ကလေးတွေ ကျောင်းမှာပညာရေးညံ့ဖျင်းရတဲ့ အဓိကအကြောင်းအရင်း (၆)ချက်

0
281
- Advertisement -

ကျောင်းရဲ့ ပညာရေးဆိုင်ရာစွမ်းဆောင်ရည်တွေက ညံ့ဖျင်းခြင်းက ကိုင်တယ်ဖြေရှင်းသင့်တဲ့ အရေးကြီးသောကိစ္စဖြစ်ပါတယ်။ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေနိုင်ဖို့အတွက် ပထမဦးဆုံးစဥ်းစားရမယ့်အရာက ပြဿနာအကြောင်းအရင်းဖြစ်ပါတယ်။

ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းက ကျောင်းတွင်းပြဿနာတွေ၊ ကျောင်းပြင်ပပြဿနာတွေနှစ်ခုစလုံးကြောင့် ဖြစ်နိုင်ပါတယ်။ ကျောင်းတွင်းပြဿနာတွေကတော့ ကျောင်းပတ်ဝန်းကျင်၊ လူမှုရေးအပြန်အလှန်ဆက်သွယ်မှု၊ ဆရာတွေနှင့် သင်ကြားရေးပြဿနာတွေ ဖြစ်ပါတယ်။ ကျောင်းပြပပြဿနာတွေကတော့ အိမ်ကပြဿနာများကြောင့် ကလေးရဲ့ စိတ်ခံစားမှုနှင့် ရင့်ကျက်မှုအခြေအနေတွေ ပါဝင်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးရဲ့ ပညာရေးစွမ်းဆောင်ရည်ညံ့ဖျင်းခြင်းက အပြစ်ပေးဖို့မဟုတ်ပါဘူး။ ဒီကိစ္စကို လူတွေကို အပြစ်တင်ပြီးတော့ အချိန်မကုန်သင့်ပါဘူး။ ဖြေရှင်းဖို့ပဲ လိုအပ်ပါတယ်။ ဆရာမတွေအနေနဲ့ မိဘတွေကို ကလေးရဲ့ အခြေအနေကြိုတင်ပြောဆိုခြင်းက လုံးဝအကျိုးရှိပါတယ်။ မိဘတွေအနေနဲ့ ဆရာတွေနှင့် ကုထုံးဆရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အလွန်အသုံးဝင်ပါတယ်။

တကယ်လို့ သင်တတ်နိုင်တယ်ဆိုရင် ပညာရေးညံ့ဖျင်းတဲ့ကလေးတွေအတွက်ကောင်းမွန်တဲ့ လေ့လာမှုအလေ့အထတွေကို အားပေးပါ။ စိတ်ရှည်ခြင်း၊ လုပ်ရိုးလုပ်စဥ်တွေနှင့် လမ်းညွှန်မှုတွေနဲ့ ကြိုးစားကြည့်ပါ။ သူတို့ကို ဖိအားပေးသလိုမဖြစ်ဖို့ တဖြည်းဖြည်းလုပ်ရပါမယ်။ ဒီနေရာမှာ အချက် (၆) ချက် မျှဝေပေးထားပါတယ်။

၁။ အိမ်မှာ ကလေးတွေကို ကျောင်းစာနဲ့ ပတ်သက်ပြီး ဂရုမစိုက်ခြင်း

တစ်ချို့မိဘတွေဟာ ကလေးတွေရဲ့ အိမ်စာတွေနဲ့ ပတ်သက်ပြီးတော့ လုံးဝစိတ်ဝင်စားခြင်းမရှိကြပါဘူး။ တာဝန်ယူတတ်ဖို့ နှင့် ဇွဲရှိဖို့ အကြောင်းတွေကိုလည်း သင်ကြားပေးခြင်း မရှိကြပါဘူး။

မိဘဆိုတာ စံပြတွေဖြစ်ကြပါတယ်။ မိဘတွေကိုယ်တိုင်က ဂရုမစိုက်တဲ့အခါ ကလေးတွေက ကျောင်းစာ/အလုပ်တွေကို ရှောင်ကြဥ်ကြပါတယ်။ ၎င်းက ရေတို၊ ရေလတ်နှင့် ရေရှည်အတွက် ကလေးအပေါ်မှာ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ မိဘတွေအနေနဲ့ ၎င်းတို့ရဲ့ တာဝန်ဝတ္တရားတွေကို နည်းပညာလက်ထဲကို လွှဲအပ်တဲ့အခါ သူတို့ရဲ့ ကလေးရဲ့ စွမ်းဆောင်ရည်ကို ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။

အင်တာနက်၊ စမတ်ဖုန်းတွေနှင့် အခြားအီလက်ထရောနစ်ပစ္စည်းတွေကို အလွန်အကျွံအသုံးပြုခြင်းက အချို့သောကလေးတွေအတွက် ကျောင်းချိန်တွေမှာပါ လွှမ်းမိုးတဲ့အထိ ဖြစ်စေပါတယ်။

၂။ အိမ်တွင်းရေးပြဿနာများ

ပညာရေးစွမ်းဆောင်ရေး ညံ့ဖျင်းရခြင်းက အိမ်တွင်းပြဿနာတွေကို ထင်ဟပ်စေနိုင်ပါတယ်။ အဖြစ်အများဆုံးပြဿနာတွေကတော့ နှိပ်စက်ညှင်းပန်းမှု၊ စော်ကားရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု၊ မူးယစ်ဆေးစွဲခြင်း၊ အိမ်တွင်းရေး ငွေကြေးပြဿနာ နှင့် မပျောက်ကင်းနိုင်သော ရောဂါများ( မိဘတစ်ဦးဦး (သို့) ဆွေမျိုးရင်းချာ) တို့ပဲဖြစ်ပါတယ်။ ဒီပြဿနာတွေက ကလေးကိုယ်တိုင်မဖြစ်ရင်တောင် မိဘတစ်ဦးဦး (သို့) ဆွေမျိုးရင်းချာတစ်ယောက်ယောက်မှာ ဖြစ်နေမယ်ဆိုရင် ကလေးအပေါ်ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ သူတို့အိမ်က စိတ်ဖိစီးမှုတွေနှင့် ကြောက်ရွှံ့မှုတွေက ကျောင်းအလုပ်အပေါ်မှာ အာရုံစိုက်နိုင်ဖို့အတွက် အခက်အခဲတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဘဏ္ဍာရေးပြဿနာတွေနှင့် ကျန်းမာရေးပြဿနာတွေက ကလေးရဲ့ ပညာရေးစွမ်းဆောင်ရည်တွေကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ကင်ဆာရောဂါခံစားနေရသူမိခင်တစ်ဦးက အစိုးရိမ်လွန်ပြီးတော့ ကလေးရဲ့ အာရုံစိုက်မှုတွေအားလုံးကို ရယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုဖြစ်ပြီးတော့ ဖြစ်ပြီးကာလ

စိတ်ဒဏ်ရာရပြီး စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကလေးငယ်တွေရဲ့ ပညာရေးဟာလည်း စွမ်းဆောင်ရည်တွေ နိမ့်ကျစေနိုင်ပါတယ်။ အခြေအနေတွေရဲ့ နောက်ဆက်တွဲပြဿနာတွေက ကြောက်လန့်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ သီးသန့်နေတတ်လာခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ လှုံ့ဆော်မှုမရှိခြင်း စတဲ့အကြောင်းအရာတွေအားလုံးက ပညာရေးညံ့ဖျင်းရတဲ့ အကြောင်းရင်းနဲ့ ဆက်စပ်နေပါတယ်။

၄။ အာရုံစိုက်ဖို့ ခက်ခဲခြင်းနှင့် မျောက်ရှုံးအောင် ဆော့ပြီးအငြိမ်မနေတဲ့ ရောဂါ( ADHD)

ဒီအချက်ကတော့ ကမ္ဘာ့လူဦးရေးရဲ့ ၃% ခန့်ကို အကျိုးသက်ရောက်စေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ADHD က အမြဲတမ်းလှုပ်ရှားနေခြင်း (စာသင်ခန်းထဲမှာ ပြေးခြင်း၊ ခုန်ခြင်းနှင့် အာရုံစူးစိုက်မှုခက်ခဲခြင်း) စတဲ့ သွင်ပြင်လက္ခဏာတွေရှိပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဒီရောဂါဟာ သတင်းအချက်အလက်နည်းပါးခြင်းကြောင့် ဒီလိုကလေးကို ”ပြဿနာကလေး” ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ မကြာခဏအသုံးပြုလေ့ရှိပြီးတော့ ဒီအခြေအနေကို ကုသတာမျိုးလည်း မပြလုပ်ကြပါဘူး။ ရောဂါရှာဖွေတွေ့ရှိခြင်းနှင့် ကုသခြင်းက ကလေးရဲ့ ပညာရေးစွမ်းဆောင်ရည်ကို တိုးတက်စေပါလိမ့်မယ်။ ကလေးဘဝမှာ ADHD ရောဂါခံစားခဲ့ဖူးတဲ့ လူတွေရဲ့ ၅၀% ဟာ လူကြီးဘဝမှာလည်း ဒီပြဿနာတွေကို ကြုံတွေ့ရနိုင်ပါသေးတယ်။

၅။ အသေးစိတ်အချက်အလက်တွေကို သင်ယူဖို့ ခက်ခဲခြင်း

သင်ယူမှုအခက်အခဲတွေက သင်ထားတာထက် ပိုများပါတယ်။ သင်ယူမှုအခက်အခဲတွေကတစ်ဆင့် စိတ်ပိုင်းဆိုင်အရာအခက်အခဲတွေအဖြစ် မပြောင်းလဲပါစေနဲ့။ ဒီအခက်အခဲက ကလေးငယ်အပေါ်မှာ မူတည်ပြီးတော့ အဓိကပြဿနာအပေါ်မှာလည်း မူတည်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ရေရှည်တည့်တံ့နိုင်မယ့် မဟာဗျူဟာကို လက်တွေ့ကျင့်သုံးဖို့ အမြဲလိုအပ်ပါတယ်။

dyslexia (သို့) dyscalculia တို့ကဲ့သို့ သင်ယူမှုအခက်အခဲတွေက ကလေးတွေအတွက် ပညာရေးစွမ်းဆောင်ရည်နိမ့်စေခြင်းလည်း ဖြစ်ပါတယ်။

၆။ အာဟာရလုံလောက်စွာ မရခြင်းနှင့် အစားအစာကျွေးခြင်း ပြဿနာများ

အာဟာရပြည့်ဝမှုမရှိတဲ့ အစားစာတွေက ကလေးရဲ့ ပညာရေးစွမ်းဆောင်ရည်ကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။ အာဟာရလုံလောက်စွာမရခြင်းက ကလေးတစ်ဦးကို သူတို့ရဲ့ အိမ်စာတွေကို လုပ်ဆောင်ဖို့နှင့် အတန်းထဲမှာ အာရုံစိုက်ဖို့ အမှန်တကယ်လိုအပ်တဲ့ စွမ်းအင်တွေကို ဆုံးရှုံးစေပါတယ်။ အစာအာဟာရချို့တဲ့ခြင်းက ၎င်းတို့ရဲ့ ဇီဝဗေဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here