လက်ဆောင်ဆိုတာ သင်အချစ်တွေကို ဖော်ပြဖို့နှင့် သူတို့ကို ဂရုစိုက်ပြီး တန်ဖိုးထားကြောင်း ပြောပြဖို့ အံ့ဩဖွယ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အသေးစားပစ္စည်းကိရိယာလေးတွေနှင့် အရုပ်တွေ – စတဲ့အရာအားလုံးဟာ သင့်ကလေးတွေကို ပျော်ရွှင်မှုနှင့် ကျေနပ်ခြင်းခံစားချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့ပေမယ့် သင့်အနေနဲ့ သင့်ကလေးကို ပေးနိုင်မယ့် တန်ဖိုးအရှိဆုံးအကောင်းဆုံးလက်ဆောင်ဆိုတာ ပစ္စည်းတန်ဖိုးအပေါ် မမူတည်ပါဘူး။ အဲဒီ့လက်ဆောင်အကြောင်း ဒီနေ့မျှဝေပေးမှာပါရှင့်။
ကလေးတွေ ဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်တဲ့ လက်ဆောင်များ

၁။ အမှားတွေပြုလုပ်ဖို့ လွတ်လပ်ခွင့်ပေးခြင်းဆိုတဲ့ လက်ဆောင်
ကလေးတွေဟာ ကျွန်မတို့လိုပဲ အစကတည်းက အရာအားလုံးကို သင်ယူနေရပါတယ်။ သင့်ရဲ့ ကလေးတွေကို အမှားတွေလုပ်ခွင့်ပေးပါ။ နွားနို့ဖန်ခွက်ကွဲခြင်း၊ အဝတ်အစားတွေကို ဆုတ်ဖြဲခြင်း၊ အရုပ်တွေပျောက်ဆုံးခြင်းတွေနဲ့ ပတ်သက်ပြီး သူတို့ကို အော်မယ့်အစား တိုးတက်မှုတွေအတွက် လေ့ကျင့်မှုအဖြစ် အခြေအနေတွေကို သုံးသပ်ပါ။

၂။ ချွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာလက်ဆောင်
ပွေ့ဖက်ခြင်း၊ နမ်းခြင်းနှင့် ချစ်မြတ်နိုးကြောင်းနှင့် သင့်ကလေးတွေကို နွေးထွေးသော စကားလုံးတွေကို ပြောပေးပါ။ သင့်ကလေးဟာ ကျောင်းမှာ ဘယ်လိုမှတ်ချက်တွေပဲ ရရှိနေပါစေ (သို့) သူတို့ဘယ်လို ကျရှုံးနေပါစေ ချွင်းချက်မရှိသော၊ စည်းကမ်းတွေနဲ့ သတ်မှတ်မထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးပါ။

၃။ ခွင့်လွှတ်ခြင်း လက်ဆောင်
အထက်မှာ ဖော်ပြခဲ့သလိုပဲ ကျွန်မအားလုံးဟာ အမှားတွေလုပ်တတ်ကြပါတယ်။ အထူးသဖြင့် ကျွန်မငယ်ငယ်တုန်းကဆို ပိုဆိုးတာပေါ့။ သူတို့ဟာ သူတို့လူကြီးဘဝအတွက် ပြင်ဆင်နေတာကြောင့် သင့်ကလေးတွေရဲ့လုပ်ရပ်တွေနဲ့ စကားလုံးတွေကို ပိုမိုနားလည်ဖို့ ကြိုးစားပါ။

၄။ မဝေဖန်ခြင်း (judge) လက်ဆောင်
သင့်သားလေးအတွက် တစ်ချိန်မှာ တယောအနုပညာရှင်ပါရဂူကြီးဖြစ်စေချင်တာက သင့်ရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်ခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် သင့်သားလေးက ရုတ်တရက်ဆိုသလို ဘောလုံးအားကစားတွေကို စိတ်ဝင်စားနေတယ်ဆိုရင်ရော? ကောင်းပြီ ။ ဒါဆိုရင် သူ့ရဲ့ ဘဝဟာ သူ့ရဲ့ ရွေးချယ်မှုပဲဖြစ်သင့်တာမလား? ကလေးကို လေးစားမှုနဲ့ ဆက်ဆံပါ။ သင့်သားလေးရဲ့ ဝါသနာတွေနဲ့ ဆုံးဖြတ်ချက်တွေကို judge မလုပ်ပါနဲ့။ အဲဒီ့လိုလုပ်မယ့်စား သူ့ရဲ့ passions ကို အားပေးဖို့ ကြိုးစားပါ။

၅။ နားလည်ခြင်းနှင့် လက်ခံခြင်း လက်ဆောင်
သင့်ကလေးလေးဟာ ဘယ်လိုပြဿနာမဆို ဖြေရှင်းနိုင်တဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေဖို့ ကြိုးစားပေးပါ ။ ဆိုလိုတာကတော့ ယုံကြည်မှုနှင့် လက်ခံပေးမှုဟာ မိသားစုအတွင်း ခိုင်မာပြီး သဟဇာတဖြစ်တဲ့ ဆက်ဆံရေးရဲ့ အခြေခံဖြစ်တယ်ဆိုတာ နားလည်ပေးပါ။
ဒီအရာတွေဟာ ငွေကြေးနဲ့ ဝယ်လို့ မရနိုင်သော လက်ဆောင်တွေဖြစ်ပေမယ့်လည်း သူတို့ဟာ သင့်ကလေးရဲ့ အနာဂတ်ဘဝ(ဘဝတစ်လျှောက်လုံး) ကို ကြီးမားသော အကျိုးသက်ရောက်မှုတွေမြောက်များစွာရှိနေပါတယ်။
Chit_May_May
Nyein_Thu
Ref- fabiosa