆရာတွေဟာ စာသင်ခန်းပြင်ပကနေ သူတို့ရဲ့ သင်ခန်းစာကို တိုက်ရိုက်ထုတ်လွှင့်ပေးကြပါတယ်၊။ ရာသီဉတုဆိုးဝါးလို့ ကျောင်းပိတ်ပစ်ရတဲ့ အခါမျိုးမှာ ကလေးတွေဟာ သူတို့ရဲ့အိမ်မှာပဲ သက်တောင့်သက်သာနဲ့ သင်ခန်းစာများကို လေ့လာသင်ယူလို့ရပါတယ်။ ဒါက ကျောင်းဝင်ခွင့်မရတဲ့ကလေးတွေ၊ ဝေးလံခေါင်ဖျားဒေသများက ကျောင်းသားတွေကိုလည်း အကူအညီဖြစ်စေပါတယ်။

၆။ အာဟာရမျှတတဲ့ နေ့လယ်စာကျွေးခြင်း

ဒုတိယကမ္ဘာစစ်အပြီးတွင် ကလေးတွေ ဆာလောင်မွတ်သိပ်ခြင်းမှ ကူညီဖို့ နေ့လယ်စာကျွေးတဲ့ အစီအစဉ်ကို ဂျပန်ကျောင်းတွေမှာ တီထွင်ခဲ့ကြပါတယ်။ ကလေးတွေ အာဟာရမျှတအောင် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကိုသာ ကျွေးကြပါတယ်။ အများအားဖြင့် ထမင်း၊ ဟင်းသီးဟင်းရွက်၊ မီဆို၊ နှင့် ငါး သို့မဟုတ် အသားကို အသင့်အတင့် ကျွေးပါတယ်။ ဒေသအလိုက် စိုက်ပျိုးတဲ့ အစားအစာပေါ်မှာ အာရုံစိုက်လာစေဖို့လည်း ရည်ရွယ်ပါတယ်။

၇။ အိမ်ပြင်ပမှာ သာယာပျော်ရွင်ခြင်း

ခြေလျှင်တောင်တတ်ခြင်း၊ စခန်းချခရီးထွက်ခြင်းကဲ့သို့ activities များက ပိုပိုပြီး လူကြိုက်များလာခြင်းပါတယ်။ အိမ်ပြင်ပမှာ လှုပ်ရှားမှုတချို့ ရှိခြင်းကို တောင်ကိုရီးယားမှာ အရေးကြီးဆုံးတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ မြို့ပြမှာ နေထိုင်တဲ့သူတွေတောင် စခန်းချခရီးစဉ်မှတဆင့် အားလပ်ချိန်ယူကြတာကို လူသိများကြပါတယ်။ ဒီအစီအစဉ်များက အပန်းဖြေဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအသိအမြင်ပေါ်မှာ အလေးပေးထားတာ ဖြစ်ပါတယ်။

၈။ အနီးအနားတစ်ဝိုက် သွားတဲ့အခါ လမ်းလျှောက်ခြင်း

အာရှနိုင်ငံအတော်များများမှာ လူတွေဟာ အများပြည်သူပို့ဆောင်ရေးဘက်စ်ကားတွေ၊ မော်တော်ကားတွေ အသုံးပြုမယ့်အစား လမ်းလျှောက်ခြင်းအပေါ် ကြီးမားတဲ့ အလေးထားမှုကို ပေးထားပါတယ်။ ဥပမာ- ဟိုနားဒီနားသွားရမယ့်နေရာဆိုရင် ဘက်စ်ကားမစီးဘဲ လမ်းလျှောက်သွားတာမျိုးပါ။ တောင်ကိုရီးယားက လူတွေဟာ သူတို့ရဲ့နေ့စဉ်ခြေလှမ်းတွေကို ရေတွက်ဖို့ ကူညီတဲ့ ပစ္စည်းတွေကို ပိုပိုပြီးလူကြိုက်များလာကြပါတယ်။ ထို့ပြင် များစွာသော အာရှနိုင်ငံများရှိ ကလေးတွေဟာ အထူးသဖြင့် မြို့ပြဒေသများမှာ ဘက်စ်ကား စီးမယ့်အစား သူတို့ဒေသဆိုင်ရာကျောင်းကို လမ်းလျှောက်သွားဖို့ ပိုပြီးကြိုက်ကြပါတယ်။

၉။ အင်တာနက် မှီခိုအားထားမှုကို စောင့်ကြည့်လေ့လာခြင်း

ကမ္ဘာတစ်ဝှမ်းမှာ ဆိုရှယ်မီဒီယာပစ္စည်းတွေကို မျက်နှာနှင့်မခွာတမ်း သုံးနေကြတဲ့ ကလေးတွေ ပိုပိုပြီးများလာပါတယ်၊ တောင်ကိုရီးယားမှာ ဒီလိုမျိုးက မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် နောက်ထပ်လုပ်ဆောင်မှုများအနေနဲ့ တိုင်းပြည်တွေမှာ အင်တာနက်မှီခိုအားထားမှုကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေကြပါပြီ။ အင်တာနက်စွဲနေကြတဲ့ လူငယ်တွေကို ကူညီပေးဖို့ ရည်ရွယ်တဲ့ ကုသရေးစင်တာတွေ၊ ပြန်လည်ထူထောင်ရေးနှင့် camp အမျိုးမျိုးတွေ ရှိလာပါတယ်။ အစိုးရက 16နှစ်အောက်ကလေးတွေကို ညသန်းခေါင်ကျော် အင်တာနက်သုံးစွဲခြင်းကနေ တားဆီးဖို့ ဥပဒေတွေတောင် ချမှတ်ထားပါတယ်။

၁၀။ ကလေးတွေကို ပိုပြီးတာဝန်ယူမှု ပေးခြင်း

ဂျပန်နိုင်ငံက ကလေးတွေဟာ တခြားနိုင်ငံကလေးတွ မျှော်လင့်ထားမှာမဟုတ်တဲ့ activities တွေအများကြီးလုပ်ရပါတယ်။ ကလေးတွေဟာ သူတို့ဘာသာသူတို့ကျောင်းသွားဖို့ ၊ မိသားစု ဝေယျာဝစ္စတွေကို လုပ်ဖို့နှင့် ကျောင်းစောင့်အစား ကိုယ့်အတန်းကိုယ် သန့်ရှင်းဖို့ လုပ်ကြရပါတယ်။ ဒါက ကလေးတွေကို ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ လေ့လာသင်ယူဖို့ ကူညီပေးပြီး လွတ်လပ်မှုနှင့် တာဝန်ယူတတ်မှု သင်ယူဖို့ ကူညီပေးပါတယ်။

၁၁။ တတ်နိုင်သလောက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစာစားချိန် ပြုလုပ်ခြင်း

အာရှနိုင်ငံအတော်များများမှာ ကလေးတွေအတွက် ကျန်းမာစွာ စားစေဖို့ မတူညီတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကလေးတွေကို သကြား၊ နို့ထွက်ပစ္စည်း၊ အဆီ၊ အသားစတာတွေကို အလေးပေးမကျွေးဘဲ ဟင်းသီးဟင်းရွက်ကိုသာ အဓိကထားပြီး ကျွေးကြပါတယ်။ ဟင်းချိုက အာရှအစားအသောက်အတော်များများမှာ အဓိကအစားအစာဖြစ်ပါတယ်၊ တရုတ်နိုင်ငံသားတွေဟာ ဟင်းချိုချက်ရင် goji berries၊ စပါးလင်နှင့် ဂျင်းကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပစ္စည်းအမျိုးမျိုးကို အသုံးပြုခြင်းကြတာကို တွေ့ရပါတယ်။

တရုတ်၊ ဂျပန်အပါအဝင် အာရှနိုင်ငံများစွာမှာ ကလေးတွေကို လက်ဖက်ရည်ပုံမှန်တိုက်လေ့ရှိပါတယ်။ လက်ဖက်ရည်ဟာ ကလေးရဲ့ အမြင်အာရုံကို ကူညီခြင်းကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

ZawGyi

ကေလးေတြ က်န္းမာေရးအတြက္ အာရွႏိုင္ငံတစ္ခ်ိဳ႕မွာ က်င့္သုံးတဲ့ နည္းလမ္းမ်ား
ေလ့လာမႈေတြအရ ဂ်ပန္ကေလးေတြဟာ ကမာၻေပၚမွာ အက်န္းမာဆုံးကေလးေတြထဲက တစ္ခ်ိဳ႕ျဖစ္တယ္လို႔ ဆိုပါတယ္။ သူတို႔ရဲ႕ ကေလးေတြကို က်န္းမာေအာင္ ဘယ္လိုထားသလဲဆိုတာ ကြၽန္ေတာ္တို႔ အတုယူသင့္သလို ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္အေလ့အထေတြထဲမွာ ဒီအေတြးအေခၚေတြ ထည့္သြင္းသင့္ပါတယ္။ တစ္ခ်ိဳ႕အာရွႏိုင္ငံေတြက ယဥ္ေက်းမႈစံခ်ိန္စံၫႊန္းေတြဟာ သင္ထင္မထားတဲ့ နည္းလမ္းနဲ႔ ကေလးေတြရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္တဲ့ ေနရာမွာ အေထာက္အကူျဖစ္တယ္ဆိုတာ သင္သိရင္ အံ့ၾသသြားပါမွာ။ ဒါ့ေၾကာင့္ လူတိုင္း ကိုယ့္ရဲ႕သားသမီးေတြကို က်န္းမာၿပီး ေပ်ာ္႐ြင္တဲ့ ဘဝတစ္ခုေပးႏိုင္ေအာင္ အာရွႏိုင္ငံတခ်ိဳ႕က ကေလးေတြ က်န္းမာေရးအတြက္ ဘယ္လိုနည္းလမ္းေလးေတြ က်င့္သုံးသလဲဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ေလး တခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ကေလးေတြကို အရမ္းနီးကပ္စြာ စာဖတ္ျခင္းကေန တားဆီးေပးျခင္း

တ႐ုတ္ေက်ာင္း အေတာ္မ်ားမ်ားမွာ ကေလးရဲ႕မ်က္လုံးကို က်န္းမာေနေစဖို႔ ထိုင္ခုံေတြမွာ ဘားတန္းေလးေတြ ထည့္ေပးထားပါတယ္။ စာဖတ္ေနရင္း စာအုပ္ကို အနီးကပ္စိုက္ၾကည့္ျခင္းဟာ ေနာက္ပိုင္းမွာ မ်က္လုံးကို ထိခိုက္ေစႏိုင္တာေၾကာင့္ ဘားတန္းေတြ ခံေပးထားျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ ဘားတန္းေတြက ကေလးကို ကိုယ္ဟန္အေနအထား ေကာင္းမြန္ေစဖို႔လည္း ကူညီေပးပါတယ္။

၂။ မ်က္စိေလ့က်င့္ခန္း ေဆာင္႐ြက္ျခင္း

တ႐ုတ္ျပည္မႀကီးမွာ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းသားေတြကို ေသြးလည္ပတ္မႈစနစ္ တိုးတတ္ေကာင္းမြန္ေအာင္ႏွင့္ မ်က္စိႂကြက္သားေတြ ေျဖေလွ်ာ့ဖို႔ ရည္႐ြယ္ၿပီး မ်က္စိေလ့က်င့္ခန္း လုပ္ေဆာင္ဖို႔ ၫႊန္ၾကားလ်က္ရွိပါတယ္။ အဆိုပါ ေလ့က်င့္ခန္းက တစ္ေန႔ႏွစ္ႀကိမ္ ေလ့က်င့္ရၿပီး မ်က္လုံးတစ္ဝိုက္မတူညီတဲ့ ဧရိယာကို ပြတ္တိုက္ျခင္း အပါအဝင္ လုပ္ေဆာင္မႈ ၆ခုပါဝင္ပါတယ္။

၃။ အျပင္ထြက္ၿပီး စာေမးပြဲ က်င္းပျခင္း

ႏွစ္တစ္ေလ်ာက္လုံး ေက်ာင္းျပင္ပထြက္ၿပီး စာေမးပြဲေျဖရတဲ့ အေလ့အက်င့္ဟာ တ႐ုတ္ႏိုင္ငံတစ္ဝွမ္း ထင္ရွားခဲ့ပါတယ္။ ဒီအေလ့အက်င့္က အကန္႔အသတ္ရွိတဲ့ အခန္းထဲမွာ ေနရာခ်ေပးတာထက္ တျခားမျမင္ႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရွိတာေၾကာင့္ျဖစ္ၿပီး ေယဘုယ်အားျဖင့္ ေက်ာင္းသားေတြကို စာခိုးခ်ျခင္းကေနလည္း ကာကြယ္ဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။ ဒါက ေက်ာင္းသားေတြကို ရံဖန္ရံခါ ေလေကာင္းေလသန္႔ ထိေတြ႕ေပးဖို႔ သာမက ေက်ာင္းသားေတြကို စိတ္ဖိစီးမႈက သက္သာေစဖို႔လည္း ကူညီေပးပါတယ္။

၄။ ႏွာေခါင္းစည္း ဝတ္ဆင္ျခင္း

လူေတြဟာ ေဆာင္းတြင္းမွာ အေအးမိၿပီး ေနမေကာင္းျဖစ္ၾကတာ ပိုမ်ားပါတယ္။ လူအမ်ားၾကားမွာ ေန႔စဥ္သြားလာလႈပ္ရွားရတဲ့အတြက္ တျခားသူေတြကို ေရာဂါပိုးေတြ ကူးစက္မႈ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ပန္မွာ ေလေၾကာင္းကတဆင့္ ပိုးမႊားကူးစက္ျခင္းမွ က်ဆင္းေစဖို႔ အလာ့ဂ်စ္ရွိတဲ့သူ၊ ေနမေကာင္းဘူးလို႔ခံစားရတဲ့သူေတြဟာ ခြဲစိတ္ခန္းသုံးမ်က္ႏွာဖုံးေတြကို ဝတ္ဆင္ၾကရပါတယ္။ အေအးမိ တုပ္ေကြးေရာဂါျဖစ္ပြားတဲ့ ကာလဆိုရင္ ႏွာေခါင္းစည္းမ်က္ႏွာဖုံးေတြရဲ႕ ေရာင္းအားက တိုးျမႇင့္လ်က္ရွိပါတယ္။

၅။ အတန္းေတြကို တိုက္႐ိုက္ထုတ္လႊင့္ျပသျခင္း

ရာသီဉတုဆိုးဝါးလို႔ အတန္းမတတ္ႏိုင္တဲ့အခါ တခ်ိဳ႕တ႐ုတ္ေက်ာင္းဆရာေတြဟာ စာသင္ခန္းျပင္ပကေန သူတို႔ရဲ႕ သင္ခန္းစာကို တိုက္႐ိုက္ထုတ္လႊင့္ေပးၾကပါတယ္၊။ ရာသီဉတုဆိုးဝါးလို႔ ေက်ာင္းပိတ္ပစ္ရတဲ့ အခါမ်ိဳးမွာ ကေလးေတြဟာ သူတို႔ရဲ႕အိမ္မွာပဲ သက္ေတာင့္သက္သာနဲ႔ သင္ခန္းစာမ်ားကို ေလ့လာသင္ယူလို႔ရပါတယ္။ ဒါက ေက်ာင္းဝင္ခြင့္မရတဲ့ကေလးေတြ၊ ေဝးလံေခါင္ဖ်ားေဒသမ်ားက ေက်ာင္းသားေတြကိုလည္း အကူအညီျဖစ္ေစပါတယ္။

၆။ အာဟာရမွ်တတဲ့ ေန႔လယ္စာေကြၽးျခင္း

ဒုတိယကမာၻစစ္အၿပီးတြင္ ကေလးေတြ ဆာေလာင္မြတ္သိပ္ျခင္းမွ ကူညီဖို႔ ေန႔လယ္စာေကြၽးတဲ့ အစီအစဥ္ကို ဂ်ပန္ေက်ာင္းေတြမွာ တီထြင္ခဲ့ၾကပါတယ္။ ကေလးေတြ အာဟာရမွ်တေအာင္ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစားအစာမ်ားကိုသာ ေကြၽးၾကပါတယ္။ အမ်ားအားျဖင့္ ထမင္း၊ ဟင္းသီးဟင္း႐ြက္၊ မီဆို၊ ႏွင့္ ငါး သို႔မဟုတ္ အသားကို အသင့္အတင့္ ေကြၽးပါတယ္။ ေဒသအလိုက္ စိုက္ပ်ိဳးတဲ့ အစားအစာေပၚမွာ အာ႐ုံစိုက္လာေစဖို႔လည္း ရည္႐ြယ္ပါတယ္။

၇။ အိမ္ျပင္ပမွာ သာယာေပ်ာ္႐ြင္ျခင္း

ေျခလွ်င္ေတာင္တတ္ျခင္း၊ စခန္းခ်ခရီးထြက္ျခင္းကဲ့သို႔ activities မ်ားက ပိုပိုၿပီး လူႀကိဳက္မ်ားလာျခင္းပါတယ္။ အိမ္ျပင္ပမွာ လႈပ္ရွားမႈတခ်ိဳ႕ ရွိျခင္းကို ေတာင္ကိုရီးယားမွာ အေရးႀကီးဆုံးတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။ ၿမိဳ႕ျပမွာ ေနထိုင္တဲ့သူေတြေတာင္ စခန္းခ်ခရီးစဥ္မွတဆင့္ အားလပ္ခ်ိန္ယူၾကတာကို လူသိမ်ားၾကပါတယ္။ ဒီအစီအစဥ္မ်ားက အပန္းေျဖဖို႔အတြက္သာမက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအသိအျမင္ေပၚမွာ အေလးေပးထားတာ ျဖစ္ပါတယ္။

၈။ အနီးအနားတစ္ဝိုက္ သြားတဲ့အခါ လမ္းေလွ်ာက္ျခင္း

အာရွႏိုင္ငံအေတာ္မ်ားမ်ားမွာ လူေတြဟာ အမ်ားျပည္သူပို႔ေဆာင္ေရးဘက္စ္ကားေတြ၊ ေမာ္ေတာ္ကားေတြ အသုံးျပဳမယ့္အစား လမ္းေလွ်ာက္ျခင္းအေပၚ ႀကီးမားတဲ့ အေလးထားမႈကို ေပးထားပါတယ္။ ဥပမာ- ဟိုနားဒီနားသြားရမယ့္ေနရာဆိုရင္ ဘက္စ္ကားမစီးဘဲ လမ္းေလွ်ာက္သြားတာမ်ိဳးပါ။ ေတာင္ကိုရီးယားက လူေတြဟာ သူတို႔ရဲ႕ေန႔စဥ္ေျခလွမ္းေတြကို ေရတြက္ဖို႔ ကူညီတဲ့ ပစၥည္းေတြကို ပိုပိုၿပီးလူႀကိဳက္မ်ားလာၾကပါတယ္။ ထို႔ျပင္ မ်ားစြာေသာ အာရွႏိုင္ငံမ်ားရွိ ကေလးေတြဟာ အထူးသျဖင့္ ၿမိဳ႕ျပေဒသမ်ားမွာ ဘက္စ္ကား စီးမယ့္အစား သူတို႔ေဒသဆိုင္ရာေက်ာင္းကို လမ္းေလွ်ာက္သြားဖို႔ ပိုၿပီးႀကိဳက္ၾကပါတယ္။

၉။ အင္တာနက္ မွီခိုအားထားမႈကို ေစာင့္ၾကည့္ေလ့လာျခင္း

ကမာၻတစ္ဝွမ္းမွာ ဆိုရွယ္မီဒီယာပစၥည္းေတြကို မ်က္ႏွာႏွင့္မခြာတမ္း သုံးေနၾကတဲ့ ကေလးေတြ ပိုပိုၿပီးမ်ားလာပါတယ္၊ ေတာင္ကိုရီးယားမွာ ဒီလိုမ်ိဳးက မရွိသေလာက္ ရွားပါတယ္။ ဒါေပမယ့္ ေနာက္ထပ္လုပ္ေဆာင္မႈမ်ားအေနနဲ႔ တိုင္းျပည္ေတြမွာ အင္တာနက္မွီခိုအားထားမႈကို တိုက္ဖ်က္ဖို႔ လုပ္ေဆာင္ေနၾကပါၿပီ။ အင္တာနက္စြဲေနၾကတဲ့ လူငယ္ေတြကို ကူညီေပးဖို႔ ရည္႐ြယ္တဲ့ ကုသေရးစင္တာေတြ၊ ျပန္လည္ထူေထာင္ေရးႏွင့္ camp အမ်ိဳးမ်ိဳးေတြ ရွိလာပါတယ္။ အစိုးရက 16ႏွစ္ေအာက္ကေလးေတြကို ညသန္းေခါင္ေက်ာ္ အင္တာနက္သုံးစြဲျခင္းကေန တားဆီးဖို႔ ဥပေဒေတြေတာင္ ခ်မွတ္ထားပါတယ္။

၁၀။ ကေလးေတြကို ပိုၿပီးတာဝန္ယူမႈ ေပးျခင္း

ဂ်ပန္ႏိုင္ငံက ကေလးေတြဟာ တျခားႏိုင္ငံကေလးတြ ေမွ်ာ္လင့္ထားမွာမဟုတ္တဲ့ activities ေတြအမ်ားႀကီးလုပ္ရပါတယ္။ ကေလးေတြဟာ သူတို႔ဘာသာသူတို႔ေက်ာင္းသြားဖို႔ ၊ မိသားစု ေဝယ်ာဝစၥေတြကို လုပ္ဖို႔ႏွင့္ ေက်ာင္းေစာင့္အစား ကိုယ့္အတန္းကိုယ္ သန္႔ရွင္းဖို႔ လုပ္ၾကရပါတယ္။ ဒါက ကေလးေတြကို ကိုယ့္ကိုယ္ကို ပိုေကာင္းေအာင္ ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတာ ေလ့လာသင္ယူဖို႔ ကူညီေပးၿပီး လြတ္လပ္မႈႏွင့္ တာဝန္ယူတတ္မႈ သင္ယူဖို႔ ကူညီေပးပါတယ္။

၁၁။ တတ္ႏိုင္သေလာက္ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစာစားခ်ိန္ ျပဳလုပ္ျခင္း

အာရွႏိုင္ငံအေတာ္မ်ားမ်ားမွာ ကေလးေတြအတြက္ က်န္းမာစြာ စားေစဖို႔ မတူညီတဲ့ နည္းလမ္းေတြကို ရွာေဖြၾကပါတယ္။ ဂ်ပန္ႏိုင္ငံမွာေတာ့ ကေလးေတြကို သၾကား၊ ႏို႔ထြက္ပစၥည္း၊ အဆီ၊ အသားစတာေတြကို အေလးေပးမေကြၽးဘဲ ဟင္းသီးဟင္း႐ြက္ကိုသာ အဓိကထားၿပီး ေကြၽးၾကပါတယ္။ ဟင္းခ်ိဳက အာရွအစားအေသာက္အေတာ္မ်ားမ်ားမွာ အဓိကအစားအစာျဖစ္ပါတယ္၊ တ႐ုတ္ႏိုင္ငံသားေတြဟာ ဟင္းခ်ိဳခ်က္ရင္ goji berries၊ စပါးလင္ႏွင့္ ဂ်င္းကဲ့သို႔ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ ပစၥည္းအမ်ိဳးမ်ိဳးကို အသုံးျပဳျခင္းၾကတာကို ေတြ႕ရပါတယ္။

တ႐ုတ္၊ ဂ်ပန္အပါအဝင္ အာရွႏိုင္ငံမ်ားစြာမွာ ကေလးေတြကို လက္ဖက္ရည္ပုံမွန္တိုက္ေလ့ရွိပါတယ္။ လက္ဖက္ရည္ဟာ ကေလးရဲ႕ အျမင္အာ႐ုံကို ကူညီျခင္းကဲ့သို႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရွိႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here