ကလေးနဲ့ အိမ်အလည်သွားတဲ့အခါ စိတ်ဖိစီးမှုမဖြစ်အောင် ရှောင်ရှားနည်း

0
564
- Advertisement -

တစ်ချို့ကလေးတွေက နေရာအသစ်ကို သွားချင်ကြပေမယ့် တစ်ချို့ကလေးတွေက အကျွမ်းတဝင်ရှိတဲ့နေရာမှာသာ နေလိုကြပါတယ်။ မေမေတို့ ကလေးနဲ့ အတခြားအိမ်ကို သွားလည်တဲ့အခါ ကလေးက နေရာအနှံ့တွားသွားပြီး တွေ့သမျှအရာတွေ လိုက်ဆွဲတာမျိုး ကြုံဖူးမှာပါ။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကလေးကိုလည်း အရမ်းဖိအားမပေးဘဲ အိမ်အလည် ဘယ်လိုသွားမလဲဆိုတာကို လေ့လာထားဖို့ အရေးကြီးပါတယ်။

ကလေးနဲ့ အိမ်အလည်သွားတဲ့အခါ စိတ်ဖိစီးမှုမဖြစ်အောင် ဘယ်လိုရှောင်နိုင်မလဲ?

ကလေးဆိုတာက နေရာတိုင်းမှာ အသစ်တွေမြင်ရင် စူးစမ်းချင်စိတ်၊ စပ်စုလိုစိတ် ရှိကြပါတယ်။ ဒါကိုသိတဲ့အိမ်ရှင်တွေအနေနဲ့ သူတို့အိမ်ကို စူးစမ်းလို့လည်း ကလေးကို စိတ်အနှောက်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ ဘယ်အရာဖြစ်ဖြစ် ကွဲတာရှတာ၊ (သို့) ဒဏ်ရာရတာမဖြစ်အောင် ကလေးကို အချိန်တိုင်းမျက်ခြေမပြတ် စောင့်ကြည့်နေရပါမယ်။ လှေကားတွေ၊ မီးပလပ်တွေ၊ ဓါတုပစ္စည်းတွေနဲ့ စားပွဲထောင့်စွန်းတွေကဲ့သို့သော အန္တရာယ်ရှိဇုန်တွေ ရှိနိုင်ကြောင်း သတိရဖို့ အရေးကြီးပါတယ်။ ဒီအကြောင်းကြောင့် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်ရှားဖို့ ကလေးနဲ့ အိမ်အလည်သွားတဲ့အခါ အသုံးဝင်မယ့် အကြံဉာဏ်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကစားစရာတွေ ယူလာပါ

အကောင်းဆုံးကတော့ သင့်ကလေးကို အာရုံပျံ့လွှင့်စေမယ့် ကစားစရာအိတ်တစ်လုံး ယူလာဖို့ ဖြစ်ပါတယ်။ အသစ်ဝယ်လာတာမျိုး၊ သူတို့နှစ်သက်တဲ့အရုပ်လေးတွေ ယူလာတာမျိုး လုပ်နိုင်ပါတယ်။ အခြားသူတွေကို အနှောက်အယှက်ဖြစ်စေနို်ငတဲ့ ဆူဆူညံ့ညံ့ ကစားစရာမျိုးကို ရှောင်ပြီး ကလေး အာရုံကြာကြာစိုက်မယ့် ကစားစရာမျိုးကို ရွေးချယ်ပါ။

၂။ အသုံးဝင်မယ့် ပစ္စည်းတွေ ယူလာပါ

အိမ်မှာရှိနေကတည်းက ကိုယ်ယူဆောင်သွားမယ့်အရာတွေကို စဉ်းစားပါ။ စောင်တစ်ထည်၊ တိရိစ္ဆာန်အရုပ် (သို့) သူတို့တကယ်နှစ်သက်တဲ့ ဘယ်အရုပ်မဆို ယူသွားပါ။ ထိုအရာတွေက သူတို့ကို အဆင်ပြေမှုနှင့် လုံခြုံမှုကို ပေးတဲ့အပြင် သူတို့စိတ်ဝင်စားတဲ့ ပစ္စည်းတွေနဲ့အတူ ရှိနေတာကြောင့် အလည်သွားတာကို မေမေတို့ ကလေးသေးသေးလေး ပျော်ပါလိမ့်မယ်။

၃။ ကလေးနဲ့ အိမ်အလည်သွားတဲ့အခါ အစားကျွေးပါ

တကယ်လို့ မေမေတို့ကလေးက solid food တွေစားနေပြီဆိုရင် သူနှစ်သက်တဲ့ မုန့်တစ်ချို့ ယူသွားနိုင်ပါတယ်။ သူဗိုက်ဆာတဲ့အခါ ကျွေးလို့ရအောင် ကလေးရဲ့ နေ့လယ်စာကိုလည်း ယူသွားပေးပါ။ တကယ်လို့ ကလေးက နို့စို့နေဆဲဖြစ်နေတယ်လို့ သူဗိုက်ဆာတာနဲ့ ချက်ချင်းတိုက်ပါ။ အိမ်ပြန်ရောက်မှ ကျွေးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။

၄။ ဒိုင်ဘာယူသွားဖို့ မမေ့ပါနဲ့

ကလေးတွေနဲ့ အိမ်လည်သွားတဲ့အခါ ဒိုင်ဘာတွေယူသွားဖို့လိုသလို ဒိုက်ဘာလဲဖို့ အခင်းပါ ယူသွားသင့်ပါတယ်။ ညစ်ပေတဲ့ ဒိုက်ဘာတွေ စွန့်ပစ်ဖို့ ပလပ်စတစ်အိတ်တွေ တောင်းပါ။

၅။ ကလေးကို တရေးတမောသိပ်ပါ

ကလေးက ပုခက်နဲ့မှ အိပ်တတ်တယ်ဆိုရင်၊ အထူးသဖြင့် အဲဒီမှာ တစ်နေကုန်နေဖို့ စီစဉ်မယ်ဆိုရင် အိမ်ကနေ သယ်သွားလို့ရမယ့် ပုခက်ယူသွားတာက ကောင်းပါတယ်။ နောက်ရွေးချယ်စရာတစ်ခုက ကလေးကို လက်ပေါ်မှာ သိပ်တာပဲဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom.

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here