ကလေးတွေကို အမှောင်ထဲမှာ အမြဲတမ်းသိပ်သင့်တဲ့ အကြောင်းရင်းတစ်ခု

0
206
- Advertisement -

ကျွန်တော်တို့ အိပ်ပျော်နေစဉ်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဇီဝဗေဒဆိုင်ရာစနစ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်၊ မယ်လတိုနင်ဟော်မုန်းဟာ မှောင်မိုက်နေမှ ထွက်တာကြောင့် အလင်းရောင်စူးစူးနှင့် အသံတွေက ကျွန်တော်တို့ရဲ့ အနားယူမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီဟော်မုန်း လုံလောက်တဲ့အခါ ကျွန်တော်တို့မှာ မကြာခဏ ဖျားနာမှုနည်းပြီး ပိုပျော်ရွင်လာစေပါတယ်။ ဒါ့ကြောင့် အလင်းရောင်မရှိဘဲ အိပ်တာက ဘယ်လောက်အရေးကြီးသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ဘာ့ကြောင့် အမှောင်ထဲမှာ အိပ်သင့်သလဲ?

10 PM – ဒီအချိန်ဟာ ကျွန််တော်တို့ရဲ့ သွေးထဲမှာ သွေးဖြူဥအရေအတွက်ကို နှစ်ဆတိုးလာစေပြီး ခန္ဓာကိုယ် အပူချိန်ကျဆင်းလာချိန် ဖြစ်ပါတယ်။

11 PM – အားသစ်လောင်းပေးတဲ့ ဖြစ်စဉ်တစ်ခုက ဆဲလ်တိုင်းမှာ နေရာယူပါတယ်။

12 PM – ဦးနှောက်က အလုပ်လုပ်နေစဉ်မှာ ကျွန်တော်တို့ရဲ့ အသိစိတ်က အိမ်မက်တွေထဲမှာ လွှမ်းမိုးနေချိန်ဖြစ်ပါတယ်။

1 AM – ပေါ့ပါးသော အိပ်စက်ချိန် Light Sleep ဖြစ်ပါတယ်။

2 AM – အသည်းမှလွဲပြီး ကျွန်တော်တို့ရဲ့ ကိုယ်တွင်းအင်္ဂါအားလုံးဟာ အနားယူပါတယ်။

3 AM – သွေးလွှတ်ကြော ပရက်ရှာ နိမ့်ချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သွေးခုန်နှုန်းနှင့် အသက်ရှူတာ နှေးကွေးပါတယ်။

4 AM – ဦးနှောက်ကို သွေးပမာဏ အနည်းဆုံးဖြင့် ထောက်ပံ့ထားပြီး နိုးထဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

5 AM – ကျွန်တော်တို့ ကျောက်ကပ်တွေအနားယူပြီး ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို အိပ်နေချိန်ဖြစ်ပါတယ်။

6 AM – ခန္ဓာကိုယ်ဟာ နိုးထဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။

7 AM – ကိုယ်ခံစွမ်းအားစနစ် အံ့မခန်းဖြစ်တဲ့ အချိန်ဖြစ်ပါတယ်။

ညဘက်မှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ မီးချောင်း ၊မီးအိမ် ၊ ကွန်ပြူတာ၊ တီဗီ ၊ dighital နာရီတွေ ပိတ်အိပ်ပါ။ အိပ်ရာမဝင်ခင် ရေချိုးပါ။ နွားနို့နွေးနွေးလေးသောက်ပါ။ လိုက်ကာတွေ ပိတ်အိပ်ပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here