Home Parenting Child Care ကလေးတွေ ဝမ်းချုပ်နေရင် သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ?

ကလေးတွေ ဝမ်းချုပ်နေရင် သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ?

0
ကလေးတွေ ဝမ်းချုပ်နေရင် သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ?

ဝမ်းချုပ်တတ်တာဟာ ကလေးအတော်များများ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာဟာ ကလေးငယ်အတွက် စိတ်အနှောက်အယှက်ဖြစ်စေရုံသာမက ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ တစ်ခုခုမလုပ်ပါက ပိုဆိုးလာနိုင်ပါတယ်။ တကယ်လို့ ကလေးဟာ ပုံမှန်ဝမ်းမသွားဘဲ မအီမသာလက္ခဏာတွေ ပြသနေပါက ဝမ်းချုပ်နေတာ ဖြစ်နိုင်ပါတယ်။ ကလေးအဆတ်မပြတ် ငိုယိုနေခြင်း (သို့) ဝမ်းသွားဖို့ ကြိုးစားညှစ်နေခြင်းတွေ ပြုမှုနိုင်ပါတယ်။

ဒီပြဿနာတွေကို သက်သာအောင်ကူညီပါ။ မစင်တွေက အူမကြီးထဲမှာ ရှိနေတဲ့အခါ ပိုခြောက်သွေ့ပြီး ပိုမာလာပါတယ်။ ဒါက နောက်ဆုံးတွင် စွန့်ထုတ်လိုက်တဲ့အခါမှာလည်း နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးတွေမှာ အစာအိမ်လမ်းကြောင်းထဲရှိ လေပြည့်နေတဲ့အခါ လေထိုးလေအောင့်တာ ဖြစ်ပေါ်ပါတယ်။ လေထိုးလေအောင့်က နာတာရှည်ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေမလဲ?

ဒီပြဿနာက ကလေးရဲ့ အစားအစာနှင့် တိုက်ရိုက်သက်ဆိုင်ပါတယ်။ ၎င်းသည် အထူးသဖြင့် လသားအရွယ်မှာ ဖြစ်ပွားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးလို့ပါ။

တစ်ချိန်တည်းမှာ မိခင်နို့တိုက်ကျွေးမှုက သူတို့အတွက် အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကလေးကို မှန်မှန်ကန်ကန် နို့တိုက်ရဲ့လား၊ နို့အလုံအလောက်ရရှိခြင်း ရှိမရှိဆိုတာ သေချာစေဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပါ။ တကယ်လို့ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်တဲ့အခါ ဖော်မြူလာက သူတို့ကို ဗိုက်နာစေသလားဆိုတာ ဆန်းစစ်ပါ။ ဖြည့်စွက်စာကျွေးတဲ့အချိန်မှာ ဝမ်းချုပ်ခြင်းကို မဖြစ်စေတဲ့ အစားအစာများကျွေးပါ။

ကလေးဟာ နှစ်ရက်အတွင်းမှာ ဝမ်းမသွားဘူး၊ သူတို့ဝမ်းသွားတဲ့အခါ ခြောက်သွေ့ပြီး မာနေတာကို သတိပြုမိပါက အထူးကုနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် အိမ်မှာတင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေဖို့ နည်းစနစ်အနည်းငယ် သုံးနိုင်ပါတယ်။

  • နို့ဘူးတိုက်ကျွေးပါက ဖော်မြူလာထဲကို ရေအနည်းငယ်ပိုထည့်ဖို့ ကလေးအထူးကုဆရာဝန်များက အကြံပြုထားပါတယ်။
  • မိခင်တွေအနေနဲ့ ကလေးရဲ့ ဗိုက်၊ ကျောကုန်းနျင့် သူတို့ရဲ့ဒူးကွေးကို အသာအယာနှိပ်ပေးခြင်းက သက်သာစေပါတယ်။
  • လိမ္မော်ဖျော်ရည်(သို့) ရေနွေးနွေးလေး အနည်းငယ်လောက် တိုက်ပေးနိုင်ပါတယ်။
  • တစ်ခါတရံမှာ ကလေးငယ်ဟာ နို့ပရိုတိန်းကို အစာမကြေနိုင်တဲ့အတွက် ပဲပိစပ်အခြေခံထားတဲ့ (သို့) အခြားဖော်မြူလာအမျိုးအစားက အထောက်အကူဖြစ်နိုင်ပါတယ်။
  • ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း အထောက်အကူဖြစ်နိုင်ပါတယ်။
  • တကယ်လို့ ကလေးငယ်ဟာ ဖြည့်စွက်စာ စားသုံးနေပါက ကလေးကို အမျှင်ဓါတ်များစွာပါတဲ့ အစားအစာများ ကျွေးလေ့ရှိပါတယ်။ ဆန်နှင့် မုန်လာဥနီကဲ့သို့သော အစားအစာများက ဝမ်းချုပ်နိုင်ခြေကို တိုးပွားစေပါတယ်။
  • ဆရာဝန်မညွန်းဘဲ ဝမ်းနုတ်ဆေးတိုက်တာကို ရှောင်ပါ။ သို့သော် ကလေးဆရာဝန်အား ဝမ်းပျော့စေတဲ့ ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။။
  • အခြားရွေးချယ်မှုတစ်ခုမှာ ကလေးဝမ်းသွားရလွယ်အောင် စအိုဝမှာ glycerine သုတ်လိမ်းပေးဖို့ ဖြစ်ပါတယ်။ သို့သော် ဒါကို ပုံမှန်မလုပ်သင့်ပါဘူး။

များသောအားဖြင့် ရိုးရှင်းတဲ့ ကုထုံးအချို့က သင့်ကလေးအား ပြန်လည်သက်သာလာစေဖို့ ကူညီပါလိမ့်မယ်၊ ၄လအရွယ်ရောက်တာနဲ့ ကလေးတွေဟာ ဒီပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။
ကလေးကို သူတို့ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အစားအစာများကျွေးခြင်းဖြင့် မကြာခဏ ဝမ်းချုပ်တာ နည်းသွားပါလိမ့်မယ်။

သို့သော် ဒီပြဿနာက နာတာရှည်ပြဿနာလို ဖြစ်လာရင် ကလေးဆရာဝန်ထံသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ သင့်ကလေးမှာ အောက်ဖော်ပြပါ အခြားရောဂါလက္ခဏာများ ရှိနေရင် ဝမ်းချုပ်ခြင်းက ပိုဆိုးနိုင်ပါတယ်။

  • လေးလမပြည့်သေးတဲ့ ကလေးငယ်တွေဟာ ၂၄နာရီအတွင်းမှာ ဝမ်းသွားမှုမရှိခြင်း
  • သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း
  • မစင်ထဲမှာ သွေးပါခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကုသမှုပြီးနောက်မှာ တိုးတတ်မှု မရှိခြင်း

Chit_MayMay

LM_Nandar

Source-youaremom

ကေလးေတြ ဝမ္းခ်ဳပ္ေနရင္ သက္သာေအာင္ ဘယ္လိုလုပ္ေပးမလဲ?
ဝမ္းခ်ဳပ္တတ္တာဟာ ကေလးအေတာ္မ်ားမ်ား ေတြ႕ႀကဳံရတဲ့ ျပႆနာတစ္ခုပါ။ ဒီျပႆနာဟာ ကေလးငယ္အတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေစ႐ုံသာမက ဝမ္းခ်ဳပ္ျခင္းကို သက္သာေစဖို႔ တစ္ခုခုမလုပ္ပါက ပိုဆိုးလာႏိုင္ပါတယ္။ တကယ္လို႔ ကေလးဟာ ပုံမွန္ဝမ္းမသြားဘဲ မအီမသာလကၡဏာေတြ ျပသေနပါက ဝမ္းခ်ဳပ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ကေလးအဆတ္မျပတ္ ငိုယိုေနျခင္း (သို႔) ဝမ္းသြားဖို႔ ႀကိဳးစားညႇစ္ေနျခင္းေတြ ျပဳမႈႏိုင္ပါတယ္။

ဒီျပႆနာေတြကို သက္သာေအာင္ကူညီပါ။ မစင္ေတြက အူမႀကီးထဲမွာ ရွိေနတဲ့အခါ ပိုေျခာက္ေသြ႕ၿပီး ပိုမာလာပါတယ္။ ဒါက ေနာက္ဆုံးတြင္ စြန္႔ထုတ္လိုက္တဲ့အခါမွာလည္း နာက်င္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ကေလးေတြမွာ အစာအိမ္လမ္းေၾကာင္းထဲရွိ ေလျပည့္ေနတဲ့အခါ ေလထိုးေလေအာင့္တာ ျဖစ္ေပၚပါတယ္။ ေလထိုးေလေအာင့္က နာတာရွည္ျပႆနာတစ္ခု ျဖစ္ႏိုင္ပါတယ္။

ဝမ္းခ်ဳပ္ျခင္းကို ဘယ္လိုသက္သာေစမလဲ?

ဒီျပႆနာက ကေလးရဲ႕ အစားအစာႏွင့္ တိုက္႐ိုက္သက္ဆိုင္ပါတယ္။ ၎သည္ အထူးသျဖင့္ လသားအ႐ြယ္မွာ ျဖစ္ပြားပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ သူတို႔ရဲ႕ ခႏၶာကိုယ္ဟာ ပုံမွန္လည္ပတ္ႏိုင္ျခင္း မရွိေသးလို႔ပါ။

တစ္ခ်ိန္တည္းမွာ မိခင္ႏို႔တိုက္ေကြၽးမႈက သူတို႔အတြက္ အဆင္မေျပတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သင့္ကေလးကို မွန္မွန္ကန္ကန္ ႏို႔တိုက္ရဲ႕လား၊ ႏို႔အလုံအေလာက္ရရွိျခင္း ရွိမရွိဆိုတာ ေသခ်ာေစဖို႔ ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ပါ။ တကယ္လို႔ ကေလးကို ေဖာ္ျမဴလာႏို႔မႈန္႔တိုက္တဲ့အခါ ေဖာ္ျမဴလာက သူတို႔ကို ဗိုက္နာေစသလားဆိုတာ ဆန္းစစ္ပါ။ ျဖည့္စြက္စာေကြၽးတဲ့အခ်ိန္မွာ ဝမ္းခ်ဳပ္ျခင္းကို မျဖစ္ေစတဲ့ အစားအစာမ်ားေကြၽးပါ။

ကေလးဟာ ႏွစ္ရက္အတြင္းမွာ ဝမ္းမသြားဘူး၊ သူတို႔ဝမ္းသြားတဲ့အခါ ေျခာက္ေသြ႕ၿပီး မာေနတာကို သတိျပဳမိပါက အထူးကုႏွင့္ တိုင္ပင္ေဆြးေႏြးပါ။ သို႔ေသာ္ အိမ္မွာတင္ ဝမ္းခ်ဳပ္ျခင္းႏွင့္ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ျဖစ္တဲ့ မအီမသာျဖစ္ျခင္းကို သက္သာေစဖို႔ နည္းစနစ္အနည္းငယ္ သုံးႏိုင္ပါတယ္။

  • ႏို႔ဘူးတိုက္ေကြၽးပါက ေဖာ္ျမဴလာထဲကို ေရအနည္းငယ္ပိုထည့္ဖို႔ ကေလးအထူးကုဆရာဝန္မ်ားက အႀကံျပဳထားပါတယ္။
  • မိခင္ေတြအေနနဲ႔ ကေလးရဲ႕ ဗိုက္၊ ေက်ာကုန္းန်င့္ သူတို႔ရဲ႕ဒူးေကြးကို အသာအယာႏွိပ္ေပးျခင္းက သက္သာေစပါတယ္။
  • လိေမၼာ္ေဖ်ာ္ရည္(သို႔) ေရေႏြးေႏြးေလး အနည္းငယ္ေလာက္ တိုက္ေပးႏိုင္ပါတယ္။
  • တစ္ခါတရံမွာ ကေလးငယ္ဟာ ႏို႔ပ႐ိုတိန္းကို အစာမေၾကႏိုင္တဲ့အတြက္ ပဲပိစပ္အေျခခံထားတဲ့ (သို႔) အျခားေဖာ္ျမဴလာအမ်ိဳးအစားက အေထာက္အကူျဖစ္ႏိုင္ပါတယ္။
  • ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးတာကလည္း အေထာက္အကူျဖစ္ႏိုင္ပါတယ္။
  • တကယ္လို႔ ကေလးငယ္ဟာ ျဖည့္စြက္စာ စားသုံးေနပါက ကေလးကို အမွ်င္ဓါတ္မ်ားစြာပါတဲ့ အစားအစာမ်ား ေကြၽးေလ့ရွိပါတယ္။ ဆန္ႏွင့္ မုန္လာဥနီကဲ့သို႔ေသာ အစားအစာမ်ားက ဝမ္းခ်ဳပ္ႏိုင္ေျခကို တိုးပြားေစပါတယ္။
  • ဆရာဝန္မၫြန္းဘဲ ဝမ္းႏုတ္ေဆးတိုက္တာကို ေရွာင္ပါ။ သို႔ေသာ္ ကေလးဆရာဝန္အား ဝမ္းေပ်ာ့ေစတဲ့ ေဆးေပးဖို႔ ေတာင္းဆိုႏိုင္ပါတယ္။။
  • အျခားေ႐ြးခ်ယ္မႈတစ္ခုမွာ ကေလးဝမ္းသြားရလြယ္ေအာင္ စအိုဝမွာ glycerine သုတ္လိမ္းေပးဖို႔ ျဖစ္ပါတယ္။ သို႔ေသာ္ ဒါကို ပုံမွန္မလုပ္သင့္ပါဘူး။

မ်ားေသာအားျဖင့္ ႐ိုးရွင္းတဲ့ ကုထုံးအခ်ိဳ႕က သင့္ကေလးအား ျပန္လည္သက္သာလာေစဖို႔ ကူညီပါလိမ့္မယ္၊ ၄လအ႐ြယ္ေရာက္တာနဲ႔ ကေလးေတြဟာ ဒီျပႆနာကို ႀကဳံေတြ႕ရႏိုင္ပါတယ္။
ကေလးကို သူတို႔ခႏၶာကိုယ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္မယ့္ အစားအစာမ်ားေကြၽးျခင္းျဖင့္ မၾကာခဏ ဝမ္းခ်ဳပ္တာ နည္းသြားပါလိမ့္မယ္။

သို႔ေသာ္ ဒီျပႆနာက နာတာရွည္ျပႆနာလို ျဖစ္လာရင္ ကေလးဆရာဝန္ထံသြားတာ အေကာင္းဆုံးျဖစ္ပါတယ္။ သင့္ကေလးမွာ ေအာက္ေဖာ္ျပပါ အျခားေရာဂါလကၡဏာမ်ား ရွိေနရင္ ဝမ္းခ်ဳပ္ျခင္းက ပိုဆိုးႏိုင္ပါတယ္။

  • ေလးလမျပည့္ေသးတဲ့ ကေလးငယ္ေတြဟာ ၂၄နာရီအတြင္းမွာ ဝမ္းသြားမႈမရွိျခင္း
  • သိသိသာသာ ကိုယ္အေလးခ်ိန္က်ျခင္း
  • မစင္ထဲမွာ ေသြးပါျခင္း
  • အစာစားခ်င္စိတ္မရွိျခင္း
  • ကုသမႈၿပီးေနာက္မွာ တိုးတတ္မႈ မရွိျခင္း

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here