ကလေးတွေ အိပ်မက်ဆိုးမက်ခြင်းမှ ရှောင်ရှားဖို့ နည်းလမ်းများ

0
192
- Advertisement -

အိပ်မက်ဆိုးတွေက အထူးသဖြင့် အသက် ၂နှစ်နှင့် ၃နှစ်အကြား ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတတ်မှုရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထို့ပြင် ၎င်းဟာ အသက် ၆နှစ်အထိ ဆက်လက်တည်ရှိနေနိုင်ပါတယ်။ သို့သော် ကလေးတွေကြီးလာတာနှင့အမျှ ပျောက်ကွယ်သွားပါတယ်။ အိမ်မက်ဆိုးက ကလေးတွေ သူတို့ဘဝမှ အတွေ့အကြုံတွေကို ဖော်ပြဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က သာမန်ဖြစ်တာကြောင့် ကလေးငယ်တွေအတွက် စိတ်အနှောက်အယှက် မဖြစ်ဘူးလို့ မဆိုလိုပါဘူး။ ဒီဆောင်းပါးမှာ ကလေးတွေရဲ့ အိပ်မက်ဆိုးတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာ တွေ့ရပါလိမ့်မယ်။

ကလေးတွေ အိမ်မက်ဆိုး ကြုံတွေ့တဲ့အခါ သူတို့မက်ခဲ့တဲ့ အရာတစ်ခုကို ကြောက်ရွံ့လာနိုင်ပါတယ်။ တကယ်တော့ သူတို့ဟာ နောက်ထပ်အိပ်မက်ဆိုးတစ်ခုမက်မှာကို မလိုချင်တဲ့အတွက် လုံးဝအိပ်ပျော်သွားမှာကို ကြောက်ကြပါလိမ့်မယ်။ တကယ်လို့ မေမေတို့ကလေးမှာ ဒီပြဿနာတွေရှိပါက အောက်ဖော်ပြပါ အကြံပြုချက်တွေက သင့်ကလေးအား ငြိမ်သက်စွာ အနားယူနိုင်ဖို့ ကူညီပါလိမ့်မယ်။

ကလေးတွေ အိပ်မက်ဆိုးမက်နိုင်တဲ့ အကြောင်းရင်းများ

- Advertisement -

အိပ်မက်ဆိုးတွေက REM အိပ်စက်မှုအတွင်း ညရဲ့ ဒုတိယတစ်ဝက်အတွင်းမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အကြောင်းရင်းမှာ ဒါတွေပါဝင်နိုင်ပါတယ်။

  • အိပ်စက်ချိန်ပုံမှန်မရှိခြင်း
  • ကလေးတွေ နေမကောင်းတဲ့အခါ (သို့) ဖျားတဲ့အခါ အဖျားက အိမ်မက်ဆိုးကို မကြာခဏဖြစ်စေပါလိမ့်မယ်။
  • အိပ်ချိန်မလုံလောက်ခြင်း
  • ကလေးတွေဟာ စိုးရိမ်ပူပန်နေရင် (သို့) အိမ်ပြောင်းတာတို့ မွေးချင်းမောင်နှမအသစ်တစ်ယောက် ကဲ့သို့သော ဘဝပြောင်းလဲမှုတစ်ချို့နဲ့ ပတ်သတ်ပြီး စိတ်ဖိစီးနေရင် အိပ်မက်ဆိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ အလွန်အမင်းပင်ပန်းခြင်းကလည်း အိပ်မက်ဆိုးတွေကို ပိုဖြစ်နိုင်စေပါတယ်။

ကလေးငယ်တွေ အိပ်မက်ဆိုးမက်ခြင်းကို ရှောင်ရှားဖို့ နည်းလမ်းများ

၁။ ကလေးရဲ့ အခန််းထဲမှာ သက်တောင့်သက်သာရှိအောင် လုပ်ပေးပါ။ ကလေးငယ်တွေကို ပိုအဆင်ပြေစေဖို့ ညဘက်မီးဖွင့်ပေးထားနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးငယ်တွေကို လုံခြုံမှု ခံစားရစေဖို့ သူတို့အကြိုက်ဆုံး တိရိစ္ဆာန်လေးတွေနဲ့ အတူအိပ်စက်ခွင့်ပြုနိုင်ပါတယ်။

၂။ သူတို့တီဗီကြည့်တဲ့အခါမှာလည်း ကြောက်စရာကောင်းတာတွေ၊ ထိတ်လန့်စရာတွေကြည့်နေသလားဆိုတာ သတိထားပေးပြီး အိပ်ရာမဝင်ခင် တီဗီပေးမကြည့်ပါနဲ့။ ကလေးတွေ အိပ်ရာမဝင်ခင် အနည်းဆုံး ၁နာရီအတွင်းမှာ သူတို့ကို တီဗီပေးမကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ တီဗီပေးကြည့်ရင်လည်း အကြမ်းဖက်တဲ့ဇာတ်ကားတွေ၊ ရန်လိုတဲ့ဇာတ်ကားတွေ ပေးမကြည့်သင့်ပါဘူး။ အိပ်ရာမဝင်ခင် ကာတွန်းကားပေးကြည့်ရင်တောင် အရောင်စုံ(သို့) အရမ်းတောက်ပလွန်းတာ မဖြစ်သင့်ပါဘူး။ ဒါက အိပ်ရာမဝင်ခင် ဦးနှောက်ကို excite ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

၃။ လုပ်ရိုးလုပ်စဉ်များ ချမှတ်ပါ။ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ထူထောင်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လုံခြုံမှုနှင့် မျှတမှုကို ပေးတာကြောင့် ဖြစ်ပါတယ်။ ကလေးတွေကို ရေချိုးခြင်း၊ အစာစားခြင်း၊ သွားတိုက်ခြင်းနှင့် နေ့စဉ်အိပ်ရာဝင်ခြင်းအတွက် အချိန်ဇယား ချမှတ်ပေးထားသင့်ပါတယ်။

၄။ အိပ်ရာမဝင်ခင် ပုံပြင်တစ်ပုဒ် ဖတ်ပြပါ။ အိပ်ရာမဝင်ခင် အသက်အရွယ်နဲ့ သင့်တော်တဲ့ပုံပြင်ကို ဖတ်ရှုတဲ့ အလေ့အကျင့်ကို မိတ်ဆက်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ တေးဂီတနှင့် သဘာဝအသံများဖြင့် အပန်းဖြေနည်းစနစ်တွေကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။

အားထုတ်မှုတွေကြားမှ အိပ်မက်ဆိုးတွေ ဆက်ရှိနေပါက ဘယ်လိုလုပ်ပေးနိုင်သလဲ?

  • သင့်ကလေးအိပ်မက်ဆိုး မက်နေရင် သူ့အခန်းသွားပြီး နှစ်သိမ့်မှုပေးပါ။
  • သင့်ကလေးအား စကားပြောတဲ့အခါ အေးဆေးတည်ငြိမ်ပြီး ဂရုစိုက်တဲ့ အသံဖြင့်ပြောပါ။
  • “ဒါက အိပ်မက်ဆိုးတစ်ခုပဲ၊ ပြီးတော့ အမေ(ဒါမှမဟုတ်) အဖေရှိနေတာပဲ၊ အားလုံးပြီးပြီ”လို့ ကလေးအားပြောပြပါ။ သင့်ကလေးအား စိတ်ပျံ့လွင့်စေပြီး အိပ်မက်ဆိုး အကြောင်းမေ့သွားအောင် နှစ်လိုဖွယ်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပါ။
  • သင့်ကလေးဟာ အိမ်မက်ဆိုးတွေ ထပ်ခါထပ်ခါ ကြုံတွေ့ရပါက ကလေးအထူးကုဆရာဝန်နှင့် ပြသင့်ပါတယ်။ ဒီပြဿနာက အိပ်စက်မှုမမှန်တဲ့ရောဂါ (သို့) စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုရဲ့ အရိပ်အယောင်တောင် ဖြစ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here