ကလေးတွေ ဘယ်အသက်အရွယ်ကစပြီး တစ်ယောက်တည်း ရေချိုးသင့်သလဲ?

0
666
- Advertisement -

ဘယ်အသက်အရွယ်မှာ ကလေးတွေကို တစ်ယောက်တည်း ရေချိုးခွင့်ပြုသင့်သလဲ။ ဒါဟာ ကျွန်မတို့ကလေးတွေရဲ့ လွတ်လပ်မှုအစ ဖြစ်တာကြောင့် အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သူတို့ဘာသာသူတို့လုပ်ဖို့ ခွင့်မပြုမီမှာ တစ်ချို့အချက်တွေကို စဉ်းစားသင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့ motor skillလို့ခေါ်တဲ့ လက်ချောင်းကြွက်သားလေးတွေ အပြည့်အဝဖွံ့ဖြိုးပြီးတဲ့အထိ သူတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်နိုင်မှာ မဟုတ်ကြောင်း သိထားရပါမယ်။

ကလေးတွေကို ဘယ်အသက်အရွယ်မှာ တစ်ယောက်တည်း ရေချိုးခွင့်ပေးမလဲ?

ခန့်မှန်းခြေအားဖြင့် အသက်ခြောက်နှစ်မှ စတင်ပြီး မိဘကြီးကြပ်မှုမပါဘဲ ရေချိုးနိုင်ပါပြီ။ ဒါက ရိုးရိုးခန့်မှန်းချက်တစ်ခုပါ။ ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို ထည့်စဉ်းစားရပါမယ်။ တချို့ကလေးတွေဆိုရင် လေးနှစ်အရွယ်လေးနဲ့ သူတို့ဘာသာသူတို့ မျက်နှာသုတ်တာတို့၊ ဆပ်ပြာတိုက်တာတို့ လုပ်တတ်နေပါပြီ။ သူတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအဆင့်အားလုံးကို ပြီးအောင်လုပ်နိုင်တဲ့ အချိန်ကတော့ အသက်ခြောက်နှစ်အရွယ်ပါ။ ဒါက သူတို့ရဲ့လွတ်လပ်မှုအစကို မှတ်သားသော အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါကို အောင်မြင်စေဖို့ မိဘတွေက သူတို့ကို တစ်ဆင့်ချင်း ရေဘယ်လိုချိုးရမယ်ဆိုတာကို သင်ပေးရပါမယ်။

တစ်ယောက်တည်း ရေချိုးဖို့အတွက် ကလေးတွေ ဘာသိဖို့လိုသလဲ?

ကျွန်တော်တို့ရဲ့ ကလေးတွေကို တစ်ယောက်တည်းရေချိုးနိုင်စေဖို့ ဘယ်လိုပြုလုပ်ရမယ်ဆိုတာကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။ အဆင့်မကျော်ပါနဲ့။ ကျွန်တော်တို့ဟာ အချို့သော အယူအဆတွေကို နားလည်တယ်လို့ ထင်ရသော်လည်း ကလေးတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကမ္ဘာအကြောင်း လေ့လာနေဆဲဖြစ်တာကို မိဘတွေအနေနဲ့ သတိရပေးရပါမယ်။

  • သန့်ရှင်းရမယ့် အရေးကြီးသော နေရာအားလုံးကို ပြောပြပါ။ လည်ပင်း၊ တံတောင်ဆစ်၊နား၊ နားအနောက်၊ ရင်ဘတ်၊ ခြေထောက်နှင့် ခြေချောင်းလေးတွေ ပါဝင်ပါတယ်။ မျက်လုံးကဲ့သို့သော ခန္ဓာကိုယ်ရဲ့ နူးညံ့သိမ်မွေ့သော နေရာများရှိကြောင်း၊ ဆပ်ပြာ (သို့) ခေါင်းလျှော်ရည် မထိသင့်ကြောင်း ရှင်းပြပါ။
  • မျက်နှာကို ဆပ်ပြာတိုက်ရင်၊ ခေါင်းလျှော်ရင် မျက်လုံးထဲမဝင်စေအာင် သတိပြုခိုင်းရပါမယ်။
  • ခေါင်းလျှော်ဖို့နဲ့ သန့်ရှင်းဖို့အတွက် ဆပ်ပြာ၊ ခေါင်းလျှော်ရည်ကို ဘယ်လောက် ပမာဏ အသုံးပြုသင့်တယ်ဆိုတာ သင်ပေးပါ။ ဒါက ကလေးတွေအတွက် ဖြုန်းတီးခြင်းမဖြစ်အောင်နှင့် အိမ်စီးပွားရေးအကြောင်းကို လေ့လာမိဖို့ အရေးပါပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်တည်း ရေချိုးနေရင်တောင် သူ့အတွက် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေကို အမြဲဂရုပြုရလိမ့်မယ်ဆိုတာ သိထားရပါမယ်။

  • ရေဖြင့် ချော်လဲတာတို့ မဖြစ်အောင် ကလေးအား ချော်ထွက်မှုမရှိတဲ့ ဖိနပ်ကို စီးပေးရပါမယ်။
  • ကလေးတွေအတွက် ရေချိုးဖို့ ထိုင်ခုံထားပေးရပါမယ်။
  • ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေမြှုပ်စတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို လက်လှမ်းမီအောင် ထားပေးရပါမယ်။
  • အန္တရာယ်ရှိသော အရာတွေကို ရေချိုးခန်းနေရာမှ ဖယ်ရှားပါ။ ဥပမာ-ဘရိတ်ဓါးတို့ဖြစ်ပါတယ်။
  • ရေချိုးခန်းတံခါးကို ဟထားပေးပါ။ တံခါးကို လော့မချစေပါနဲ့။
  • သင့်ကလေး ရေချိုးနေချိန်မှာ ရေချိုးခန်းနားနေပါ။
  • ကလေးတွေရဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ ခေါင်းလျှော်ရည်၊ အရေပြားအမျိုးအစားနှင့် ကိုက်ညီတဲ့ ရေချိုးဆပ်ပြာတွေ လိုအပ်ပါတယ်။ ဒါ့အပြင် သူတို့အတွက် သီးသန့် sponge ထားပေးပါ။ တစ်ကိုယ်ရေသုံးဖြစ်တာကြောင့် လူကြီးသုံးတဲ့ဟာတွေကို ပေးမသုံးသင့်ပါဘူး။

Chit_MayMay

LM_Nandar

Source-youaremom

ကေလးေတြ ဘယ္အသက္အ႐ြယ္ကစၿပီး တစ္ေယာက္တည္း ေရခ်ိဳးသင့္သလဲ?
ဘယ္အသက္အ႐ြယ္မွာ ကေလးေတြကို တစ္ေယာက္တည္း ေရခ်ိဳးခြင့္ျပဳသင့္သလဲ။ ဒါဟာ ကြၽန္မတို႔ကေလးေတြရဲ႕ လြတ္လပ္မႈအစ ျဖစ္တာေၾကာင့္ အေရးႀကီးေသာ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ သူတို႔ဘာသာသူတို႔လုပ္ဖို႔ ခြင့္မျပဳမီမွာ တစ္ခ်ိဳ႕အခ်က္ေတြကို စဥ္းစားသင့္ပါတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ motor skillလို႔ေခၚတဲ့ လက္ေခ်ာင္းႂကြက္သားေလးေတြ အျပည့္အဝဖြံ႕ၿဖိဳးၿပီးတဲ့အထိ သူတို႔ကိုယ္တိုင္ သန္႔ရွင္းေရး လုပ္ႏိုင္မွာ မဟုတ္ေၾကာင္း သိထားရပါမယ္။

ကေလးေတြကို ဘယ္အသက္အ႐ြယ္မွာ တစ္ေယာက္တည္း ေရခ်ိဳးခြင့္ေပးမလဲ?

ခန္႔မွန္းေျခအားျဖင့္ အသက္ေျခာက္ႏွစ္မွ စတင္ၿပီး မိဘႀကီးၾကပ္မႈမပါဘဲ ေရခ်ိဳးႏိုင္ပါၿပီ။ ဒါက ႐ိုး႐ိုးခန္႔မွန္းခ်က္တစ္ခုပါ။ ကေလးတစ္ေယာက္ခ်င္းစီရဲ႕ ဖြံ႕ၿဖိဳးတိုးတတ္မႈကို ထည့္စဥ္းစားရပါမယ္။ တခ်ိဳ႕ကေလးေတြဆိုရင္ ေလးႏွစ္အ႐ြယ္ေလးနဲ႔ သူတို႔ဘာသာသူတို႔ မ်က္ႏွာသုတ္တာတို႔၊ ဆပ္ျပာတိုက္တာတို႔ လုပ္တတ္ေနပါၿပီ။ သူတို႔ရဲ႕ တစ္ကိုယ္ေရသန္႔ရွင္းေရးအဆင့္အားလုံးကို ၿပီးေအာင္လုပ္ႏိုင္တဲ့ အခ်ိန္ကေတာ့ အသက္ေျခာက္ႏွစ္အ႐ြယ္ပါ။ ဒါက သူတို႔ရဲ႕လြတ္လပ္မႈအစကို မွတ္သားေသာ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ ဒါကို ေအာင္ျမင္ေစဖို႔ မိဘေတြက သူတို႔ကို တစ္ဆင့္ခ်င္း ေရဘယ္လိုခ်ိဳးရမယ္ဆိုတာကို သင္ေပးရပါမယ္။

တစ္ေယာက္တည္း ေရခ်ိဳးဖို႔အတြက္ ကေလးေတြ ဘာသိဖို႔လိုသလဲ?

ကြၽန္ေတာ္တို႔ရဲ႕ ကေလးေတြကို တစ္ေယာက္တည္းေရခ်ိဳးႏိုင္ေစဖို႔ ဘယ္လိုျပဳလုပ္ရမယ္ဆိုတာကို သင္ၾကားေပးဖို႔ အေရးႀကီးပါတယ္။ အဆင့္မေက်ာ္ပါနဲ႔။ ကြၽန္ေတာ္တို႔ဟာ အခ်ိဳ႕ေသာ အယူအဆေတြကို နားလည္တယ္လို႔ ထင္ရေသာ္လည္း ကေလးေတြဟာ သူတို႔ရဲ႕ပတ္ဝန္းက်င္ကမာၻအေၾကာင္း ေလ့လာေနဆဲျဖစ္တာကို မိဘေတြအေနနဲ႔ သတိရေပးရပါမယ္။

  • သန္႔ရွင္းရမယ့္ အေရးႀကီးေသာ ေနရာအားလုံးကို ေျပာျပပါ။ လည္ပင္း၊ တံေတာင္ဆစ္၊နား၊ နားအေနာက္၊ ရင္ဘတ္၊ ေျခေထာက္ႏွင့္ ေျခေခ်ာင္းေလးေတြ ပါဝင္ပါတယ္။ မ်က္လုံးကဲ့သို႔ေသာ ခႏၶာကိုယ္ရဲ႕ ႏူးညံ့သိမ္ေမြ႕ေသာ ေနရာမ်ားရွိေၾကာင္း၊ ဆပ္ျပာ (သို႔) ေခါင္းေလွ်ာ္ရည္ မထိသင့္ေၾကာင္း ရွင္းျပပါ။
  • မ်က္ႏွာကို ဆပ္ျပာတိုက္ရင္၊ ေခါင္းေလွ်ာ္ရင္ မ်က္လုံးထဲမဝင္ေစအာင္ သတိျပဳခိုင္းရပါမယ္။
  • ေခါင္းေလွ်ာ္ဖို႔နဲ႔ သန္႔ရွင္းဖို႔အတြက္ ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္ကို ဘယ္ေလာက္ ပမာဏ အသုံးျပဳသင့္တယ္ဆိုတာ သင္ေပးပါ။ ဒါက ကေလးေတြအတြက္ ျဖဳန္းတီးျခင္းမျဖစ္ေအာင္ႏွင့္ အိမ္စီးပြားေရးအေၾကာင္းကို ေလ့လာမိဖို႔ အေရးပါပါတယ္။

မိဘတစ္ေယာက္အေနနဲ႔ ကေလးတစ္ေယာက္တည္း ေရခ်ိဳးေနရင္ေတာင္ သူ႔အတြက္ လုံၿခဳံစိတ္ခ်ရတဲ့ နည္းလမ္းေတြကို အၿမဲဂ႐ုျပဳရလိမ့္မယ္ဆိုတာ သိထားရပါမယ္။

  • ေရျဖင့္ ေခ်ာ္လဲတာတို႔ မျဖစ္ေအာင္ ကေလးအား ေခ်ာ္ထြက္မႈမရွိတဲ့ ဖိနပ္ကို စီးေပးရပါမယ္။
  • ကေလးေတြအတြက္ ေရခ်ိဳးဖို႔ ထိုင္ခုံထားေပးရပါမယ္။
  • ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္၊ ေရျမႇဳပ္စတဲ့ ေရခ်ိဳးခန္းသုံးပစၥည္းေတြကို လက္လွမ္းမီေအာင္ ထားေပးရပါမယ္။
  • အႏၲရာယ္ရွိေသာ အရာေတြကို ေရခ်ိဳးခန္းေနရာမွ ဖယ္ရွားပါ။ ဥပမာ-ဘရိတ္ဓါးတို႔ျဖစ္ပါတယ္။
  • ေရခ်ိဳးခန္းတံခါးကို ဟထားေပးပါ။ တံခါးကို ေလာ့မခ်ေစပါနဲ႔။
  • သင့္ကေလး ေရခ်ိဳးေနခ်ိန္မွာ ေရခ်ိဳးခန္းနားေနပါ။
  • ကေလးေတြရဲ႕ အသက္အ႐ြယ္အလိုက္ သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္၊ အေရျပားအမ်ိဳးအစားႏွင့္ ကိုက္ညီတဲ့ ေရခ်ိဳးဆပ္ျပာေတြ လိုအပ္ပါတယ္။ ဒါ့အျပင္ သူတို႔အတြက္ သီးသန္႔ sponge ထားေပးပါ။ တစ္ကိုယ္ေရသုံးျဖစ္တာေၾကာင့္ လူႀကီးသုံးတဲ့ဟာေတြကို ေပးမသုံးသင့္ပါဘူး။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here