Home Parenting Child Teaching ကလေးတွေ ဘယ်အသက်အရွယ်မှာ အိမ်မှုကိစ္စတွေကို စလုပ်သင့်သလဲ?

ကလေးတွေ ဘယ်အသက်အရွယ်မှာ အိမ်မှုကိစ္စတွေကို စလုပ်သင့်သလဲ?

0
ကလေးတွေ ဘယ်အသက်အရွယ်မှာ အိမ်မှုကိစ္စတွေကို စလုပ်သင့်သလဲ?

မိဘတိုင်းက ပြီးပြည့်စုံတဲ့ အိမ်လေးတစ်လုံးကို အိပ်မက်မက်ကြပါတယ်။ လူကြီး၊ လူငယ် အချင်းချင်းကူညီကြပြီး တက်ညီလက်ညီ အလုပ်လုပ်ကြတဲ့ မိသားစုဝင်အားလုံးရှိရာ အိမ်လေးတစ်လုံးပေါ့ ။ ဒါပေမယ့် မေမေတို့ရဲ့ ရင်ခွင်ထဲမှာ ကြီးပြင်းလာပြီး အသစ်အသစ်တွေကို နေ့တိုင်းသင်ယူနေတဲ့ ကလေးလေးတစ်ယောက်အတွက် ဘယ်အလုပ်တွေက သင့်လျော်တယ်၊ သူတို့ ဘယ်တာဝန်တွေကို မပျက်မကွက် ထမ်းဆောင်နို်ငတယ်ဆိုတာ မေမေတို့ သေချာမသိပါဘူး။

ဟုတ်ပါတယ်။ ကလေးတစ်ယောက်ကို သူတို့ဘာသာ အဝတ်လျှော်ဖို့ မျှော်လင့်ထားလို့ မရပါဘူး၊။ ဒါပေမယ့် သူတို့က ညစ်ပတ်နေတဲ့ လက်သုတ်ပုဝါတွေကို သယ်ပြီး အဝတ်လျှော်ခြင်းထဲမှာ ထားပေးနိုင်ပါတယ်။ ကလေးတွေဟာ အသက်အရွယ်အလိုက် အိမ်မှုကိစ္စတွေမှာ စတင်ပါဝင်သင့်ပါတယ်။ သို့သော် ဒါကို မိဘတွေအနေနဲ့ ကိုယ့်အလုပ်ကိုယ်ရှောင်ဖို့ ကိရိယာအဖြစ် အသုံးချတာမျိုး မလုပ်သင့်ပါဘူး။ ဒီဆောင်းပါးမှာ မေမေတို့ ကလေးတွေအတွက် သူတို့ရဲ့ အသက်အုပ်စုအလိုက် သင့်လျော်တဲ့ အိမ်မှုကိစ္စလေးတွေကို မျှဝေပေးထားပါတယ်။

၁။ အသက် ၂နှစ် မှ ၅နှစ်အရွယ်

လျှော်ပြီးသား အဝတ်အစားတွေကို ဗီဒိုထဲထည့်ဖို့ သင်ပေးခြင်း၊ သူတို့ဘာသာသူတို့ ဝတ်ဆင်ခိုင်းခြင်း၊ ဝတ်ပြီးသားတွေကို အဝတ်လျှော်ခြင်းတောင်းထဲသို့ ထည့်ခိုင်းခြင်းက စွမ်းရည်အသစ်တွေကို သင်ယူရန် ကူညီပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အလုပ်တိုင်းမှာ အစ၊ အလယ်၊ အဆုံးတွေ ရှိတာကို မြင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ရိုးရှင်းတဲ့ အိမ်မှုကိစ္စတွေမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော တာဝန်တွေကို ဘယ်လိုခွဲဝေရမယ်ဆိုတာကို လေ့လာကြမှာဖြစ်ပါတယ်။ ဥပမာ- အရုပ်တွေနဲ့ စာအုပ်တွေကို သိမ်းဆည်းသင့်တယ်၊ ညစ်ပတ်တဲ့အဝတ်အစားတွေကို ခြင်းထဲထည့်သင့်တယ်၊ အစာစားပြီးတိုင်း ပန်းကန်တွေကို ဇလုံထဲသို့ ယူဆောင်သွားသင့်တယ် ဆိုတာမျိုးပါ။

၂။ အသက် ၆နှစ်- ၇နှစ်

ကလေးတွေ ဒီအသက်အရွယ်ရောက်လာတဲ့အခါ အိမ်မှာ ပိုကူညီနိုင်လာပါတယ်။ အိမ်တစ်ဝိုက် ဝိုင်းကူခိုင်းခြင်းက ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပူပေါင်းဆောင်ရွက်မှုရဲ့ တန်ဖိုးကို သင်ကြားပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေဟာ ထမင်းပွဲပြင်ခြင်း၊ စားပွဲခင်းခြင်းနှင့် ကုန်ခြောက်သွားဝယ်ခြင်း (သို့) အစားအသောက် အစီအစဉ်ချခြင်းကဲ့သို့သော အလုပ်ကိစ္စတွေမှာ ပါဝင်နိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ ကလေးတွေဟာ အဖိုးတန် ဘဝသင်ခန်းစာတွေကို သင်ယူကြပါတယ်။ နောက်ဆုံးမှာ ကလေးဟာ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားရမှာဖြစ်ပြီး ဒီပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ဖို့ အခွင့်အရေးတွေ ပိုရရှိမှာဖြစ်ပါတယ်။

၃။ အသက် ၈နှစ်မှ ၉နှစ်

ကလေးတွေဟာ ကြီးပြင်းလာတာနှင့်အမျှ လွတ်လပ်မှုနှင့် တာဝန်ဝတ္တရားတွေ ရရှိလာကြတာ သဘာဝဖြစ်ပါတယ်။ ပစ္စည်းတစ်ခုစီကို သူ့နေရာနှင့်သူထားဖို့၊ စည်းစနစ်တကျ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ တွန်းအားပေးသင့်ပါတယ်။ သူတို့ဟာ စာအုပ်တွေ၊ အဝတ်အစားတွေ၊ အရုပ်တွေအတွက် နေရာရှာရပါမယ်။ အဝတ်အစားတွေကို ခေါက်ပြီး သိမ်းဆည်းရပါမယ်။ ဆေးပြီးသား ပန်းကန်တွေကို ပန်းကန်စင်ပေါ်မှာ သိမ်းဆည်းရပါမယ်။

၄။ အသက် ၁၀နှစ်မှ ၁၁နှစ်

နေ့လယ်စာ ထမင်းဘူးထုပ်ခြင်း (သို့) ညကတည်းက ကျောင်းလွယ်အိတ်တွေ စီစဉ်ခြင်းကဲ့သို့သော အချိန်နှင့် တပြေးညီတဲ့ တာဝန်တွေကို မိတ်ဆက်ပေးနိုင်ပါတယ်။ နံနက်စာ ပြင်ဆင်ခြင်း၊ ကျောင်းနေ့လည်စာထုပ်ပိုးခြင်း၊ အမှိုက်သွားပစ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စတာတွေဟာ ဒီအသက်အရွယ်ရှိတဲ့ ကလေးအား လွှဲအပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။

၅။ အသက် ၁၂နှစ်မှ ၁၅နှစ်

ဆယ်ကျော်သက်တွေဟာ အရည်အချင်းရှိသော ပုဂ္ဂိုလ်တွေအဖြစ် ယုံကြည်လေးစားခံရတဲ့အခါ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအမြင် တိုးလာနိုင်ပါတယ်။ ဒီနည်းအားဖြင့် ဆယ်ကျော်သက်တစ်ယောက်ကို သူတို့ရဲ့ အသက်အရွယ်နှင့် သင့်လျော်တဲ့ ထပ်လောင်း တာဝန်တွေကို ခန့်အပ်ခြင်းဖြင့် ဆယ်ကျော်သက်တစ်ဦးရဲ့ မိုတီဗေးရှင်းက သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ ကားဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ ရိုးရှင်းတဲ့ ခြံလုပ်ငန်း၊ ဖုန်သုတ်ခြင်း၊ မြက်ရိတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ မီးပူတိုက်ခြင်း၊ ခလုတ်များ ပြင်ဆင်ခြင်း၊ ပြတင်းပေါက်များကို သုတ်ခြင်း ကဲ့သို့သော အိမ်မှုကိစ္စတွေဟာ ဆယ်ကျော်သက်အရွယ်မတိုင်ခင်ကတည်းက အပ်နှင်းနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ သူတို့ကို ဒီအလုပ်တွေဖြင့် တွန်းအားပေးပါ။ ဒီအလုပ်တွေကို သူတို့ဘာသာ မလုပ်နိုင်ပါက ကူညီပေးရမှာဖြစ်ပါတယ်။။

၆။ အသက် ၁၆နှစ်နှင့် အထက်

ဆယ်ကျော်သက်တွေဟာ အတွေ့အကြုံများစွာနှင့် ရင့်ကျက်မှုကို ယူဆောင်လာကြပါပြီ။ ဆယ်ကျော်သက်လေးတွေကို တိကျတဲ့ စွမ်းရည်တွေ သင်ကြားပေးခြင်းဟာ အနာဂတ်မှာ အောင်မြင်ဖို့ ကူညီပေးနိုင်ပေမယ့်လည်း အိမ်မှုကိစ္စအားလုံးကို လွှဲပြောင်းပေးသင့်တယ်လို့ မဆိုလိုပါဘူး။ အမှန်တော့ သူတို့လေးတွေဟာ ဆယ်ကျော်သက်တွေသာ ဖြစ်ပါတယ်။ စျေးဝယ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ကုန်စုံဆိုင်သွားခြင်း၊ မီးသီးလဲခြင်း၊ အိမ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ခြင်း (ဥပမာ- ရေခဲသေတ္တာထဲက ရေခဲတွေကို ဖယ်ရှားခြင်း )ကဲ့သို့သော တာဝန်တွေ ပေးအပ်နိုင်ပါတယ်။

မေမေတို့ရေ့,,, ကလေးတွေကို အိမ်မှုကိစ္စတွေလုပ်ရန် သင်ပေးဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ဘာသာလုပ်ခိုင်းတာပါ၊ မိဘနှစ်ပါးစလုံးက ဝေယျာဝစ္စတွေကို ညီတူညီမျှ တာဝန်ယူကြမယ်ဆိုရင် ကလေးတွေဟာ ပြောစရာမလိုဘဲ ပါဝင်လာကြနိုင်ပါတယ်။ အလုပ်ကောင်းကောင်းလုပ်တဲ့အခါ သူတို့ကို ချီးကျူးပေးပါ။ သူတို့ကြိုက်တဲ့အရာတွေကို ပျော်ရွှင်စွာလုပ်ဖို့၊ သူတို့နှင့်အတူနေဖို့ အချိန်အလုံအလောက်ပေးပါ။

Chit_MayMay

Nandar

Ref- momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here