ကလေးတွေ ငိုတတ်တဲ့အကြောင်းအရင်း ၅မျိုးနဲ့ အငိုတိတ်အောင် လုပ်နည်းများ

0
1932
- Advertisement -

မိခင်အသစ်စက်စက်လေးတွေအနေနဲ့ ကလေးငိုရင် အရမ်းစိတ်ညစ်တတ်ကြတာ သဘာဝပါ။ ကလေးဆိုတာကလည်းစကားကမပြောတတ်သေးဘူးဆိုတော့ ပိုစိတ်ပူတတ်ကြတာပေါ့။ ဒါကြောင့်ကလေးငယ်တွေရဲ့ခြေဟန်လက်ဟန်တွေကိုကြည့်ပီး ကလေး ဘာကြောင့်ငိုကြလဲဆိုတာမသိပဲ ခြေမကိုင်မိ လက်မကိုင်မိ စိတ်မပူတာတွေဖြစ်ရအောင် ကလေးဘာကြောင့်ငိုလဲဆိုတာနဲ့ ဘယ်လို အငိုတိတ်အောင်လုပ်ရမလဲဆိုတဲ့ အကြောင်းလေးတွေမျှဝေပေးလိုက်ပါတယ်နော်။

ဆာလောင်မှုကြောင့်ငိုတယ်

ကလေးငယ်များငိုရင် ပထမဦးဆုံးအနေနဲ့ဖြစ်နိုင်တာက ဆာလောင် တာကြောင့်လားဆိုတာစဉ်းစား သင့်ပါတယ်။ ကလေးငယ်တွေ ဗိုက်ဆာလာပီဆိုရင် နှုတ်ခမ်းစူပြတာ၊ လက်မကို ပါးစပ်ထဲထည့်ပြီး စုပ်ပြတာ ၊ လက်သီးပုံစံ ဆုပ်ပြတာ ၊ နို့စို့ပုံစံလိုဖေ ာ်ပြတာများ ပြုလုပ်ရင်တော့ ဆာလောင်တာကြောင့် ငိုခြင်းဖြစ်ပါတယ်။ ဒါဆိုကလေးကိုနို့တိုက်တာ အစာတစ်ခုခုကျွေးတာ လုပ်ပေးပါနော်။

နာကျင်မှုကြောင့်ငိုတယ်

ထိခိုက်မှုတစ်ခုခုကြောင့် နာကျင်စေတဲ့အရာတစ်ခုခုကြောင့် ဆိုရင်တော့ ငိုသံကစူးပြီးတော်တော်နဲ့ အငိုမတိတ်နိုင်တော့ပါဘူး။ ဒါဆိုရင်တော့ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ပေါ် စစ်ဆေးမှုများကို ပြုပေးသင့်ပါတယ်။

ဖျားနာမှုကြောင့်ငိုတယ်

ဘယ်လိုလုပ်လုပ် ကလေးငိုတာ မတိတ်ဘဲ တစ်အိအိနဲ့ ငိုနေတာဆိုရင်တော ကလေးရဲ့ ကိုယ်ပူချိန်ကို တိုင်းတာပေးပြီး အဖျားရှိမရှိကို စစ်ဆေးပေးသင့်ပါတယ်။ ဒါဟာအဖျားသွေးကြောင့် ကလေးကိုယ်လက် မအီမသာဖြစ်တာဖြစ်နိုင်ပါတယ်။

အရမ်းအေး အရမ်းပူခြင်းကြောင့်ငိုတယ်

ကလေးငယ်များက အလွန်ပူတာ ၊ အလွန်အေးတာကြောင့် ငိုတတ်ကြပါတယ်။ ကလေးအဝတ်လဲချိန် ၊ ရာသီဥတုနဲ့ မကိုက်ညီတဲ့ အဝတ်များဝတ်ပေးတာကြောင့် ကလေးငယ်များ ပူလွန်းတာ ၊ အေးလွန်းတာကြောင့် ငိုရခြင်းဖြစ်ပါတယ်။ ဒါဆို သင့်တော်တဲ့ အဝတ်တစ်ခုလဲပေးပါချစ်မေမေတို့..

ဗိုက်အောင့်ခြင်းကြောင့်ငိုတယ်

ကလေးအများလည်း လူကြီးတွေလိုပဲ လေထိုးလေအောင့်တာတွေ ဖြစ်နိုင်ပါတယ်၊ အစာစားပြီးချိန် ၊ နို့တိုက်ပြီးချိန်တွေမှာ ချက်ချင်းအောငိုလာရင် ဗိုက်အောင့်ခြင်းကြောင့် ငိုခြင်းဖြစ်ပါတယ်နော်။ ဒါကြောင့် ကလေးရှိပီးသားမေမေတွေရော မရှိသေးတဲ့ မေမေတွေရော ဗဟုသုတရလောက်မယ်ထင်ပါတယ်နော်။

Chit_May_May
Mg_Htet
Forthechildren.com

LEAVE A REPLY

Please enter your comment!
Please enter your name here