ကလေးနှင့်အတူ အားကောင်းသော ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မယ့် နည်းလမ်း (၅) ချက်

0
2128
- Advertisement -

မိခင်နှင့်ကလေးဆက်ဆံရေးမှာ စိတ်သဘောထားတွေပွင့်လင်းနေစေဖို့၊ အချိန်ပေးနိုင်ဖို့နှင့် သင်ယူဖို့၊ လိုက်လျောညီထွေဖြစ်ဖို့တွေ အရေးကြီးပါတယ်။ ဟုတ်ကဲ့ ဒီနေရာမှာ မိခင်နဲ့ ဆက်ဆံရေးမှာ ရင်းနှီးနွေးထွေးစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ယုံကြည်မှုကို တည်ဆောက်ပါ

မိခင်နဲ့ကလေး ဆက်ဆံရေးတည်ဆောက်ရာမှာ အရေးကြီးတဲ့ပထမအချက်တစ်ချက်အနေနဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ ပြောချင်ပါတယ်။ ကလေးတော်တာ်များများက သူတို့အကြောင်းနားလည်ပြီး သူတို့ကို ယုံကြည်ပေးမယ့် မိဘမျိုးကို လိုအပ်ကြတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို မယုံကြည်ဘဲ အင်မတန်စပ်စုလွန်းပြီး ပွစိပွစိနဲ့ ပြဿနာရှာနေမယ်ဆိုရင် ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ မလွယ်ကူပါဘူး။

- Advertisement -

ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို တည်ဆောက်ပေးပါ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားပါ။ ဝင်စွက်ဖက်တာမျိုးရှောင်ပါ။ ကလေးက သင့်ကို ယုံကြည်ပြီးပြောပြတဲ့ သူတို့အကြောင်းတွေကို လျှို့ဝှက်သင့်တာ လျှို့ဝှက်ပါ။

၂။ လူမှုဆက်ဆံရေးမှာ ချိတ်ဆက်မှုရှိခြင်း

ဘယ်လိုကျန်းမာတဲ့ဆက်ဆံရေးမျိုးအတွက်မဆို အခြေခံအစက မိဘနဲ့ သားသမီးဆက်ဆံရေးကနေ လာပါတယ်။ မိဘနဲ့ သားသမီးအကြားမှာ အပြန်အလှန်စကားပြောဆိုမှုနှင့် ချိတ်ဆက်မှုကလည်း အင်မတန်အရေးကြီးပါတယ်။ သင့်ကလေး သဘောကျပြီး နှစ်သက်တဲ့အရာတွေကို အတူတူလုပ်ပေးပါ။ ၎င်းက မုန့်ဖုတ်အတူဖုတ်ခြင်း၊ စက်ဘီးအတူစီးခြင်း နောက်ဆုံး ငါးအတူမျှားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုအတူတူတစ်ခုခုလုပ်နေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စိတ်ကူးအယူအဆတွေကို ဆွေးနွေးပါ။ ဒီလိုနည်းနဲ့ပဲ သန်မာအားကောင်းသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပါ။

၃။ အချစ်တွေကို ပြပါ

ကလေးတွေရဲ့ ငယ်ဘဝစတိတ်စင်မှာ သူတို့ဟာ သူတို့မိဘတွေရဲ့ အချစ်ခံခဲ့ရတယ်ဆိုတာ သေချာဖို့လိုပါတယ်။ တစ်ချို့မိဘတွေက ကလေးတွေကို ချစ်ပေမယ့် ကလေးတွေကို မြင်အောင်မပြတတ်တဲ့ မိဘတွေလည်းရှိပါတယ်။ ကလေးတွေကို ချစ်တာ မရှက်ပါနဲ့။ ကလေးတွေနဲ့ နူးညံ့ညင်သာတဲ့စကားတွေပြောဖို့ မရှက်ပါနဲ့။ အတူတူကစားပေးဖို့ မရှက်ပါနဲ့။

၄။ သူတို့ပြဿနာတွေကို ပြောပြတတ်ဖို့ တွန်းအားပေးပါ

သူတို့လုပ်နေတဲ့အရာတွေကို ဘာဆိုဘာမှမသိတဲ့ အေးဆေးလွန်းတဲ့ မိဘမဖြစ်ပါစေနဲ။ အဲ့ဒီ့အစား သူတို့ကိုယ်သူဖော်ပြတတ်ဖို့ တွန်းအားပေးပါ။ ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ပြဿနာတွေဖြစ်လာတဲ့အခါ သူ့ကို ဝန်းရံပေးပါ။ ကူညီဖြေရှင်းပေးပါ။ no လို့ ပြောတတ်ဖို့ သင်ပေးပါ။ ကိုယ်ပိုင်နယ်နိမိတ်များဖန်တီးပါ။

၅။ ကိုယ်ပိုင်နယ်နိမိတ်များ သတ်မှတ်ပါ

မိဘနှင့် ကလေးတွေကြားထဲက ဆက်ဆံရေးကို အလွဲသုံးစားမလုပ်မိစေဖို့ ကန့်သတ်ချက်တစ်ချို့ထားသင့်ပါတယ်။ သင့်ကလေးကို လိုက်နာသင့်သော စည်းကမ်းများထားပါ။ အရာအားလုံးကို လိုက်လျောဖို့ မပြောပါနဲ့။ လိုက်နာရမယ့်စည်းကမ်းတွေရှိကြောင်း ကလေးသိပါစေ။ စည်းကမ်းမလိုက်နာတဲ့ အကျိုးဆက်တွေကိုလည်း ကလေးနားလည်ထားပါစေ။ သူတို့ကို အမြဲတမ်းသက်တောင့်သက်သာအခြေအနေမှာပဲ မထားပါနဲ့။

Lifestyle_Myanmar

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here