Home Lotaya ကလေးတွေ မနက်စောစောနိုးနေခြင်းနဲ့ ပတ်သတ်၍ သိမှတ်ဖွယ်ရာများ

ကလေးတွေ မနက်စောစောနိုးနေခြင်းနဲ့ ပတ်သတ်၍ သိမှတ်ဖွယ်ရာများ

0
175

ကလေးတွေ အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီးတော့ ပြဿနာရှိခြင်းဟာ မိဘတွေအတွက် တကယ့်ကို အခက်အခဲဖြစ်စေပါတယ်။
ညဘက်ဆို တော်တော်နဲ့ မအိပ်တတ်တာ၊ မနက်ဘက်ဆိုလည်း အစောကြီးနိုးနေတာ စတာတွေဟာ မိဘတွေအတွက် အိပ်ရေးမဝခြင်း၊ ပင်ပန်းနွမ်းနွယ်ခြင်း၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်း စတာတွေဖြစ်လာစေပါတယ်။

ကလေးငယ်တွေဟာ အချိန်မှန်အိပ်စက်ပြီး အချိန်မှန်နိုးထတတ်တဲ့ အကျင့်ရှိဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးငယ်တွေ မနက်အစောကြီးနိုးနေတတ်တာဟာ မိသားစုအတွက်တော့ ပြဿနာတရပ်ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်နဲ့အတူ မိဘတဦးဦးက အတူရှိနေပေးရလို့ဘဲဖြစ်ပါတယ်။ဒါ့အပြင် ကလေးငယ်တွေဟာ မကြာခဏငိုကြွေးခြင်း၊ အော်ဟစ်ခြင်းများပြုလုပ်လေ့ရှိတဲ့အတွက် ကျန်ရှိနေတဲ့ အိမ်သူအိမ်သားတွေရဲ့ အိပ်စက်ခြင်းကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။ တကယ်တော့ အိပ်စက်ခြင်းပုံမှန်မဟုတ်တာဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို ရေတို/ရေရှည် အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။

ကောင်းမွန်စွာ အိပ်စက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာပြည့်ဝမှုကိုခံစားရခြင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုစေခြင်း၊ ဘဝရဲ့ အရည်အသွေးတွေကို တိုးတက်ကောင်းမွန်စေခြင်း အစရှိတဲ့ ကောင်းကျိုးများကို ရရှိစေနိုင်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ကလေးငယ်တွေသာမက လူကြီးများအတွက်ပါ ဆိုးဝါးတဲ့စိတ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကို ရရှိစေနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်းမှု၊ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်မြင့်တက်ခြင်း စတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် တနေ့တာလည်ပတ်မှုနိုင်မှုစွမ်းရည်၊ သိမြင်မှုဆိုင်ရာစွမ်းဆောင်ရည်တွေကိုလည်း သက်ရောက်မှုရှိစေပါတယ်။ ပညာသင်ကြားတဲ့အခါမှာလည်း မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။

အိပ်စက်ခြင်းသည် လူသားတို့အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အပြင် ဦးနှောက်လှုပ်ရှားမှုဆိုင်ရာတွေအတွက်လည်း အလွန်ပင် အရေးကြီးပါတယ်။ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတဲ့အရာတွေကတော့ အိပ်ရာဝင်ခါနီးတွင် အစာစားခြင်းအလေ့အထများ၊ ပတ်ဝန်းကျင်၊ အလင်းရောင်၊ ဆူညံသံများနဲ့ အခန်းအပူချိန်တို့ဘဲဖြစ်ပါတယ်။ ကလေးငယ်တွေ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေမဖြစ်ပေါ်စေဖို့အတွက် အိပ်ရာဝင်ချိန်ကို သတ်မှတ်ခြင်း၊ အခန်းကို အလင်းရောင်ချိန်ညှိခြင်း၊ ဆူညံသံတွေနဲ့ အခန်းအပူချိန်ကို ချိန်ညှိပေးခြင်းစတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

ကလေးငယ်တွေကို အချိန်အခါမဟုတ်ဘဲ အိပ်စက်စေခြင်း၊ သူ့ဘာသာနိုးလာတာမျိုးမဟုတ်ဘဲ အတင်းနိုးထစေတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် အိပ်ရာဝင်ခါနီးအချိန်တွင် ချောကလက် သို့မဟုတ် အချိုများတဲ့ အစားအစာများကျွေးမွေးတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရေးကြီးဆုံးတချက်ကတော့ ကလေးငယ်တွေကို အိပ်ဆေးတိုက်ကျွေးတာမျိုးကို လုံးဝ(လုံးဝ) မလုပ်သင့်ပါဘူးလို့ နောက်ဆုံးအချက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here